ဂျပန်တွင် တိုယိုတာ ခရောင်း မော်ဒယ်သစ် နှစ်မျိုး စတင်ရောင်းချ

၅၈ နှစ် သက်တမ်းရှိပြီ ဖြစ်တဲ့ တိုယိုတာ ခရောင်းက ကမ္ဘာမှာတင်မက ပဲ၊ ပြည်တွင်း ဂျပန်မှာတော် အတော်လေး ရေပန်းစားတဲ့ ကား ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ လကုန်ခါနီးကပဲ မိတ်ဆက်ပြီး ယခု ဇန်နဝါရီမှာ စတင် ရောင်းချပြီ ဖြစ်ပါတယ်။ ခရောင်း (Crown) ကို နှစ်မျိုးနှစ်စား ထုတ်လိုက်ပါတယ်။ Toyota Crown Royal Saloon နဲ့ Toyota Crown Athlete တို့ ဖြစ်ပါတယ်။ နှစ်မျိုးလုံးကို ဟိုင်းဘရစ်ဗားရှင်းနဲ့ ရနိုင်ပါတယ်။

Crown Royal

တော်ဝင် ခရောင်းကတော့ အရင့်အရင်က ထုတ်လုပ်နေကျနဲ့ မကွဲပဲ နာမည် အသက်ဆက်တဲ့ ဆလွန်း ဖြစ်ပါတယ်။ အင်ဂျင်ပါဝါ ၂၅၀၀ စီစီ၊ ဆလင်ဒါ ၆လုံးပူး V အင်ဂျင် ဖြစ်ပါတယ်။ မြင်းကောင်ရေအား ၁၇၆ ထုတ်လုပ်နိုင် တဲ့တဲ့ ကန်မရီ ဘက်ထရီလည်း ပါဝင်အားဖြည့်ထားပါသေး တယ်။ ဒီတော့ စုစုပေါင်း မြင်းကောင်ရေအား ထုတ်လုပ်နိုင်မှုက ၃၀၀ ကျော်သွားပါတယ်။ Lexus ES နဲ့ Performance ချင်း သိပ်မကွာတဲ့အတွက် ဇိမ်ခံဆလွန်းဆိုရင် ခရောင်းကလည်း ထပ်ရွေးချယ်စရာ အသစ်တစ်ခု ဖြစ်လာမယ်လို့ တာဝန်ရှိသူ တစ်ဦးက ပြောကြားပါတယ်။ အပေါ်က ပုံကတော့ တိုယိုတာ တော်ဝင် ခရောင်း (Toyota Crown Royal) ဖြစ်ပါတယ်။

Crown Royal မှာကိုမှာ ရိုးရိုး Royal နဲ့ Royal G ဆိုပြီး နှစ်မျိုးတောင် ထုတ်ထားပါသေးတယ်။ G ပါတာက ပစ္စည်းပိုစုံပြီး ဟိုင်းဘရစ်အင်ဂျင်သုံး ကား ဖြစ်ပါတယ်။

Crown Athlete

Athlete ဆိုတော့ အားကစားသမားလို့ တိုက်ရိုက် ဘာသာပြန်နိုင်ပါတယ်။ သို့ပေမယ့် ဒီမှာတော့ အားကစားသမားကိုဆိုခြင်း မဟုတ်ပဲ ဒီ တိုယိုတာ ခရောင်း ဆလွန်းက ဝါရင့် အားကစား သမား တစ်ဦးလိုပဲ လျင်မြန်၊ သန်မာ တယ်ဆိုတဲ့ သဘောကို သိစေလိုတဲ့အတွက် Crown Athlete လို့ အမည်ပေးထားခြင်း ဖြစ်ပါတယ်။ ပုံစံကလည်း ခရောင်း ရွိုင်ရယ်နဲ့ မတူတော့ပါဘူး။ အောက်ပုံက ကား ဖြစ်ပါတယ်။ အင်ဂျင်ပါဝါ ၃၅၀၀ စီစီ၊ ဆလင်ဒါ ၆လုံးပူး V အင်ဂျင်ဖြစ်ပြီး ဟိုင်းဘရစ် ဘက်ထရီနဲ့ပါ ပေါင်းရင် သူက Crown Royal ထက် ပိုအားကောင်းသွားပါတယ်။ Athlete က ဇိမ်ခံ ဆလွန်းပုံစံထက် ဇိမ်ခံဆလွန်း-ပြိုင်ကား နည်းနည်း ဆန်ပါတယ်။

Athlete မှာလည်း ဟိုင်းဘရစ်နဲ့ ရိုးရိုးထပ်ခွဲတာကြောင့် Athlete နဲ့ Athlete G ဆိုပြီး နှစ်မျိုးကွဲသွားပါသေးတယ်။

ဈေးနှုန်း

ဂျပန်ယမ်းနဲ့ဖော်ပြချက်ကို အမေရိကန်ဒေါ်လာ သို့ ပြောင်းလိုက်ရင် ရိုးရိုး Royal က ဒေါ်လာ ၄၀၉၈၃ ၊ Royal G က ၆၂၂၂၅၊ Athlete ရိုးရိုးက ၄၁၄၃၈၊ Athlete G က ၆၃၀၂၈ ဒေါ်လာ စီ တန်ဖိုး အသီးသီး ရှိပါတယ်။

ဂျပန်နိုင်ငံမှာ စတင်ဖြန့်ချိနေပြီ ဖြစ်ပြီး ကမ္ဘာ့အနှံ့လည်း ဖြန့်ချိ ရောင်းချတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။
--
Ref: Toyota
http://www.colayonline.com.mm/automobile

Aung Kham (TSJ team)
မှ TechSpace Journal


SHARE THIS