ဘရာဇီးနှင့် ခြေစမ်းပွဲ ပျက်ပြယ်

ရန်ကုန်၊ ဇန်န၀ါရီ ၅။

လာမည့် ဇန်န၀ါရီလ ၂၃ ရက်နေ့တွင် မြန်မာနိုင်ငံ၌ ကစားမည့် မြန်မာ လက်ရွေးစင်ဟောင်းများ အသင်းနှင့် ဘရာဇီး လက်ရွေးစင်ဟောင်း များအသင်းတို့ ခြေစမ်းပွဲ ပျက်ပြယ်သွားပြီဖြစ်ကြောင်း မြန်မာနိုင်ငံ
ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“သူတို့ရဲ့ ကစားသမားတွေကို စုဆောင်းတာ အဆင်မပြေတဲ့အတွက်ကြောင့် အခုလို ဖျက်သိမ်းလိုက်တာပါ”ဟု ၎င်းက ပြောကြားသည်။

မြန်မာငွေခေတ် ကစားသမားများမှာ အဆိုပါပွဲစဉ်အတွက် စုဖွဲ့လေ့ကျင့်
မှုများ ပြုလုပ်နေပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံတစ်ခုတည်း ပွဲစဉ်ဖျက်သိမ်း ခဲ့ရခြင်း မဟုတ်ဘဲ ထိုင်း၊ မလေးရှား အစရှိသော နိုင်ငံများသို့ သွားရောက်
ခြေစမ်းမည့် ပွဲစဉ်များပါ ဖျက်သိမ်းလိုက်ရခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ
ဘောလုံးအဖွဲ့ချုပ် မီဒီယာ ဒါရိုက်တာ ဦးစိုးမိုးကျော်က ပြောကြားသည်။

ဘရာဇီးလက်ရွေးစင်ဟောင်းများအသင်းမှာ 2013 Asia Tour အနေဖြင့် ခရီးစဉ်တစ်ခု ရေးဆွဲကာ အာရှနိုင်ငံများသို့ ခြေစမ်းပွဲလာရောက် ကစားရန် စီစဉ်ခြင်းဖြစ်ကြောင်းလည်း သိရသည်။

ဟိန်းသူ

အေးချမ်းမွန်မှ The Myanma Age တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

SHARE THIS