ထက်အောင်ခန့် (မြစ်မခ)
by Myit Makha Mediagroup on 8 Jan, 2013
by Myit Makha Mediagroup on 8 Jan, 2013
မိုးထိမိုးမိရွှေလုပ်သားတစ်သိန်းကကျော်အနေဖြင့်
စာချုပ်သက်တမ်းကုန်ဆုံးသွားပါက အမျိုးသား ကြီးပွားတိုးတက်ရေးကုမ္ပဏီပိုင်
လုပ်ကွက်များ၌ ဆက်လက်လုပ်ကိုင်ရန် ခက်ခဲသွားမည်ဖြစ်ကြောင်း
ရွှေလုပ်သားများထံက သိရသည်။
“ရွှေမြင်တင်စာချုပ်မှာ
(၈)လ စာချုပ်ရှိတယ်။ တစ်နှစ်စာ ချုပ်ရှိတယ်။ သက်တမ်းတိုးပေးဖို့ ဆိုတာ
ရှိတယ်။ သက်တမ်းတိုး ဖို့ဆိုတာကိုတော့ ကျွန်တော်ကတော့ မမြင်ဘူး။
သက်တမ်းတိုးပေးဖို့ အစီ အစဉ်ရှိတယ်ဆိုရင် ပြေလည်အောင်ညှိနှိုင်းလို့ရတယ်။” ဟု ရွှေလုပ်သားတစ်ဦးက ပြောသည်။
စာချုပ်သက်တမ်းကုန်ဆုံးသွားပါက
မိုးထိမိုးမိရွှေလုပ်သားများအား သတ္တုတွင်းဝန်ကြီးဌာနမှတစ်ပိုင်
တစ်နိုင်လုပ်ကွက်များ ချထားပေးမည်ဟု နှုတ်ကတိပေးခဲ့ပြီး
ကတိပေးထားသည့်အတိုင်း ပြုလုပ် ပေးမည်ကို ယုံကြည်မျှော်လင့်ကြောင်း
ရွှေလုပ်သားတို့က ဆိုသည်။
“ကျွန်တော်တို့ကိုသတ္တုတွင်းဝန်ကြီးဌာနက
ဦးအေးသော်က တစ်ပိုင်တစ်နိုင်လုပ်ကွက်ချထား ပေးမယ်လို့ အတိအလင်းတော့
မကြေငြာဘူး။ ရေနီမှာတော့ နှုတ်ကတိပေးထားတယ်။ သူတို့က လူကြီးလူကောင်းဆိုတော့
မှန်ကန်မယ်လို့ ထင်တယ်။ ” ရွှေလုပ်သားတစ်ဦးဖြစ်သူ ကိုလေးမှ ပြောသည်။
မိုးထိမိုးမိရွှေလုပ်သားများအား ဇန်န၀ါရီလ (၃) ရက်နေ့တွင် ရေတာရှည်မြို့နယ်တရားရုံးမှ ပုဒ်မ ၅၀၅ (ခ) နိုင်ငံတော် အကြည်ငြိုပျက်စေမှုဖြင့် ထောင်ဒဏ် (၆) လ ၊ပုဒ်မ (၁၈) တရားမ၀င်စီတန်းလှည့်လည် မှုအတွက် ဒဏ်ငွေ တစ်သောင်းချမှတ်လိုက်ကြောင်း သိရသည်။
ဇန်န၀ါရီလ(၉)ရက်နေ့တွင် တရားစွဲဆိုခံရသော ရွှေလုပ်သား (၃၆) ဦးအတွက် ရွှေလုပ်သားများက ကုမ္ပဏီနှင့် ညှိနှိုင်းမည် ဖြစ်ကြောင်း သိရှိရသည်။
ရွှေလုပ်သားများအနေဖြင့် အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီရှေ့တွင်
သုံးကြိမ်မြောက် ဆန္ဒထုတ် ဖော်ပြီးနောက် ကုမ္ပဏီမှ၎င်းတို့နှင့်
ညှိနှိုင်းခဲ့ခြင်းမရှိသဖြင့် နိုဝင်ဘာ (၈) ရက် နေ့က ရန်ကုန်မှ
နေပြည်တော်သို့ လမ်းလျှောက် ချီတက်ဆန္ဒထုတ်ဖော်ခဲ့သည်။
ရွှေလုပ်သားများသည်
စာချုပ်သက်တမ်းကုန်ဆုံးပါက ကုမ္ပဏီ၌ ဆက်လက် လုပ်ကိုင်ခွင့်ရရှိတော့
မည်မဟုတ်ပဲ ရွှေလုပ်ကွက်များမှ ထွက်ပေးရမည်ဖြစ်ကြောင်းသိရှိရသည်။
“သူတို့ကိုဆက်လက်လုပ်ကိုင်ခွင့်ပေးတော့မှာမဟုတ်ဘူး။
ရွှေလုပ်ကွက်တွေမှာ ဆက်လက် လုပ်ခွင့်မရှိတော့ဘူ။ သူတို့တွေက
ရွှေလုပ်သားတွေကိုဖယ်ပြီး နိုင်ငံခြားကုမ္ပဏီတစ်ခုနဲ့လုပ်မယ်လို့ ရွှေလုပ်သားတွေပြောလို့ အကြမ်းဖျင်းသိရတယ်။ သူတို့က သူတို့လုပ်ကွက်တွေကိုပြန်လုပ်ချင်တယ်။ အဲ့ဒီမှာ မှီခိုသူတွေလည်း အများကြီးရှိတယ်။ ” ဟု အလုပ်သမားအရေးဆောင်ရွက်ပေးနေသူ ဦးဌေးက ပြောသည်။
မိုးထိမိုးမိဒေသတွင် ရွှေလုပ်သားများအား မှီခိုနေထိုင်သူ တစ်သိန်းကျော်ရှိကြောင်းကိုလည်း သိရ သည်။