၁၂ တန်း ပညာရေး (ဧကဒဿမတန်း) ကို ၂၀၁၆-၁၇ ပညာသင်နှစ်တွင် စတင်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြိးဌာန ဒုတိယဝန်ကြီး ဦးအေးကြူက ပြောကြားလိုက်သည်။ ဦးအေးကြူက “အခု ၂၀၁၂-၁၃ ပညာသင်နှစ်က သတ္တမတန်း ကျောင်းသားတွေက ၂၀၁၆-၁၇ ပညာသင်နှစ်မှာ ဧကဒဿမတန်းကို သင်ကြားရမှာ ဖြစ်တဲ့အတွက် ဒီကြားထဲမှာ လစ်လပ်နေတဲ့ အချိန်တွေမှာ တိုးမြှင့်သင်ကြားမယ့် ပညာရေး စနစ်အတွက် အဆင်သင့်ဖြစ်အောင် ပြင်ဆင်ကြရမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။ အဆိုပါစနစ် စတင်နိုင်ရန်အတွက် သင်ရိုးညွှန်းတမ်း ဖြည့်စွက်ပြင်ဆင် ရေးဆွဲနေပြီဖြစ်ကာ ယင်းနှင့်စပ်လျဉ်း၍ မကြာမီ ရောက်ရှိတော့မည့် ကျောင်းပိတ်ရက် ကာလများအတွင်း၌ သင်ကြားရေးဆရာ၊ ဆရာမများအား သင်တန်းပို့ချပေးရန်လည်း စီစဉ်နေပြီဖြစ်ကြောင်း သိရသည်။ ဒုတိယဝန်ကြီးက “ဘီအီးဒီ သင်တန်းကလဲ ငါးနှစ် ဖြစ်သွားပြီဆိုတော့ ဒီငါးနှစ်အတွင်းမှာ ဘီအီးဒီတက်နေတဲ့ ဆရာ၊ ဆရာမတွေကို ဧကဒဿမတန်း သင်ရိုးတွေကိုပါ ထည့်သွင်းပို့ချသွားမှာပါ။ သင်ရိုးတွေကိုလဲ ရှစ်တန်း၊ ကိုးတန်း၊ ဆယ်တန်း သင်ရိုးတွေကို အဆင့်မြှင့်ပြီး နိုင်ငံတကာ အဆင့်မီစေနိုင်ဖို့အတွက် ပညာရှင်တွေက ဆွေးနွေးရေးဆွဲသွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။ ယင်းသို့ ပညာသင်နှစ်တစ်နှစ် ထပ်မံတိုးမြှင့်မည် ဖြစ်သည့်အတွက် လက်ရှိတိုးချဲ့ရန် လိုအပ်သည့် ကျောင်းအဆောက်အအုံများကို တိုးချဲ့ခြင်း၊ အချို့အဆင့်မြှင့်ရန် လိုအပ်သည့် ကျောင်းများအား အဆင့်မြှင့်တင်ခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ “ဘီအီးဒီ ဆရာ၊ ဆရာမတွေတင် မဟုတ်ဘဲ သင်ကြားရေးပိုင်းမှာ အတွေ့အကြုံရှိပြီးသား ဆရာ၊ ဆရာမတွေကိုလဲ သင်တန်းပေးသင့်တယ်။ သင်ရိုးညွှန်းတမ်းတွေ ထပ်ဖြည့်မယ်ဆိုတာလဲ အရမ်းကောင်းတယ်။ အခုခေတ် ကလေးတွေက စာဖတ်အားလဲ အရမ်းနည်းတယ်။ ဝါကျတောင် ကောင်းကောင်း မဖွဲ့တတ်ကြဘူး။ အင်္ဂလိပ်စာဆိုရင်လဲ လက်ရှိနိုင်ငံတကာမှာ အသုံးဝင်မယ့် မော်ဒန် စာပေတွေကို ထည့်ပေးသင့်တယ်။ ဆရာ၊ ဆရာမတွေရဲ့ သင်ကြားမှုစနစ် လွဲနေတာတွေကိုလဲ တွေ့ရတယ်။ သင်တန်းမှာ သင်ကြားရေးပိုင်းကအစ စနစ်တကျ ပို့ချသင့်တယ်” ဟု မြစ်သားမြို့နယ်မှ အထက်တန်းပြ ဆရာမဖြစ်သူ ဒေါ်နီလာက ပြောကြားခဲ့ကြောင်း ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။
Ref: Khit Lu Nge
မှ Yatanarpon Call Center
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
ပုဂ္ဂလိကကျောင်းများတွင်နိုင်ငံတကာသင်ရိုးများသင်ကြားနိုင်ရန်ဆောင်ရွက်လျက်ရှိ Friday, 12 July 2013 ရှမ်းပြည်နယ်ရှိ ပုဂ္ဂလိကကျောင်းများတွင် နိုင်ငံတကာအသိအမှတ်ပြု စင်္ကာပူေ
အဝေးသင်ဘာသာရပ်များ အားလုံး အွန်လိုင်းမှပင် သင်ကြားနိုင်တော့မည် အဝေးသင်ဘာသာရပ်များ အားလုံး အွန်လိုင်းမှပင် သင်ကြားနိုင်တော့မည် အဝေးသင်ဘာသာရပ်များ အားလုံး အွန
လိုအပ်ချက်များစွာရှိနေသည့် ရေတံခွန်တောင်ဘုန်းတော်ကြီးသင်ကျောင်း မောင်ယဉ်ကျော်-မန္တလေး(မြစ်မခ) မန္တလေးမြို့အရှေ့ဘက် ရေတံခွန်တောင်အနီးရေကြည်ကျေးရွာ၌ တည်ရှိသော ရွှေ
ကိုယ်ပိုင်ကျောင်း တည်ထောင် ကိုယ်ပိုင် ကျောင်းဆရာ လျှောက်ထားနိုင် ၂၀၁၃-၂၀၁၄ ပညာသင် နှစ်အတွက် ကိုယ်ပိုင် ကျောင်းများကို တည်ထောင် ဖွင့်လှစ်ခွင့် ပြုမည်ဖြစ်ရာ က
အခြေခံပညာ အဋ္ဌမတန်းအောင်မြင်သူများ အစိုးရနည်းပညာအထက်တန်းကျောင်းများ တက်ရောက်နိုင် Sunday, May 26, 2013 သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အစိုးရနည်းပာာအထက်တန်းကျောင်းများကို ယခုနှစ်
နိုင်ငံတကာမှ အဖွဲ့ဝင်နိုင်ငံများ ပါဝင်သည့် BIMSTEC ဆွေးနွေးပွဲ အခမ်းအနားကို ဒဂုံတက္ကသိုလ်၌ ပထမဆုံးအကြိမ် ကျင်းပ Sunday, May 19, 2013 BIMSTEC အဖွဲ့ဝင် နိုင်ငံများ ပါဝင်သည့် Curtain Raiser on BIMSTEC ဆွေ
Previous Post
ဂဏန်းစတိုင်အက အစ ဘယ်သူက
ဂဏန်းစတိုင်အက အစ ဘယ်သူက
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)