January 10, 2013 at 10:03 am
ထွန်းထွန်း
မြန်မာနဲ့ ဘင်္ဂလာဒေခ်ျ့ကို နယ်စပ် မျဉ်းအဖြစ် ပိုင်းခြားထားတဲ့ နတ်မြစ်အတွင်း မြန်မာ နယ်ခြားစောင့် တပ်ဖွဲ့ နစကကနေ ၀င်ရောက် သေနတ် ပစ်ခတ်တဲ့ အတွက် ဘင်္ဂလာဒေခ်ျ့နိုင်ငံသား တစ်ဦး ပျောက်ဆုံးနေတယ်လို့ ကော့စ်ဘဇားခရိုင်ထုတ် ဒေသသတင်းစာ တစ်စောင်က ဒီကနေ့မှာ ရေးသား ဖေါ်ပြပါတယ်။
မြန်မာ တပ်ဖွဲ့ဟာ ဘင်္ဂလာဒေခ်ျ့ ရေပိုင်နက်ထဲထိ ၀င်ရောက်လာပြီး ပစ်ခတ်တဲ့ အတွက် ကဏန်း ရှာဖွေနေတဲ့ ဘင်္ဂလားဒေ့ခ်ျနိုင်ငံသား ၃ဦးထဲက တစ်ဦး ပျောက်ဆုံးနေတယ်လို့ သတင်းစာက ပြောပါတယ်။
မြစ်ထဲကို ခုန်ဆင်း ထွက်ပြေးကြရာမှာ ကဏန်းရှာသူ မိုဟာမတ်ဖားရူး (၁၈)နှစ် (ဘ) ဆွဲယောက်အာဟာမတ်ရဲ့ သားဟာ ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။
အခု ပြဿနာ ဖြစ်ပွားတဲ့ နေရာဟာ မောင်တောမြို့နယ်နဲ့ မျက်နာချင်းဆိုင် တက်ကနက်မြို့နယ် နီလာဒေသမှာ ဖြစ်ပါတယ်။
ဖြစ်ပွားတဲ့ အချိန်က ဇန္န၀ါရီ ၉ရက်နေ့ ည ၄နာရီမှာ ဆိုပါတယ်။
နစက တပ်ဖွဲ့က တပ်ဖွဲ့ဝင် ၅ ဦးက လာရောက်ပစ်ခတ်သွားတယ်လို့ သတင်းစာက စွပ်စွဲ ပြောဆိုပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်၍ တက်ကနက် အခြေစိုက် ဘင်္ဂလားဒေ့ခ်ျ နယ်ခြားစောင့် (BGB) အမှတ် (၄၂) တပ်ရင်းက မြန်မာဘက်ကို အခုအချိန်ထိ တစုံတရာ တုန့်ပြန်ပြောဆိုတာ မရှိသေးဘူးလို့လည်း ဆိုပါတယ်။
နတ်မြစ်ဟာ နှစ်နိုင်ငံ အကြားမှာ တည်ရှိတဲ့ အတွက် ဘင်္ဂလားဒေ့ခ်ျဘက်က ငါးဖမ်းသမားတွေဟာ မကြာခဏဆိုသ လို မြန်မာရေပိုင်နက်ထဲ ကျူးကျော် ၀င်ရောက် ငါးဖမ်း၊ ကဏန်းရှာ ပြုလုပ် တတ်တာကြောင့် နစက တပ်ဖွဲ့က သေနတ် ပစ်ခတ် ဖမ်းဆီးတာတွေ မကြာခဏ ဖြစ်လေ့ရှိတယ်လို့ နယ်စပ် မှာ တည်ရှိတဲ့ ဘင်္ဂလာဒေခ်ျနိုင်ငံ မြစ်နားရွာက အမည်မဖေါ်လိုသူ တဦးကပြောပါတယ်။
နိရဉ္စရာ
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
ငြိမ်းချမ်းရေးအတွက် ပြည်ပထောက်ပံ့ငွေကို အဓိကမထားဖို့ ဆုံးဖြတ် Wednesday, July 03, 2013 မနေ့ကကျင်းပခဲ့တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအေ
ဆိပ်ကမ်းနှင့် လေဆိပ်များတွင် တရားမဝင် ကုန်သွယ်မှု စတင်စစ်ဆေးမည် Sunday, June 23, 2013 ဆိပ်ကမ်းနှင့် လေဆိပ်များတွင် တရားမဝင် မှောင်ခို ကုန်သွယ်မှုများကို စ
ရခိုင်ပြည်နယ် လ.ဝ.က ဒု-ပြည်နယ်မှူး (ငြိမ်း) ဦးသာမြ နှင့် တွေ့ဆုံခြင်း မေး။ ။ မင်္ဂလာပါဆရာကြီး။ ဆရာကြီးက ရခိုင်ပြည်နယ် လ.ဝ.က မှာ အချိန်အကြာကြီး တာဝန်ထမ်းဆောင်ခဲ့ဖူ
မန္တလေး မြို့ပြင် လယ်မြေ တစ်ဧက ကျပ် သိန်း တစ်ထောင်ခန့်အထိ ဈေးမြင့် မန္တလေးတိုင်းဒေသကြီး မန္တလေး မြို့ပြင်ရှိ လယ်ယာမြေများကို ဝယ်လက် များ အကြိုက်တွေ့နေသဖြင့်
“ရွှေတိဂုံဘုရားပေါ်အထိ ကျူးကျော် စော်ကားလာသော မူဆလင်အမျိုးသမီး” ဒီနေ့ (၁၅-၆-၂၀၁၃)၊ (၁၂း၀၀)နာရီခန့်က ဖြစ်ပါတယ်။ ရွှေတိဂုံဘုရားပေါ်ကို မူဆလင်ဝတ်စုံပြည့် ဝတ်ထားသော
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်လုံခြုံရေး အတွက် တာဝန်ယူမည့် အဖွဲ့အစည်းသည် နိုင်ငံနှင့် လူမျိုးအပေါ် သစ္စာစောင့်သိရန် ဒေသခံများ မျှော်လင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်လုံခြုံရေး အတွက် တာဝန်ယူမည့် အဖွဲ့အစည်းသည် လာဘ်ပေးလာဘ်ယူမှု ကင်း
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)