အမေရိကန် နိုင်ငံတွင် ဆယ်စုနှစ် တစ်ခုအတွင်း အပြင်းထန်ဆုံး တုပ်ကွေးရောဂါ
ကူးစက်ပျံ့နှံ့မှုနှင့် ရင်ဆိုင်နေရကြောင်း သိရှိရသည်။ ဘော်စတွန်မြို့နှင့်
အနီးတဝိုက်တွင် ပြည်သူ့ ကျန်းမာရေး အရေးပေါ် အခြေအနေတစ်ရပ်
ကြေညာထားရကြောင်းလည်း သတင်းများက ဆိုသည်။
ယင်းတုပ်ကွေးသည် လူပေါင်း တစ်ဒါဇင်ထက် မနည်းကို သေဆုံးစေခဲ့ပြီး အဖျားဝေဒနာ ခံစားနေရသူလည်း ရာပေါင်းများစွာ ရှိနေခဲ့သည်။ ဖလော်ရီဒါမှ မိန်းထိ အရေးပေါ် ကုသမှုများ စီစဉ်ပေးထားပြီး တုပ်ကွေး လက္ခဏာ ပြသနေသူ လူမမာများကို လက်ခံပေးနေရသည်။
ဘော်စတွန်တွင် ပြီးခဲ့သည့်နှစ် ဇန်နဝါရီက တုပ်ကွေး ဝေဒနာသည် (၇၀)မျှသာ ရှိခဲ့သော်လည်း ယခုနှစ်တွင်မူ တုပ်ကွေးဖြစ်ပွားမှု (၇၀၀)ကျော်နေခဲ့ပြီး မက်ဆာချူးဆက်တွင် အသေအပျောက် (၁၈)ဦးမျှ ရှိနေပြီဟု သိရသည်။
Read more soon www.planet.com.mm