Friday, 11 January 2013
ရောဘတ် ပက်တင်ဆန်နှင့် ခရစ္စတန် စတီးဝပ်တို့၏ ဆက်ဆံရေးသည် တင်းတင်းမာမာ အခြေအနေမျိုးတွင် ရှိနေကြောင်း သိရှိရသည်။
Twilight ဇာတ်လမ်းတွဲများ ရိုက်ကူးရင်း ချစ်ကြိုက်ခဲ့သော ဟောလီးဝုဒ် ကြယ်ပွင့် နှစ်ဦးသည် ခရစ္စတန်၏ ဇာတ်ရှုပ်မှုကြောင့် ယာယီ လမ်းခွဲ
ဖြစ်ခဲ့သေးသည်။
ပြီးခဲ့သည့် နှစ်အတွင်းက ခရစ္စတန်သည် Snow White and Huntsman ဇာတ်ကားမှ ဒါရိုက်တာ ရူးပတ်ဆန်းဒါးစ်နှင့် အတန်ငယ် ငြိစွန်းခဲ့သည်။
အိမ်ထောင်သည် တစ်ဦးဖြစ်သော ရူးပတ်နှင့် ခရစ္စတန်တို့၏ ကိစ္စ လူသိရှင်ကြား ဖြစ်ခဲ့သည့်နောက် ရောဘတ်က သီးခြား နေထိုင်ခဲ့
သော်လည်း နောက်ပိုင်းတွင် ၎င်းတို့နှစ်ဦး ပြန်တွဲဖြစ်ခဲ့သည်။
သို့သော်လည်း လက်ရှိ အခြေအနေတွင်မူ အဆိုပါ စုံတွဲ၏ ဆက်ဆံရေးသည်
အေးခဲ တင်းမာမှု ကြီးမားနေရာ မိတ်ဆွေများက စိုးရိမ်နေကြောင်း သိရှိရသည်။
Planet Myanmar Network