ဩစေၾတးလ် နိုင်ငံသို့ ဦးတည်လာသော နာရယ်လီ မုန်တိုင်းသည် ယခုအခါ ဆိုင်ကလုန်း အဆင့်ထိ အားကောင်းလာနေကြောင်း သိရှိရသည်။ သို့သော်လည်း အပူပိုင်း မုန်တိုင်းအဆင့်မှ တဖြည်းဖြည်း အားကောင်းလာသည့် အဆိုပါ ဆိုင်ကလုန်းသည် အနောက် ဩစတြေးလျ ကမ်းခြေသို့ တိုက်ရိုက် ဝင်ရောက်ဖွယ် မရှိကြောင်း ရာသီဥတု လေ့လာရေး ပညာရှင်များက ဆိုသည်။
မည်သို့ပင်ဖြစ်စေ မုန်တိုင်း၏ အရှိန်ကြောင့် ဩစတြေးလျ အနောက်ဘက် ကမ်းခြေ မြောက်ပိုင်း ဒေသများတွင် အင်အားပြင်းထန်သော လေစီးကြောင်းများ တိုက်ခတ်နိုင်ကြောင်း သတိပေးထားသည်။ ထို့ကြောင့် မုန်တိုင်း သက်ရောက်နိုင်သော ဒေသများတွင် အပြာရောင်အဆင့် သတိပေးချက်ကို ထုတ်ပြန်ထားကြောင်းလည်း သိရသည်။
Read more soon www.planet.com.mm