နေပြည်တော်၊ ဇန်န၀ါရီ - ၉
တိုင်းဒေသကြီးနှင့် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့များ၏ လုပ်ပိုင်ခွင့်များကို ကန့်သတ်ထားသည့် ၁၉၉၃ ခုနှစ် စည်ပင်သာယာရေးဥပဒေအား ရုတ်သိမ်းရန် အဆိုကို ပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်ပြီးမှသာ
ဆုံးဖြတ်သင့်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော် ပထမအကြိမ် ဆဋ္ဌမပုံမှန်အစည်းအဝေးတွင် ပြောသည်။
ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦးက ၁၉၉၃ ခုနှစ် စည်ပင်သာယာရေး ဥပဒေသည် လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေနှင့်
ကိုက်ညီမှုမရှိဘဲ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်များကသာ စည်ပင်သာယာရေးဆိုင်ရာ ကိစ္စရပ်များကို ဥပဒေပြုခွင့်ရှိသဖြင့် အဆိုပါ ဥပဒေဆက်လက်တည်ရှိရန်မသင့်သဖြင့် ရုတ်သိမ်းပေးပါရန် အဆိုတင်သွင်းသည်။
“ဒီကိစ္စနဲ့ပက်သက်ပြီးတော့ ဥပဒေကြမ်းကော်မတီနဲ့ သက်ဆိုင်ရာပညာရှင်တွေဆွေးနွေးပြီး ချွင်းချက်အနေနဲ့ လက်ရှိမှာ စည်ပင်ဥပဒေရေးဆွဲပြီး တိုင်းဒေသကြီး၊ ပြည်နယ်တွေအနေနဲ့ အဲဒီဥပဒေအတိုင်းကျင့်သုံးပြီး ရေးဆွဲနေဆဲ ပြည်နယ်၊
တိုင်းတွေအနေနဲ့ ၁၉၉၃ ဥပဒေအတိုင်းပဲ ကျင့်သုံးရမယ်ဆိုတာ ဖြစ်နိုင်မဖြစ်နိုင် ပညာရှင်များနဲ့တိုင်ပင်ပြီးတော့ သုံးသပ်ဆွေးနွေးပြီးမှသာ ဆုံးဖြတ်မှာဖြစ်ကြောင်း လွှတ်တော်ကိုတင်ပြပါတယ်” ဟု သူရဦးရွှေမန်းကပြောသည်။
တိုင်းဒေသကြီးများ၊ ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီတို့မှ သက်ဆိုင်ရာ စည်ပင်သာယာရေး ဥပဒေများကို
ရေးဆွဲပြီးမှသာ ၁၉၉၃ ခုနှစ် စည်ပင်သာယာရေး ဥပဒေကို ရုတ်သိမ်းသင့်ကြောင်း ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာတွင်ဖော်ပြသည်။
နိုင်ငံအတွင်းကျင့်သုံးနေသော စည်ပင်သာယာရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပက်သက်၍ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကလည်း “၁၈၉၈ ခုနှစ်၊ မြန်မာနိုင်ငံအက်ဥပဒေအမှတ် ၃ အရ ပြဋ္ဌာန်းခဲ့တဲ့
မြူနီစီပါယ် အက်ဥပဒေဟာ ၁၉၉၃ ခုနှစ်အထိ တည်ရှိခဲ့ပြီး၊ မြူနီစီပါယ်ကော်မတီမှာ ပြည်သူလူထုအတွင်းက ရွေးကောက်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်များနဲ့ စည်ပင်သာယာရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့သလို၊
မြို့နယ်များမှာ စည်ပင်သာယာရေးကော်မတီကို မြို့နယ်လူထုအတွင်းက ကိုယ်စားလှယ်များ ရွေးကောက်တင်မြှောက် ပါဝင်ဖွဲ့စည်းမှုနဲ့ သီးခြားရပ်တည်ပြီး ပြုပြင်ပြောင်းလဲ ဆောင်ရွက်နိုင်အောင်ဥပဒေ၊
နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ လေ့လာသုံး သပ် ပြင်ဆင်ဆောင်ရွက်ကြဖို့ မှာကြားလိုပါတယ်” ဟု ၂၀၁၂ ခု၊ ဒီဇင်ဘာ ၂၆ ရက်က ပြည်ထောင်စု အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့များ အား ပြောကြားသည့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။
News From 7days news
Photo From EMG
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
ရန်ကုန် လေဆိပ် လုံခြုံရေး နှစ်ဆတိုးမြှင့်မည် Thursday, 11 July 2013 ရန်ကုန်မြို့ရှိ စေတီ၊ ပုထိုးများနှင့် ကျောင်းကန် ဘုရားများတွင်ေ
ဆိပ်ကမ်းနှင့် လေဆိပ်များတွင် တရားမဝင် ကုန်သွယ်မှု စတင်စစ်ဆေးမည် Sunday, June 23, 2013 ဆိပ်ကမ်းနှင့် လေဆိပ်များတွင် တရားမဝင် မှောင်ခို ကုန်သွယ်မှုများကို စ
မြန်မာ့ မိုဘိုင်းဖုန်း ဘ၀ပြောင်းဖို့ အစပျိုးပြီ မြန်မာနိုင်ငံမှာ မိုဘိုင်းဖုန်း ဆက်သွယ်ရေး လုပ်ငန်းလိုင်စင် ရရှိခဲ့ပြီးဖြစ်တဲ့ Telenor နှင
ဘူးသီးတောင်မြို့နယ်လေလံဆွဲဝယ်ပိုင်ခွင့် ရရှိထားမှုအပေါ် ဘူးသီးတောင်မြို့နယ် ပြည် သူလူထုမှကန့်ကွက် သို့ နိုင်ငံတော်သမ္မတကြီးပြည်ထောင်စုသမ္မတမြန်မာနိုင်တော်နေပြည်တော် ရက်စွဲ။ ၂၀၁၃ ခုနှစ်၊ ဇွန်လ
Appleက iPhone 5ကြောင့် သေဆုံးမှု မှန်ကန်လျှင် အဖြစ်မှန်အား ဖော်ထုတ်မည် Appleဟာ မကြာသေးခင်ကေ
ဘင်္ဂလားဒေ့ရှ် အစ္စလာမစ်ခေါင်းဆောင်ကို စီရင်ချက်ချ Tuesday, July 16, 2013 ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ပါကစ္စတန်နိုင်ငံဆီကနေ လွတ်လပ်ရေး တိုက်ပွဲဝင်
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)