ပြည်ပဆော့ဖ်ဝဲကုမ္ပဏီကြီးများဖြစ်သည့် မိုက်ခရိုဆော့ဖ်နှင့်ဂူးဂဲလ်တို့မှ လာရောက်အခြေချလုပ်ကိုင်ရန်အတွက် လေ့လာမှုပြုလုပ်သွားမည်ဟု မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်မှ သိရသည်။
အဆိုပါ ကုမ္ပဏီကြီးများမှ လာရောက်လုပ်ကိုင်ရန်အတွက် မြန်မာနိုင်ငံ၏ နည်းပညာနယ်ပယ် အခြေအနေအားအချိန်ယူ၍ လေ့လာ မှုများ ဦးစွာပြုလုပ်သွားမည် ဖြစ်ပြီး ယင်းအတွက် ဆွေးနွေးပြောဆိုမှုများ ကို ၂ဝ၁၂ ခုနှစ်အတွင်းက ပြုလုပ် ခဲ့ကြောင်း မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်မှ တွဲဖက်အတွင်းရေးမှူး ဦးထွန်းသူရသက်က ပြောသည်။
''နိုင်ငံခြားကုမ္ပဏီကြီးတွေက ရင်းနှီးမြှုပ်နှံမှု လုပ်မယ်ဆိုရင်တော့ ချက်ချင်းမလာတတ်ဘူး။ လေ့လာ တာကို အရင်ဆုံး အချိန်ယူလုပ် တယ်''ဟု အထက်ပါ ပုဂ္ဂိုလ်က ထပ်ပြောသည်။
ယင်းကုမ္ပဏီကြီးများအနေဖြင့် လေ့လာဆဲ အခြေအနေအတွင်း ပြည်တွင်း၌ ဌာနခွဲ ပုံစံမျိုး ဖွင့်လှစ် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရ သည်။''ပြည်တွင်း က ကုမ္ပဏီတစ်ခုနဲ့ တွဲပြီး မိတ်ဖက်ဌာနခွဲ ပုံစံမျိုး တစ်နှစ် သို့မဟုတ် နှစ်နှစ်တွဲလုပ် ဦးမှာပါ''ဟု ၄င်းကထပ်လောင်းပြော သည်။
လက်ရှိတွင် ပြည်တွင်း နည်း ပညာ ကဏ္ဍ၌ ရင်းနှီးမြှုပ်နှံရန် နိုင်ငံငယ်များမှ လာရောက်လေ့လာ မှု ပိုမိုများပြားလျက်ရှိခြင်းကြောင့်
ပြည်ပ ဆော့ဖ်ဝဲ ကုမ္ပဏီကြီးများ အနေဖြင့်လည်း လာရောက် အခြေချလုပ်ကိုင်ရန်
စိတ်ဝင်စား ခြင်းဖြစ်နိုင်ကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာ
လုပ်ငန်းရှင်အသင်းမှ ဦးမင်းဦးက သုံးသပ်သည်။
''နိုင်ငံတကာပြပွဲတွေ လုပ် တယ်ဆိုတာကိုက ပြည်ပ ကုမ္ပဏီ တွေကို ဖိတ်ခေါ်တာမျိုးပါပဲ''ဟု ၄င်းက ထပ်ပြောသည်။ထိုကဲ့သို့ ပြည်ပဆော့ဖ်ဝဲ ကုမ္ပဏီကြီးများ ပြည်တွင်းသို့အခြေ ချ ဝင်ရောက်လာပါက ပြည်တွင်း နည်းပညာနယ်ပယ်၌ သက်ဆိုင်ရာ ကဏ္ဍအလိုက် ကျွမ်းကျင်လုပ်သား များ သတ်မှတ်အဆင့်တစ်ခုအထိ အရည်အချင်းပြည့်မီထားရန် လို အပ်မည်ဖြစ်ကြောင်း နည်းပညာ ကျွမ်းကျင်သူများကသုံးသပ်သည်။
သုတလင်း
မှ Popular Myanmar News Journal
အဆိုပါ ကုမ္ပဏီကြီးများမှ လာရောက်လုပ်ကိုင်ရန်အတွက် မြန်မာနိုင်ငံ၏ နည်းပညာနယ်ပယ် အခြေအနေအားအချိန်ယူ၍ လေ့လာ မှုများ ဦးစွာပြုလုပ်သွားမည် ဖြစ်ပြီး ယင်းအတွက် ဆွေးနွေးပြောဆိုမှုများ ကို ၂ဝ၁၂ ခုနှစ်အတွင်းက ပြုလုပ် ခဲ့ကြောင်း မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်မှ တွဲဖက်အတွင်းရေးမှူး ဦးထွန်းသူရသက်က ပြောသည်။
''နိုင်ငံခြားကုမ္ပဏီကြီးတွေက ရင်းနှီးမြှုပ်နှံမှု လုပ်မယ်ဆိုရင်တော့ ချက်ချင်းမလာတတ်ဘူး။ လေ့လာ တာကို အရင်ဆုံး အချိန်ယူလုပ် တယ်''ဟု အထက်ပါ ပုဂ္ဂိုလ်က ထပ်ပြောသည်။
ယင်းကုမ္ပဏီကြီးများအနေဖြင့် လေ့လာဆဲ အခြေအနေအတွင်း ပြည်တွင်း၌ ဌာနခွဲ ပုံစံမျိုး ဖွင့်လှစ် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရ သည်။''ပြည်တွင်း က ကုမ္ပဏီတစ်ခုနဲ့ တွဲပြီး မိတ်ဖက်ဌာနခွဲ ပုံစံမျိုး တစ်နှစ် သို့မဟုတ် နှစ်နှစ်တွဲလုပ် ဦးမှာပါ''ဟု ၄င်းကထပ်လောင်းပြော သည်။
လက်ရှိတွင် ပြည်တွင်း နည်း ပညာ ကဏ္ဍ၌ ရင်းနှီးမြှုပ်နှံရန် နိုင်ငံငယ်များမှ လာရောက်လေ့လာ မှု ပိုမိုများပြားလျက်ရှိခြင်းကြော