ဒါရိုက်တာကြည်ဖြူသျှင်က ဇန်နဝါရီ ၁ဝရက်နေ့မှာ နာဂတောင် တန်းမှာရှိတဲ့ နာဂပွဲတော်ကို သွား ရောက်လေ့လာဖို့အတွက် ထွက်ခွာ သွားပြီဖြစ်ပါတယ်။
နာဂပွဲတော်က ၁၄ရက်နဲ့ ၁၅ ရက်၂ရက် ကျင်းပတာဖြစ်တဲ့ အတွက် ပွဲကျင်းပပြီးတာ နဲ့ ၁၆ရက်နေ့မှာ ပြန်လာမှာဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံမှာ ပြုလုပ်တဲ့ နာဂပွဲတော်ကို သွားဖို့ စီစဉ်ထားခဲ့ ပေမယ့်လည်း မသွားဖြစ်ခဲ့ကြောင်း ဒါရိုက်တာ ကြည်ဖြူသျှင်က ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ နာဂတောင် တန်းမှာရှိတဲ့ နာဂ ပွဲတော်ကိုလည်း သူ့အနေ နဲ့ မထင်မှတ်ဘဲ သွားဖြစ်ခဲ့ ခြင်းဖြစ်ပြီး၊ ဇန်နဝါရီလထဲမှာ ကားရိုက် ရှိနေတဲ့အတွက် မသွားတော့ ဘူးလို့တောင် စဉ်းစားထားတာဖြစ်ကြောင်း ပြောလာတဲ့ ဒါရိုက်တာ ကြည်ဖြူသျှင်က
“ရက်တိုတိုလေးပါပဲလို့ပြောလာတော့ စိတ်ကသွားချင် လာပြန်ရောလေ။ အလုပ်တွေကိုတော့ ပြန် ခွဲပြီး တော့ထားခဲ့ပြီး သွားမယ် ဆိုပြီးသွား ဖြစ် တာပါ။
အစ်မနာဂကို သွား ချင်တာ ၃ချက်ရှိတယ်။
ပထမတစ်ချက်က နာဂပွဲတော်ကို အစ်မ တအားသွားချင်တယ်။ နာဂပွဲတော် ဆိုတာ အစ်မအနေနဲ့ တကယ့်အိပ်မက်ပဲ။
နောက်တစ်ချက် ကတော့ အစ်မအနေ နဲ့ နာဂ ဇာတ်ကားရိုက်ဖို့အတွက် လည်း ပထမ အဆင့်လေ့လာတဲ့ သဘောလည်းပါတယ်။
နောက်တစ်ချက်က နာဂဒေသမှာ အစ်မတို့ပညာရေး ကွန်ရက် ကနေ ဘယ်လိုကျောင်း မျိုးလုပ် ပေးနိုင်မလဲဆိုတာအစ်မတွေးမိတယ်။ အဲဒီအတွက်လည်း သွားလေ့လာတာ ပါတယ်။ အဆင်ပြေတဲ့ ကျောင်း တစ်ခုခုပေါ့။ နောက်ဆုံး စာကြည့်ခန်းလေး တစ်ခုလောက်တော့ အစ်မတို့လုပ်ဖြစ်မယ်ထင်တယ်”လို့ နာဂပွဲတော်ကို သွားရခြင်းအကြောင်း နဲ့ပတ်သက်ပြီး ဒါရိုက်တာကြည်ဖြူသျှင်က ပြောပြပါ တယ်။
ကမ္ဘာမှာသိနေတာက နာဂက အိန္ဒိယ မျိုးနွယ်စုတစ်စုလို့ပဲ ယူဆထားကြတဲ့ အတွက် နာဂဆိုတာ မြန်မာပြည်ရဲ့ တိုင်းရင်းသား မျိုးနွယ်စုထဲက တစ်ခု ပဲဖြစ် တယ် ဆိုတာ ရှင်းရှင်းလင်းလင်း သိရအောင် နာဂဇာတ်ကားကို ရိုက် ဖြစ်ခြင်းဖြစ်ကြောင်း ဒါရိုက်တာကြည် ဖြူသျှင်က ပြောပါတယ်။
လင်းအက္ခရာ
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
ကိုယ်နဲ့ အဖွဲ့အစည်း နာမည်ကြီးဖို့၊ အလှူငွေရဖို့ပဲ မလုပ်ကြပါနဲ့ ကိုယ်နဲ့ အဖွဲ့အစည်း နာမည်ကြီးဖို့၊ အလှူငွေရဖို့ပဲ မလုပ်ကြပါနဲ့ မောင်မောင် = ကျော်ဝင်း = ကျော်သူ
ဘယ်လိုဒီဇိုင်းတွေပဲဝတ်ဝတ် အမြင်မရိုင်းဖို့ လိုပါတယ်ဆိုတဲ့ မေသန်းနု အရင်တုန်း ကထက်စာရင် တင်းကျပ်နေတဲ့ ကားတွေ ရိုက်ဖြစ်လာတာက ကောင်းပါ တယ်။ အရင်က ထက်စာရင် အခုလို လွတ
မင်္ဂလာပွဲကို စောစီးစွာ ကျင်းပရန် ဂျနီဖာ အင်နစ္စတန် စီစဉ်လျက်ရှိ ကမ္ဘာကျော် ရုပ်ရှင် မင်းသမီးချော ဂျနီဖာ အင်နစ္စတန်သည် ၎င်း၏ ပြိုင်ဘက် အိန်ဂျလီနာ ဂျိုလီအား အနိုင် ရရန်
နန္ဒာလှိုင်တို့ တည်ထောင်တဲ့ ‘အသည်း ဖောင်ဒေးရှင်း’ မှာ ပါဝင်ဆောင် ရွက်ပေးမယ့် လူမင်း နန္ဒာလှိုင်နဲ့ ခင်ပွန်းဖြစ်သူကို ဇေသီဟတို့ တည်ထောင်တဲ့ အသည်း ဖောင်ဒေးရှင်း မှာ လူမင်းကလည်း ပါဝင်ြ
ဂျက်ကီးချန်းသည် တစ်ချိန်က ဆင်ဆာမဲ့ရုပ်ရှင်မှ မင်းသား ဖြစ်ခဲ့ဖူး ၁၉၇၅ ခုနှစ်က All in the Family အမည်ရ ဟောင်ကောင် Comedy film တစ်ခု ထွက်ရှိပါတယ်။ Comedy လို့
နှစ်သစ်မှာအလှူတွေလုပ်တဲ့ မိုးဟေကို မိုးဟေကိုကဇန်နဝါရီ ၁ဝ ရက် နေ့မှာ သရုပ်ဆောင်စည်ဖြိုးနဲ့အတူ ကိုလူချောများအဖွဲ့ကိုဆန်အိတ် ၁ဝဝလှူဒါန
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)