နောက်ဆုံးအခြေအနေ ရောက်နေတဲ့ ကင်ဆာဝေဒနာရှင် တွေကို ဘယ်လောက်ကြာအထိ အသက်ဆက်ရှင်မယ် မရှင်ဘူးဆိုတာကို လောင်းကစားအဖြစ် ပြုလုပ်နေတဲ့ သတင်းကို ထိုင်ဝမ် Next Magazine မှာ စိတ်မကောင်းစွာ အံ့အားတသင့် ဖတ်လိုက်ရပါတယ်။
ထိုင်ဝမ်နိုင်ငံ ထိုက်ကျုံးအရှေ့ပိုင်းက Shijia East လမ်းမှာ အထက်ဖော်ပြသလို လောင်းကစားမျိုးကို လုပ်ကိုင်နေကြပါတယ်။ မီတာ ၂၀၀ လောက်သာရှည်လျားတဲ့ အဲဒီလမ်းမှာ သေခါနီး ကင်ဆာဝေဒနာရှင်ရဲ့ မိသားစုဝင်တွေရဲ့ သဘောတူညီချက်ယူထားပြီး မိသားစုဝင်များ၊
ဆရာဝန်များ၊ အာမခံကုမ္ဂဏီ အေးဂျင့်များ၊ လူဆိုးဂိုဏ်းဝင်များ ပါ လူနာက ဘယ်အချိန်မှာ သေမလဲဆိုတာကို လောင်းကစားနေကြတယ်လို့ ဆိုပါတယ်။ အဲဒီလမ်းလေးမှာ လောင်းကစားဒိုင် ၁၀ ဦးခန့် ရှိပြီး လောင်းကြေးငွေပမဏ စုစုပေါင်း တရုတ်ယွမ်ငွေ ၁ ဘီလျှံ ရှိတယ်လို့ ပြောပါတယ်။
ကုသလို့မရတော့ဘဲ လက်လွတ်ထားရတဲ့ ကင်ဆာဝေဒနာရှင် ရဲ့ ဆင်းရဲတဲ့မိသားစုဝင်တွေ နဲ့ အကျင့်ပျက် ဆရာဝန်တွေကပါ လောင်းကစားသူ ဖြစ်နေပါတယ်။
Next Magazine သတင်းမှာ ဖော်ပြထားတဲ့ လောင်းကစားစည်းကမ်း က အကယ်၍ လူနာက ၁ လ နဲ့ ၆ လ အတွင်း သေဆုံးခဲ့ရင် ထိုးသားက လောင်းကြေးရဲ့ ၃ ဆ ကိုရရှိပြီး သေဆုံးသူရဲ့ မိသားစုတွေက ၁၀% ရပါတယ်။
အကယ်လို့ ၁ လအတွင်းမှာ သေဆုံးခဲ့ရင် အလျော်အစား မရှိပါ။ ၆ လကျော်ပြီးမှ သေဆုံးခဲ့ရင် နိုင်ပြီးရမဲ့ငွေ လျော့နည်းသွားကာ ၁ နှစ်ကျော်လွန်မှ သေဆုံးခဲ့ရင်တော့ ထိုးတဲ့လူက ငွေအားလုံးရှုံးပါတယ်။
ပိုပြီး ရီစရာကောင်းတာက ဆရာဝန်တွေကိုယ်တိုင် လူနာအခြေအနေကိုကြည့်ပြီး လောင်းကြေးထိုးတဲ့သူတွေကို အကြံပေးကြတယ်လို့ သိရပါတယ်။
from thit htoo lwin
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
“FBI က မောင်းသူမဲ့လေယာဉ်များ အမေရိကန်ပြည်တွင်း၌ အသုံးပြုခဲ့” ဇွန်လ ၂၁ ရက် ၂၀၁၃ FBI၏ ဒါရိုက်တာ ဖြစ်သူက ထောက်လှမ်းရေး ကိစ္စအတွက် မောင်းသူမဲ့ လေယာဉ်များကိ
ဝတပ်ကို တရုတ်က လက်နက်တပ်ဆင်ထားသောစစ်ရဟတ်ယာဉ်များပေးပို့ UWSA ၀ပြည်သွေးစည်းညီညွတ်ရေးတပ်ဟာ ပထမဆုံးအကြိမ် အဖြစ် တရုတ်နိုင်ငံမှ ဆုံလည်ပစ်လို့ရတဲ့ လက်နက်တပ်
မက္ကဆီကိုတွင် မြို့တော်ဝန်အဖြစ် ကျမ်းကျိန်ပြီး နောက်တနေ့ ပစ်သတ်ခံရမက္ကဆီကိုနိုင်င&
၆ နှစ်အတွင်း ပထမဆုံး ကိုရီးယား အဆင့်မြင့်ဆွေးနွေးပွဲ ကျင်းပ Tuesday, June 11, 2013 တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ အခုသီတင်းပတ်အတွင်း ပြုလုပ်မယ့်
တူမကို လိင်ကျွန်လုပ်ခိုင်းရန် အမေရိကန်သို့ ခေါ်လာသည့်အဒေါ်ကိုဖမ်းမိ မေ ၁၉ ရက် ၂၀၁၃ တူမဖြစ်သူကို အမေရိကန်ပြည်ထောင်စုသို့ခေါ်လာပြီး ယောက်ျားဖြစ်သူ၏ လိင်ကျွန်အဖြ
ကုလသမဂ္ဂ အထွေထွေ အတွင်း ရေးမှူးချုပ် ဘန်ကီမွန်း ရုရှားနိုင်ငံ အလည်အပတ် ခရီးသွားမည် Thursday, May 16, 2013 ကုလသမဂ္ဂ အထွေထွေ အတွင်း ရေးမှူးချုပ် ဘန်ကီမွန်းသည် ရုရှား နိုင်ငံ သိ
Subscribe to:
Post Comments (Atom)
ဒီကောင်တွေ လူတွေရော ဟုတ်ရဲ့လားပဲ.....
Replyလူသားလည်း စားတယ်....။
လူသေမသေလည်း လောင်းတယ်..
ဘုရား... ဘုရား... တစ်ကောင်မှ မြန်မာပြည်ရောက်မလာပါစေနဲ့