ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးနှင့် အင်ဒိုနီးရှား သမ္မတ နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး H.E.Dr. R.M. Marty M. Natale- gawa နှင့် အဖွဲ့ဝင် များသည် ဇန်နဝါရီ ၈ ရက် နံနက် ၈ နာရီက တွေ့ဆုံ၍ ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခ အခြေအနေ များနှင့် ပျက်စီး ဆုံးရှုံးမှုများ၊ ရွှေ့ပြောင်း ဒုက္ခသည် များ၏ နေထိုင် စားသောက် ရေးနှင့် ရှေ့ဆက် ဆောင်ရွက်မည့် ပြန်လည် ထူထောင်ရေး အစီအစဉ် များကို ညှိနှိုင်း ဆွေးနွေးရာ ဧည့်သည်တော် အင်ဒိုနီးရှား နိုင် ငံ နိုင်ငံခြားရေး ဝန်ကြီးက မိမိသည် မြန်မာနိုင်ငံ ၏ မိတ်ဆွေတစ်ဦး အနေဖြင့် မြန်မာ အစိုးရ၏ လုပ်ဆောင်ချက် များကို အစဉ်အမြဲ ထောက်ခံ အားပေးပါကြောင်း၊ ဤခရီးစဉ်တွင် မြန်မာ နိုင်ငံ၏ အခြေအနေ များကို ပိုမိုနားလည် သဘော ပေါက်ခွင့် ရရှိပါကြောင်း၊ အထူးသဖြင့် လူသားချင်း စာနာ ထောက်ထားမှု အရနှစ်ဖက် လူ့အဖွဲ့ အစည်း ရွှေ့ပြောင်း ဒုက္ခသည် များ၏ လက်ငင်း လိုအပ်ချက် များကို ဖြည့်ဆည်းပေးရန် အတွက် လာရောက်ခြင်း ဖြစ်၍ အခြေခံ လိုအပ်ချက် ဖြစ်သည့် စားနပ်ရိက္ခာ၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ အလုပ်အကိုင် အခွင့် အလမ်းများ ပေါ်ပေါက်ရေး စသည့် ကိစ္စရပ် များကို ညှိနှိုင်း ဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း၊ ကြုံတွေ့နိုင်သည့် စိန်ခေါ်မှု များကို ပူးပေါင်းဖြေရှင်း သွားရမည် ဖြစ်ပါကြောင်း၊ အင်ဒိုနီးရှား နိုင်ငံမှ အထောက်အပံ့ အဖြစ် အမေရိကန် ဒေါ်လာတစ်သန်း ပေးအပ်သွားရန် ရှိပါကြောင်း၊ ၎င်းအပြင် ထပ်မံ လိုအပ်ချက် များကိုလည်း ညှိနှိုင်းဆောင် ရွက် ပေးသွားမည် ဖြစ်ပါကြောင်း ဆွေးနွေး ပြောကြားသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့် အင်ဒိုနီးရှား နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဦးဆောင်သော အဖွဲ့ဝင် များသည် မင်းဂံ တိုင်းရင်းသား ရွှေ့ပြောင်း ကယ်ဆယ်ရေး စခန်းသို့ ရောက်ရှိပြီး မိသားစုဝင် များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်ကာ စခန်းအတွင်း လှည့်လည်ကြည့်ရှု ကြကြောင်း သိရ သည်။
http://www.myawady.net.mm/allnews/localnews/item/4088-2013-01-11-08-40-47
မြ၀တီ
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
ရဲ (၇ ) ဦး စောင့်ကြပ်ထားတာတောင် တရားခံက ရေထဲခုန်ချသေမှုဖြစ်သွားတဲ့ အမှုမပေါ်ဘဲ တရားခံ သေဆုံးမှု
ရခိုင်အမျိုးသား ညီလာခံ ဖြစ်မြောက်ရေး အဖွဲ့ စစ်တွေတွင် လူထုနှင့်တွေ့ဆုံ ရခိုင်အမျိုးသား ညီလာခံ ဖြစ်မြောက်ရေး အဖွဲ့ (ယာယီ)မှ တာဝန်ရှိသူများသည် ညီလာခံ ဖြစ်မြောက်ရေး
ယောက်ဖဟု ခေါ်သဖြင့် လူသတ်မှုဖြစ် ရခိုင်ပြည်နယ် သံတွဲမြို့နယ် သဗြုချိုင် တောင်ပေါ်ကျေးရွာအနီး လယ်တဲ တွင် ‘ယောက်ဖ... ယောက်ဖ’ ဟု
ရှစ်လသား အရွယ် ကလေးငယ်တစ်ဦး မြန်မာနယ်စပ်အနီး ကျေးရွာ တစ်ခုမှ ပြန်ပေးဆွဲခံရ ရှစ်လသား အရွယ် ကလေးငယ် တစ်ဦးကို မြန်မာနဲ့ နယ်စပ်ချင်း ကပ်ရပ်တည်ရှိတဲ့ ဘင်္ဂလာဒေခ်ျ့ ကျေးရွ
ငြိမ်းချမ်းရေးအတွက် ပြည်ပထောက်ပံ့ငွေကို အဓိကမထားဖို့ ဆုံးဖြတ် Wednesday, July 03, 2013 မနေ့ကကျင်းပခဲ့တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအေ
ဗြိတိန်ပူးပေါင်းရေးဝန်ကြီး ရခိုင်ပြည်နယ် ဒုက္ခသည် စခန်းတွေကို သွားရောက်လေ့လာ ဇွန်လ ၂၀ ရက် ၂၀၁၃ ဗြိတိန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး Mr. Alan D
Previous Post
မထသ ၂၀၄ မီနီဘတ်စ်ရွှေတိဂုံဘုရားအနီးတွင်တိမ်းမှောက်
မထသ ၂၀၄ မီနီဘတ်စ်ရွှေတိဂုံဘုရားအနီးတွင်တိမ်းမှောက်
Next Post
လူ့အသက်ကို လောင်းကြေးလုပ်တဲ့ ထိုင်ဝမ်
လူ့အသက်ကို လောင်းကြေးလုပ်တဲ့ ထိုင်ဝမ်
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)