မော်ရင်ဟို၊ ဂွာဒီယိုလာတို့ကိုကျော်ဖြတ်၍ (၂၀၁၂)ဖီဖာအကောင်းဆုံးနည်းပြဆုကို စပိန်နည်းပြ ဒယ်ဘော့စကေး ဆွတ်ခူး

ဆွစ်ဇာလန်နိုင်ငံ၊ ဇူးရစ်မြီု့တွင် ကျင်းပခဲ့သော ဖီဖာတစ်နှစ်တာအကောင်းဆုံး ဆုပေးပွဲအခမ်းအနားတွင် (၂၀၁၂)အတွက် အကောင်းဆုံးနည်းပြအဖြစ် ဒယ်ဘော့စကေး ရွေးချယ်ခံခဲ့ရကြောင်း သိရှိရသည်။ ၎င်းအနေဖြင့် ရီးရဲလ်နည်းပြ မော်ရင်ဟို၊ ဘာစီလိုနာနည်းပြ ဂွာဒီယိုလာတို့ကို ဖြတ်ကျော်ရရှိခဲ့ခြင်းဖြစ်ပြီး စပိန်အသင်းအား ယူရို(၂၀၁၂)ပြိုင်ပွဲတွင် ချန်ပီယံဘွဲ့ဆွတ်ခူးနိုင်ရန် လမ်းပြပေးနိုင်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ ဆုရရှိသွားခဲ့ခြင်းဖြစ်သည်။ ဒယ်ဘော့စကေးသည် (၂၀၀၈)ခုနှစ်တွင် စပိန်နည်းပြအဖြစ် စတင် တာဝန်ယူခဲ့ပြီး ၎င်း၏လက်ထက်၌ (၂၀၁၀)ကမ္ဘာ့ဖလားနှင့် ယူရို(၂၀၀၈) တို့ကို သမိုင်းဝင်အောင်ပွဲအဖြစ် ရယူနိုင်ခဲ့သူလည်းဖြစ်သည်။သို့သော် ဒယ်ဘော့စကေးမှာ ပြီးခဲ့သောရက်အနည်းငယ်အတွင်းက စပိန်အသင်းမှာ ၎င်းနည်းပြသည့် နောက်ဆုံးအသင်းဖြစ်လာနိုင်သည်ဟု ဆိုခဲ့သောကြောင့် နည်းပြလောကမှ အနားယူဖွယ်ရှိနေကြောင်းလည်း သိရှိရသည်။ မှ YoYarLay

SHARE THIS