လွန်ခဲ့ပြီးသော (၇)လလောက်၊ မေလမှာကတည်းက Samsung ကုမ္ပဏီက Galaxy S3လို့ အမည်ပေးထားသည့် စမတ်ဖုန်းကို ဖြန့်ချိခဲ့ပါတယ်။ ဒါပေမဲ့ ကိုရီးယား လျှပ်စစ်ကုမ္ပဏီကြီးများက ၄င်းတို့ အကျိုးဆက်ရလဒ်များကို ပွဲထုတ်ရန် အဆင့်သင့်ရှိပြီး ဖြစ်နေတာကြောင့် ဇန်န၀ါရီလ (၈)ရက်မှ (၁၀) ရက်နေ့အတွင်း ကျင်းပမည့် Consumer Electronics Show (CES) 2013မှာ မိတ်ဆက်ပေးလိမ့်မည်လို့ အင်တာနက် သတင်းများဌာနများမှ
ကောလဟာလများ ထွက်ရှိလျှက် ရှိပါတယ်။ Samsung ကုမ္ပဏီရဲ့
Tomorrow Blog အရဆိုရင်တော့ ဆမ်ဆောင်းမှ တစုံတရာသော ပစ္စည်းကို CES 2013မှာ မိတ်ဆက်ပေးမှာ သေချာသလောက် ရှိနေပါတယ်။
The Korea Time စက်တင်ဘာလထုတ်မှာ ပါဝင်တဲ့ ထင်ကြေး
ပေးထားချက်တွေကတော့ Galaxy S4ကို ဖေဖော်ဝါရီလတွင် ကျင်းပမည့် Mobile World Congressတွင် ပွဲထုတ်လိမ့်မယ်လို့ ဖော်ပြထားသော်လည်း CES ပွဲမှာ မကြေငြာတော့ဘူးလို့ မည်သူမှ မဆိုနိုင်ပါဘူး။
ဘာကြောင့်လဲဆိုတော့ ဒီကောလဟာလတွေဟာ လွန်ခဲ့တဲ့ စက်တင်ဘာလက iPhone 5 ပစ္စည်းပြတ်သွားသည့်အချိန်ထဲက ရှိနေခဲ့လို့ ဖြစ်ပြီး ယခုလို နှစ်သစ်မှာ နောက်ထပ် ကောလဟာလ ဖြစ်တဲ့ iPhone 5S မထွက်ခင်မှာ Appleရဲ့ ဈေးကွက်ကို ရယူဖို့ အကောင်းဆုံး အချိန်ဖြစ်နေလို့ပါပဲ။
အင်တာနက်ပေါ်မှ နောက်ဆုံးထွက် ကောလဟာလ သတင်းများ
အရတော့ ဆမ်ဆောင်း Galaxy S4ကို မကွဲနိုင်သော ဖန်သားပြင်ဖြင့်
ဖန်တီးထုတ်လုပ်ထားသည်ဟု ဆိုပါတယ်။ ဒီထက့် ပိုတဲ့ အသေးစိတ်
အချက်အလက်များကို သိချင်ရင်တော့ ရက်ပိုင်းလေး စောင့်လိုက်ရုံဖြင့် အဖြေထွက်လာပါလိမ့်မည်လို့ ဆမ်ဆောင်း ပရိသတ်များကို ကျီစား
လိုက်ရပါတယ်။
Myanmar ICT
Photo: iPhone 5S မတိုင်မီ Galaxy S4 လာတော့မည် Saturday, January 05, 2013 လွန်ခဲ့ပြီးသော (၇)လလောက်၊ မေလမှာကတည်းက Samsung ကုမ္ပဏီက Galaxy S3လို့ အမည်ပေးထားသည့် စမတ်ဖုန်းကို ဖြန့်ချိခဲ့ပါတယ်။ ဒါပေမဲ့ ကိုရီးယား လျှပ်စစ်ကုမ္ပဏီကြီးများက ၄င်းတို့ အကျိုးဆက်ရလဒ်များကို ပွဲထုတ်ရန် အဆင့်သင့်ရှိပြီး ဖြစ်နေတာကြောင့် ဇန်န၀ါရီလ (၈)ရက်မှ (၁၀) ရက်နေ့အတွင်း ကျင်းပမည့် Consumer Electronics Show (CES) 2013မှာ မိတ်ဆက်ပေးလိမ့်မည်လို့ အင်တာနက် သတင်းများဌာနများမှ ကောလဟာလများ ထွက်ရှိလျှက် ရှိပါတယ်။ Samsung ကုမ္ပဏီရဲ့ Tomorrow Blog အရဆိုရင်တော့ ဆမ်ဆောင်းမှ တစုံတရာသော ပစ္စည်းကို CES 2013မှာ မိတ်ဆက်ပေးမှာ သေချာသလောက် ရှိနေပါတယ်။ The Korea Time စက်တင်ဘာလထုတ်မှာ ပါဝင်တဲ့ ထင်ကြေး ပေးထားချက်တွေကတော့ Galaxy S4ကို ဖေဖော်ဝါရီလတွင် ကျင်းပမည့် Mobile World Congressတွင် ပွဲထုတ်လိမ့်မယ်လို့ ဖော်ပြထားသော်လည်း CES ပွဲမှာ မကြေငြာတော့ဘူးလို့ မည်သူမှ မဆိုနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီကောလဟာလတွေဟာ လွန်ခဲ့တဲ့ စက်တင်ဘာလက iPhone 5 ပစ္စည်းပြတ်သွားသည့်အချိန်ထဲက ရှိနေခဲ့လို့ ဖြစ်ပြီး ယခုလို နှစ်သစ်မှာ နောက်ထပ် ကောလဟာလ ဖြစ်တဲ့ iPhone 5S မထွက်ခင်မှာ Appleရဲ့ ဈေးကွက်ကို ရယူဖို့ အကောင်းဆုံး အချိန်ဖြစ်နေလို့ပါပဲ။ အင်တာနက်ပေါ်မှ နောက်ဆုံးထွက် ကောလဟာလ သတင်းများ အရတော့ ဆမ်ဆောင်း Galaxy S4ကို မကွဲနိုင်သော ဖန်သားပြင်ဖြင့် ဖန်တီးထုတ်လုပ်ထားသည်ဟု ဆိုပါတယ်။ ဒီထက့် ပိုတဲ့ အသေးစိတ် အချက်အလက်များကို သိချင်ရင်တော့ ရက်ပိုင်းလေး စောင့်လိုက်ရုံဖြင့် အဖြေထွက်လာပါလိမ့်မည်လို့ ဆမ်ဆောင်း ပရိသတ်များကို ကျီစား လိုက်ရပါတယ်။
မှ Myanmar ICT
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
၅ နှစ်ကြာပြီဖြစ်တဲ့ ဟက်ကာသူလျှိုမှု Kaspersky မှ ရှာတွေ့ခဲ့ Red October လို အမည်တပ်ထားတဲ့ အလွန်အဆင့်မြင့်ပြီး အသေအချာ ပူးပေါင်းဆောင်ရွက်တဲ့ ကွန်ပြူတာသူ
လက်စွပ်၊ နားကပ်-ဖုန်း ORB လက်စွပ်လို အသုံးပြုနိုင်သလို နားမှာလည်း ခွေပြီး ပတ်ထားလို့ ရပါတယ်။ သူ့ကို O.R.B လက်စွတ်လို့
Volkswagen ထုတ်မည့် ဘီးမပါ၊ မြေမထိကား ဂျာမနီ Volkswagen ထုတ်ကားဖြစ်ပေမယ့် တရုတ်ပြည်က VW ဒီဇိုင်နာများ ဖန်တီးပြီး People's Car Project
အင်တာနက် အသုံးပြုရန် အမြန်ဆုံး စွမ်းဆောင် ပေးနိုင်သော Huawei Ascend P2 ဟန်းဆက် လောကတွင် Sam-sung , Apple ကုမ္ပဏီများ ပြီးသည့်နောက် တတိယ လူကြိုက် အများဆုံး ဟန်းဆက် က
Firefox 18 ထွက်ရှိ အရင် Firefox Version များနှင့်မတူဘဲ အသစ်အသစ်သော upgraded လုပ်ထားသည့် Browser တစ်ခုအဖြစ် Fir
Samsung Galaxy S4 ဗီဒီယိုထွက်ပေါ် Samsung Galaxy S4 ဖုန်းကြော်ငြာ ဗီဒီယိုပါ ဆိုပြီး rozetked ဝဘ်ဆိုဒ်က Youtube မှာ တင်လိုက်ပါတယ်။
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)