ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ကျောက်မြောင်း၊ မလွှကုန်းလမ်း အမှတ် ၈၄ ပထမထပ်တွင် မူးယစ်ဆေးကြောင်သည်ဟု ယူဆရသော လူတစ်ဦးက ၎င်း၏ နေအိမ်အခန်းအား မီးရှို့မှုတစ်ခု ဇန်န၀ါရီလ ၅ ရက်နေ့ နံနက် ၄ နာရီ အချိန်ခန့်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ကျောက်မြောင်း၊ မလွှကုန်းလမ်း အမှတ် ၈၄ ပထမထပ်တွင် မူးယစ်ဆေးကြောင်သည်ဟု ယူဆရသော လူတစ်ဦးက ၎င်း၏ နေအိမ်အခန်းအား မီးရှို့မှုတစ်ခု ဇန်န၀ါရီလ ၅ ရက်နေ့ နံနက် ၄ နာရီ အချိန်ခန့်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
''အဲဒီလူက ဆေးကြောင်ပြီးတော့ သူ့အမေအိပ်တဲ့ အိပ်ရာကို မီးနဲ့ရှို့တယ်လို့ ပြောတယ်။ ဘာနဲ့ ရှို့တယ်ဆိုတာတော့ မသိပါဘူး။
တော်သေးတယ် အိမ်ရာတွေ ခေါင်းအုံးတွေလောက်ပဲ မီးလောင်သွားပြီး သူ့အမေလည်း ဘာမှမဖြစ်လို့ ဆုံးရှုံးမှု တန်ဖိုးတွက်ကြည့်တော့ ကျပ် ၅၀၀၀ ဖိုးလောက်ပဲ ရှိတယ်လို့ ပြောတယ်''ဟု မလွှကုန်းလမ်း ဖြစ်စဉ်အနီး ပတ်ဝန်းကျင်တွင် နေထိုင်သူတစ်ဦးက ပြောပြခဲ့သည်။ ''ရှို့မီးဆိုတာ
ဟုတ်ပါတယ်။ ကျွန်တော်တို့ရောက်တော့ ခေါင်းအုံးကို မီးရှို့နေရာကို
တွေ့ရပြီး သူကိုယ်တိုင်လည်း မီးရှို့ပါတယ်လို့ ၀န်ခံပါတယ်''ဟု တာမွေမြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။
ယင်းနေရာသို့ မီးသတ်ယာဉ် ၂ စီးခန့် လာရောက်မီးငြှိမ်းသတ်ခဲ့သည်ဟု သိရသည်။မီးရှို့သူသည် နေအိမ်တွင် အဖေ၊အမေနှင့်အတူ နေထိုင်ခြင်း
ဖြစ်ပြီး ၎င်းအား တာမွေရဲစခန်းသို့ ထိန်းသိမ်းခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
မှ Eleven Media Group
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ ၁၂.၆.၂၀၁၃ ရက်နေ့ ၀၆၁၅ အချိန် မင်္ဂလာတောင်ညွှန့်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးသ
ထိုင်းငါးဖမ်းစက်လှေတွင် အဓမ္မခိုင်းစေခံနေရသည့် မြန်မာအလုပ်သမား ၁၆ ဦး လွတ်မြောက် Monday, July 22, 2013 ထိုင်းငါးဖမ်း စက်လှေများတွင် အဓမ္မခိုင်းစေခံနေရသည့် မြန်မ
ဘူးသီးတောင်မြို့နယ်လေလံဆွဲဝယ်ပိုင်ခွင့် ရရှိထားမှုအပေါ် ဘူးသီးတောင်မြို့နယ် ပြည် သူလူထုမှကန့်ကွက် သို့ နိုင်ငံတော်သမ္မတကြီးပြည်ထောင်စုသမ္မတမြန်မာနိုင်တော်နေပြည်တော် ရက်စွဲ။ ၂၀၁၃ ခုနှစ်၊ ဇွန်လ
မန္တလေး မြို့ပြင် လယ်မြေ တစ်ဧက ကျပ် သိန်း တစ်ထောင်ခန့်အထိ ဈေးမြင့် မန္တလေးတိုင်းဒေသကြီး မန္တလေး မြို့ပြင်ရှိ လယ်ယာမြေများကို ဝယ်လက် များ အကြိုက်တွေ့နေသဖြင့်
ဘင်္ဂလားဒေ့ရှ် အစ္စလာမစ်ခေါင်းဆောင်ကို စီရင်ချက်ချ Tuesday, July 16, 2013 ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ပါကစ္စတန်နိုင်ငံဆီကနေ လွတ်လပ်ရေး တိုက်ပွဲဝင်
ရခိုင်ပြည်နယ် လ.ဝ.က ဒု-ပြည်နယ်မှူး (ငြိမ်း) ဦးသာမြ နှင့် တွေ့ဆုံခြင်း မေး။ ။ မင်္ဂလာပါဆရာကြီး။ ဆရာကြီးက ရခိုင်ပြည်နယ် လ.ဝ.က မှာ အချိန်အကြာကြီး တာဝန်ထမ်းဆောင်ခဲ့ဖူ
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)