ဘေကျင်း၊ ဇန်န၀ါရီ - ၅
တရုတ်အစိုးရက ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ၌
ကချင်တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များကို လေကြောင်းမှ
တိုက်ခိုက်ရာတွင် တရုတ်ပိုင်နက်အတွင်း ဗုံးသုံးလုံးကျရောက်ပေါက်ကွဲခဲ့သဖြင့် သံတမန်ရေးအရ ကန့်ကွက်မှု ပြုလုပ်ထားကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။
ယမန်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပုံမှန်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံခြားရေးဌာနပြောခွင့်ရအမျိုးသမီး
ဟွာချွန်ယင်းက "တရုတ်ဘက်က မြန်မာဘက်ကို ကိုယ်စားလှယ်စေလွှတ်ပြီး
ဒီလိုမျိုးဖြစ်ရပ်တွေ ထပ်မဖြစ်ဖို့အရေး ရှောင်ကြဉ်နိုင်မယ့်
စည်းမျဉ်းစည်းကမ်းတွေ ချက်ချင်းထုတ်ဖို့နဲ့ ထိရောက်အောင်လုပ်ဆောင်ဖို့
လိုအပ်ကြောင်း ပြောထားပါတယ်" ဟု ပြောသည်။
သူမက
တရုတ်ပိုက်နက်ထဲသို့ မြန်မာမှ ဗုံးကျရောက်မှုကြောင့် အသေအပျောက်မရှိကြောင်း၊
ဗုံးများမှာ ယူနန်ပြည်နယ် ရင်ကျန်းခရိုင်ရှိ ရွာတစ်ရွာသို့ ပြီးခဲ့သော
တနင်္ဂနွေနေ့ ဒီဇင်ဘာ ညက ကျခဲ့ကြောင်းဆိုသည်။
မြန်မာနှင့်
နယ်စပ်တရုတ်ခရိုင်အတွင်း နေထိုင်သူများကလည်း မြန်မာ့တပ်မတော်က ပြီးခဲ့သော
အပတ်အတွင်း ကေအိုင်အေကို တိုက်ခိုက်စဉ် ဗုံးပေါက်ကွဲမှုများနှင့်
လေကြောင်းတိုက်ခိုက်မှုအသံများကို ၎င်းတို့၏ နေအိမ်များအနီးတွင် တွေ့မြင်ကြားနေရကြောင်း ဆိုသည်။
တရုတ်ဘက်မှာ နာဘန်မြို့တွင်နေထိုင်သူ ဒေသခံတစ်ဦးက "ကျွန်တော့်အိမ်က
မြန်မာဘက်က ကချင်နယ်စပ်မှာရှိတဲ့မြစ်ကနေ ဆယ်မီတာလောက်ပဲ ဝေးတာပါ။ ဒီဇင်ဘာ
၂၈ မှာ နေ့ရောညပါ လေကြောင်းတိုက်ခိုက်မှုနဲ့ ဗုံးကြဲမှုတွေ ကျွန်တော်တို့
ကြားခဲ့ရပါတယ်" ဟု ပြောသည်။
တရုတ်နိုင်ငံခြားရေးဌာန
ပြောခွင့်ရအမျိုးသမီး ဟွာချွန်ယင်းက မြန်မာ၏ နိုင်ငံမြောက်ပိုင်း
ကချင်တွင်ဖြစ်သော ကိစ္စသည် မြန်မာ၏ ပြည်တွင်းရေးဖြစ်ပြီး မြန်မာအစိုးရသည်
ထိုကိစ္စကို ငြိမ်းချမ်းသော စေ့စပ်ဆွေးနွေးမှု နည်းလမ်းဖြင့်
ကိုင်တွယ်ဖြေရှင်းနိုင်မည်မျှော်လင့်ကြောင်း ပြောသည်။
အမေရိကန်နှင့် ကုလသမဂ္ဂတို့ကလည်း မြန်မာနိုင်ငံ၏ ကချင်ပြည်နယ်တွင်
ဖြစ်ပွားနေသော တိုက်ခိုက်မှုများနှင့် ပတ်သက်၍ စိုးရိမ်ပူပန်ကြောင်း
ထုတ်ဖော်ခဲ့ပြီး အပစ်အခတ်ရပ်စဲရေးနှင့် ဆွေးနွေးမှုများ ပြုလုပ်ရန်
တိုက်တွန်းခဲ့သည်။
တရုတ်သည် မြန်မာနှင့်နယ်စပ်အရှည် ကီလိုမီတာ
၂၀၀၀ ကျော် ထိစပ်နေပြီး ယင်းနေရာတွင် ကချင်လွတ်မြောက်ရေးတပ်မတော်
(ကေအိုင်အေ)နှင့် မြန်မာအစိုးရတပ်များ တိုက်ပွဲဖြစ်ပွားနေသည်။
ယမန်နေ့နံနက်က ထုတ်ပြန်သော သမ္မတရုံးကြေငြာချက်တွင်လည်း အစိုးရသည်
ကေအိုင်အို၊ ကေအိုင်အေတို့နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ
ဆက်လက်လုပ်ဆောင်သွားမည်ဟု ဖော်ပြထားသည်။
Ref : South China Morning Post/wsj
မှ7Day News Journal
ယမန်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက
သူမက တရုတ်ပိုက်နက်ထဲသို့ မြန်မာမှ ဗုံးကျရောက်မှုကြောင့် အသေအပျောက်မရှိကြောင်း၊ ဗုံးများမှာ ယူနန်ပြည်နယ် ရင်ကျန်းခရိုင်ရှိ ရွာတစ်ရွာသို့ ပြီးခဲ့သော တနင်္ဂနွေနေ့ ဒီဇင်ဘာ ညက ကျခဲ့ကြောင်းဆိုသည်။
မြန်မာနှင့် နယ်စပ်တရုတ်ခရိုင်အတွင်း နေထိုင်သူများကလည်း မြန်မာ့တပ်မတော်က ပြီးခဲ့သော အပတ်အတွင်း ကေအိုင်အေကို တိုက်ခိုက်စဉ် ဗုံးပေါက်ကွဲမှုများနှင့် လေကြောင်းတိုက်ခိုက်မှုအသံများကိ
တရုတ်ဘက်မှာ နာဘန်မြို့တွင်နေထိုင်သူ ဒေသခံတစ်ဦးက "ကျွန်တော့်အိမ်က မြန်မာဘက်က ကချင်နယ်စပ်မှာရှိတဲ့မြစ်ကနေ ဆယ်မီတာလောက်ပဲ ဝေးတာပါ။ ဒီဇင်ဘာ ၂၈ မှာ နေ့ရောညပါ လေကြောင်းတိုက်ခိုက်မှုနဲ့ ဗုံးကြဲမှုတွေ ကျွန်တော်တို့ ကြားခဲ့ရပါတယ်" ဟု ပြောသည်။
တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရအမျိုးသမီး ဟွာချွန်ယင်းက မြန်မာ၏ နိုင်ငံမြောက်ပိုင်း ကချင်တွင်ဖြစ်သော ကိစ္စသည် မြန်မာ၏ ပြည်တွင်းရေးဖြစ်ပြီး မြန်မာအစိုးရသည် ထိုကိစ္စကို ငြိမ်းချမ်းသော စေ့စပ်ဆွေးနွေးမှု နည်းလမ်းဖြင့် ကိုင်တွယ်ဖြေရှင်းနိုင်မည်မျှော
အမေရိကန်နှင့် ကုလသမဂ္ဂတို့ကလည်း မြန်မာနိုင်ငံ၏ ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော တိုက်ခိုက်မှုများနှင့် ပတ်သက်၍ စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ခဲ့ပြီး အပစ်အခတ်ရပ်စဲရေးနှင့် ဆွေးနွေးမှုများ ပြုလုပ်ရန် တိုက်တွန်းခဲ့သည်။
တရုတ်သည် မြန်မာနှင့်နယ်စပ်အရှည် ကီလိုမီတာ ၂၀၀၀ ကျော် ထိစပ်နေပြီး ယင်းနေရာတွင် ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ)နှင့် မြန်မာအစိုးရတပ်များ တိုက်ပွဲဖြစ်ပွားနေသည်။
ယမန်နေ့နံနက်က ထုတ်ပြန်သော သမ္မတရုံးကြေငြာချက်တွင်လည်း အစိုးရသည် ကေအိုင်အို၊ ကေအိုင်အေတို့နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဟု ဖော်ပြထားသည်။
Ref : South China Morning Post/wsj
မှ7Day News Journal
SHARE THIS