ထူးထူးဆန်းဆန်း နှစ်သစ်ကြိုတဲ့ဓလေ့

အင်္ဂလန်မြောက်ပိုင်းမှာ ၁၈၅၈ ခုနှစ်ကတည်းက စတင်လာတဲ့ နှစ်သစ် အကြို ဓလေ့တမျိုးပါ။ ဂိုင်ဇာ ချီတက်ပွဲလို့ ခေါ်တဲ့ ဒီပွဲမှာ ၀ီစကီစည်ပေါင်း ၄၅ စည်ထဲ ၃၅ ပေါင်လေးတဲ့ ကတ္တရာထဲ့၊ မီးရှို့ပြီး ခေါင်းပေါ်မှာ မကျအောင်ရွက်၊ မြို့ကိုလှည့်ရပါသတဲ့။

အရင်ကတော့ မြို့တပတ်လှည့်ပြီးရင် ဒီစည်တွေကို မြို့လယ်ခေါင်မှာ ထားပြီး ညသန်းခေါင်မှာ မီးပုံပွဲလုပ်ဖို့ ဖြစ်ပါတယ်။

ဒီပုံကတော့ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ညက အင်္ဂလန်မြောက်ပိုင်း အာလင်ဒေးမြို့မှာ ဂိုင်ဇာတွေ မြို့လှည့်နေကြတာပါ။ သုတတိုးစရာမို့ ရှယ်လိုက်ပါတယ်။

Photo: Nigel Roddis / Reuters
မှ Burma-Newselite

SHARE THIS