မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ဧည့်သည် ၀င်ရောက်မှုသည် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်အတွင်းက ပထမဆုံးအကြိမ်အဖြစ် တစ်သန်းကျော်လွန်ခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
''ရန်ကုန်အပါအ၀င် လေဆိပ်ဝင်ပေါက်တွေနဲ့ နယ်စပ်ဝင်ပေါက်တွေ ပေါင်းလိုက်ရင် တစ်သန်း ခြောက်သောင်းဝန်းကျင် ရှိတယ်လို့ လတ်တလောပြောနိုင်ပါတယ်။ စာရင်းအတိအကျကတော့ စိစစ်တုန်းပါ'' ဟု ၎င်းက ပြောသည်။မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ဧည့်သည်များသည် ရန်ကုန်၊ မန္တလေးနှင့် ပုဂံ၊ နေပြည်တော်၊ နယ်စပ်ဝင်ပေါက်တို့မှ အဓိက ၀င်ရောက်ကြသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် သင်္ဘောခရီးစဉ်ဖြင့် ၀င်ရောက်မှုတို့ကို တွက်ချက်ပါက ဦးရေ ၅၆၀၀၀၀ ၀န်းကျင်ရှိပြီး ရန်ကုန်လေဆိပ်အပါအ၀င် အပြည်ပြည်ဆိုင်ရာ ၀င်ပေါက်များမှ ၀င်ရောက်မှု ဦးရေ ၅၆၀၀၀၀ ၀န်းကျင် ရှိသည်ဟု သိရသည်။
ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံတို့နှင့် ဆက်စပ်နေသော နယ်စပ်ဝင်ပေါက်များမှ ခရီးသွားဝင်ရောက်မှုမှာ ဦးရေ လေးသိန်းဝန်းကျင် ရှိသည်။မြန်မာနိုင်ငံ၏ ခရီးသွား လုပ်ငန်းသည် ၂၀၀၆ ခုနှစ်တွင် အကောင်းဆုံး အခြေအနေရှိခဲ့ပြီး ၂၀၀၇ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ လုပ်ငန်းပိုင်း ကျဆင်းလာခဲ့သည်။ ၂၀၀၈ ခုနှစ်၊ ၂၀၀၉ ခုနှစ်တို့တွင်လည်း ခရီးသွား အ၀င်-အထွက် ကျဆင်းခဲ့ပြီး ၂၀၁၀ ပြည့်နှစ်အတွင်းတွင်မူ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ပြန်လည် ကောင်းမွန်သော အနေအထားသို့ ပြန်လည် ရောက်ရှိခဲ့သည်။
ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ ၀င်ပေါက်အသီးသီးမှ ခရီးသွားဝင်ရောက်မှု စတင်မြင့်တက်ခဲ့ပြီး ၂၀၁၂ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သော နိုင်ငံရေးအပြောင်းအလဲများပေါ် မူတည်၍ နိုင်ငံတကာမှ အာရုံစိုက်မှု မြင့်တက်လာခဲ့သည်။ ၂၀၁၂ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ စီးပွားရေး ခရီးသွားနှင့် ကမ္ဘာလှည့်ခရီး သွား အ၀င်တို့ ဆတူနီးပါး တိုးတက်လာခဲ့သည်ဟု Nature Lovers ခရီးသွားကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာ ဦးအောင်ဒင်က ပြောသည်။
ပြီးခဲ့သည့် ၂၀၀၆ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ လေဆိပ်ဝင်ပေါက် အပါအ၀င် နယ်စပ်ဝင်ပေါက်တို့မှ ခရီးသွား ၆၀၀၃၆၁ ဦး၊ ၂၀၀၇ ခုနှစ်တွင် ၇၁၆၄၃၄ ဦး၊ ၂၀၀၈ ခုနှစ်တွင် ၇၃၁၂၃၀ ဦး၊ ၂၀၀၉ ခုနှစ်တွင် ၇၆၂၅၄၇ ဦး၊ ၂၀၁၀ ပြည့်နှစ်တွင် ၇၉၁၅၀၅ ဦး၊ ၂၀၁၁ ခုနှစ်တွင် ၈၁၆၃၆၉ ဦး အသီးသီး ၀င်ရောက်ခဲ့သည်။
မှ Eleven Media Group
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
ဆိပ်ကမ်းနှင့် လေဆိပ်များတွင် တရားမဝင် ကုန်သွယ်မှု စတင်စစ်ဆေးမည် Sunday, June 23, 2013 ဆိပ်ကမ်းနှင့် လေဆိပ်များတွင် တရားမဝင် မှောင်ခို ကုန်သွယ်မှုများကို စ
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်လုံခြုံရေး အတွက် တာဝန်ယူမည့် အဖွဲ့အစည်းသည် နိုင်ငံနှင့် လူမျိုးအပေါ် သစ္စာစောင့်သိရန် ဒေသခံများ မျှော်လင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်လုံခြုံရေး အတွက် တာဝန်ယူမည့် အဖွဲ့အစည်းသည် လာဘ်ပေးလာဘ်ယူမှု ကင်း
အင်တာနက်ကတဆင့် လိမ်ညာမှုကြောင့် ဒေါ်လာ ၉၃ သန်း ဆုံးရှုံးနစ်နာရ သြစတြေးလျနိုင်ငံမှာ အင်တာနက်ပေါ်ကတဆင့် လိမ်လည်မှုတွေကြောင့် ဒေါ်လာ ၉၃ သန်းလောက် နစ်နာ ဆုံးရှုံးမှု
မန္တလေး မြို့ပြင် လယ်မြေ တစ်ဧက ကျပ် သိန်း တစ်ထောင်ခန့်အထိ ဈေးမြင့် မန္တလေးတိုင်းဒေသကြီး မန္တလေး မြို့ပြင်ရှိ လယ်ယာမြေများကို ဝယ်လက် များ အကြိုက်တွေ့နေသဖြင့်
တယ်လီဖုန်းပေါ် ရောက်လာတဲ့ ပြန်ကြားရေး ၀န်ကြီးဌာန ဇူလိုင်လ ၁၅ ရက် ၂၀၁၃ နည်းပညာခေတ်ကြီးထဲမှာ မိုဘိုင်း တယ်လီဖုန်းဆိုတာ လူတိုင်းအတွက် အသုံးအဆောင
ယောက်ဖဟု ခေါ်သဖြင့် လူသတ်မှုဖြစ် ရခိုင်ပြည်နယ် သံတွဲမြို့နယ် သဗြုချိုင် တောင်ပေါ်ကျေးရွာအနီး လယ်တဲ တွင် ‘ယောက်ဖ... ယောက်ဖ’ ဟု
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)