မြတ်မိုးကျော်( မြစ်မခ)
by Myit Makha Mediagroup on 5 Jan, 2013
ရန်ကုန်ကားဈေးကွက်တွင်း Provox အမျိုးအစား CNG(Original)ကားများမှာ အရောင်းအ၀ယ် နည်းပါးလျှက်ရှိပြီး အရစ်ကျရောင်း ချပေးနေသည့် ကျပ်သိန်း ၁၅၀ ၀န်းကျင်ကားများသာ အရောင်း အ၀ယ်ဖြစ်ပေါ်လျှက်ရှိကြောင်း ဈေးကွက်အတွင်းမှ သိရှိရသည်။
"Provox အရင်က လူကြိုက်များခဲ့တယ်။ အခုက ဈေးလည်း ၁၀သိန်းကျော်ကျော်လောက်ကို ဈေးကျ လာတာတောင် အရောင်းအ၀ယ်အေးတယ်။ အရစ်ကျရောင်းနေတဲ့ သိန်း ၁၅၀ ၀န်းကျင် ကားတွေ ကတော့ အရောင်းသွက်နေတယ်။"ဟု သင်္ကန်းကျွန်းမြို့နယ်၊ Car Show Room တစ်ခုမှ မန်နေဂျာ ကိုမင်းထက်ကိုက ပြောသည်။
လက်ရှိတွင် Provox van(2 WD)၊ 1500 CC သည် CNG(original) ဖြစ်သော်လည်း လူစိတ်ဝင်စားမှု နည်းပါးကြောင်း၊ Provox Van Dx(2 WD) 1300CC ၊ Petrol နှင့် Provox Van Dx(2 WD) ၊ ဒီဇယ် ကားများသာ စိတ်ဝင်စားဝယ်ယူမှုများပြားနေကြောင်း ကိုလည်း ၄င်းက ဆက်ပြောသည်။
Car Show Room များမှ အရစ်ကျရောင်းချပေးနေသော ကားများသည် ကာလတန်ဖိုး၏ ၃၀ % ကို ချေပြီး ကားပိုင်ဆိုင်မှ ကျန် ငွေများကို (၁) နှစ်မှ (၃) နှစ်အတွင်း ပေးချေကြရကြောင်း သိရှိရ သည်။
အဆိုပါ စနစ်ကိုဘဏ်များနှင့် ချိတ်ဆက်၍ ၀န်ဆောင်မှုပေးခြင်းဖြစ်ကြောင်း၊ အရစ်ကျစနစ်များ ကြောင့် ကားဈေးကွက်တွင်း လက်ငင်းငွေပေးချေဝယ်ယူမူ နည်းပါးလာခြင်းဖြစ်နိုင်ကြောင်း ကားရောင်း ၀ယ်ရေးလုပ်ငန်းရှင် အချို့က သုံးသပ်ကြသည်။
Provox ကားအမျိုးအစားများထဲတွင် ကျပ်သိန်း ၂၀၀ ၀န်းကျင်ရှိ မော်ဒယ်များကို စိတ်ဝင်စားမူနည်းပါးကာ ကျပ် သိန်း (၁၃၀)နှင့် (၁၅၀) ၀န်ကျင်းရှိ ကားများသာ အရောင်း အ၀ယ်ဖြစ်ပေါ်လျက်ရှိကြောင်း၊ Provox Van Dx (2WD) 1300CC (ဓာတ်ဆီ) အမျိုးအစားသည် ၂၀၁၂ခုနှစ် နှစ်ကုန်းပိုင်းအတွင်း ကျပ် သိန်း ၁၃၀ ၀န်းကျင်ရှိခဲ့ပြီး ယခု ၂၀၁၃ခုနှစ် ဇန်န၀ါရီလဆန်း ပိုင်းအတွင်း ကျပ်သိန်း (၁၂၀)သို့ ကျဆင်းခဲ့ကြောင်း ဈေးကွက်တွင်းက သိရှိရသည်။
အလားတူ Provox (ဒီဇယ်)ကားများသည် ကျပ်သိန်း (၁၆၀)၀န်းကျင်ရှိခဲ့ရာမှ ဇန်န၀ါရီလပိုင်းအတွင်း ကျပ်သိန်း (၁၄၅)သိန်းသို့ ကျဆင်းခဲ့ကြောင်း သိရှိရသည်။
"ဒီမှာ အရောင်းအ၀ယ်ကတော့ အေးနေတာပါပဲ၊ ဒါပေမဲ့ အခုနောက်ပိုင်း Town Ace တွေတော့ နည်းနည်းအရောင်းအ၀ယ်ရှိတယ် ၊ ဈေးတွေကတော့ ၉၆ မော်ဒယ်ဆိုရင် ၁၀၀ သိန်း၊ ၂၀၀၁ မော်ဒယ်ဆိုရင် ၁၀၈ သိန်းလောက်ရှိတယ်။ ဒါပေမဲ့ သိန်း ၁၀၀ နဲ့ ၁၂၀ အတွင်း ကားတွေပဲ အရောင်းဖြစ်တယ်"ဟု ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်းမှ ကိုဇော်မှ ပြောသည်။
Car Show Room အချို့တွင် မော်ဒယ်အသစ်ကားများကို တင်သွင်းနိုင်မူမရှိပဲ ယခင်တင်သွင်းထား သော ကားများကိုသာ ရောင်းချနေရကြောင်း၊ မော်ဒယ်သစ်ကားများ ဆက်လက်တင်သွင်းလာပါက Show Room လုပ်ငန်းများ ထိခိုက်မှု များရှိလာနိုင်ကြောင်း သင်္ကန်းကျွန်းမြို့နယ် Car Show Room ဖွင့်လှစ်ထားသူလုပ်ငန်းရှင်တစ်ဦးက ၄င်းအမြင်ကို သုံးသပ်ပြောဆိုသည်။
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
တရုတ် စကားပွင့်ခြောက် ဈေးတက်လာသဖြင့် တရုတ် စကားပွင့် ကောက်သူ များပြား +တရုတ် စကားပွင့်များ စတင် ပွင့်စဉ်က တရုတ် စကားပွင့်ခြောက် တစ်ပိဿာလျှင် ငွေကျပ် တစ်သောင်းဈေ
ပြည်တွင်းရွှေဈေး အတက်အကျ ကမ္ဘာ့ရွှေဈေးက ဦးဆောင်နိုင်ဖွယ်ရှိ ဧပြီလ ၁ ရက်မှ ၆ ရက်နေ့အထိ ပြည်တွင်းရွှေဈေးမှာ ကမ္ဘာ့ရွှေဈေးအလိုက် အတက်အကျ ဖြစ်သွားနိုင်ခြေရှိ
ရန်ကုန်မြို့၌ အိမ်ခန်းငှားရမ်းခများ အဆမတန် မြင့်တက်လာ ရန်ကုန်မြို့အတွင်း၌ အိမ်များ ငှားရမ်းနေထိုင်သူများ အနေဖြင့် အိမ်ငှားရမ်းခများမှာ လက်ရှိပေါက်ဈေ
ဂျပန်တွင် တိုယိုတာ ခရောင်း မော်ဒယ်သစ် နှစ်မျိုး စတင်ရောင်းချ ၅၈ နှစ် သက်တမ်းရှိပြီ ဖြစ်တဲ့ တိုယိုတာ ခရောင်းက ကမ္ဘာမှာတင်မက ပဲ၊ ပြည်တွင်း ဂျပန်မှာတော် အတော်
နိုင်ငံကာဘဏ်များ ရွှေထုတ်ရောင်း၍ ကမ္ဘာ့ရွှေဈေးကျပြီး မြန်မာ့ရွှေဈေး တစ်ကျပ်သားလျှင် ကျပ် ၅၀၀၀၀ ပြုတ်ကျ Friday, April 19, 2013 ငွေကြေးအကျပ်အတည်းကြောင့် ဆိုက်ပရပ်စ်ဗဟိုဘဏ်မှ ရွှေထုတ်ရောင်းချမှု၊ ဆ
တန်ဖိုးနည်း ဖုန်းကတ်ကြောင့် ဖုန်းဈေးကွက်လှုပ်ရှား မတ် ၁၉ ရက်၊ ၂၀၁၃ အစိုးရတာဝန်ရှိသူများက ဧပြီလ ၁ ရက်နေ့မှစတင်ပြီး ငွေကျပ်ထောင်ဂဏန်းဖြင့် တန်
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)