By Thaung Kwre (with Murm Khari)
စစ်တွေ ၊ ၀၅ ဇွန်န၀ါရီ ၂၀၁၃ ၊ Coral Arakan News ၊ [ သတင်း ]
စစ်တွေမြို့ စက်ရုံစုရပ်ကွက် (အရပ် အခေါ် နာဇီရွာ) ၏ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲတွင် မသမာစွာ ကြိုတင်စီမံမှုများရှိနေသည်ဟု တိုင်းရင်းသား နာဇီရပ်ကွက်သား (၂၁၉) ဦးက ပြီးခဲ့သည့် ဒီဇင်ဘာလ (၂၈) ရက်နေ့ နေ့စွဲဖြင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ထံ လက်မှတ်ရေးထိုးတိုင်ကြားခဲ့ကြသည့်အပြင်၊ ယနေ့ နေ့လယ် ၁၂-နာရီခွဲတွင် စတင်ပြုလုပ်သော ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲကို ရပ်ကွက်သူရပ်ကွက်သား (၅၀)ခန့်က လာရောက် ကန့်ကွက်ကြရာ ယခု အချိန် မွန်းလွဲ တစ်နာရီ လေးဆယ့်ငါး အထိ ရွေးကောက် တင်မြှောက်ပွဲကျင်းပရာ နာဇီရပ်ကွက် အလယ်တန်းကျောင်းရှေ့တွင် ကန့်ကွက်သူများ၏ အသံဖြင့် ဆူညံနေဆဲ ဖြစ်သည်။
နာဇီရပ်ကွက် အခြေစိုက် ကုလားသူဌေး ခင်မောင်လှ ငှားရမ်းခိုင်းစေသော လူဆိုးများက နာဇီရပ်ကွက် ဈေးကောက်ခကြီးမြင့်မှုကို ဦးဆောင်တိုက်ပွဲဝင်သူ ဦးအောင်သန်းဝေ၏ အသက်အန္တရယ်ကို ခြိမ်းခြောက်ခဲ့ရာမှ အထွေထွေ မကျေနပ်မှုဖြစ်ပွားပြီး (တောင်ကုတ်မြို့တွင် မူဆလင်(၁၀) ဦးသေဆုံးသည် နှင့် တစ်နေ့ တစ်ရက်တည်း ဖြစ်သည့်) ၂၀၁၂-ခုနှစ် ဇွန်လ (၃)ရက်နေ့ စစ်တွေမြို့ အမှတ်(၁) ရဲစခန်းရှေ့တွင် ဆူပူမှုဖြစ်ပွားရာ လုံခြုံရေးတပ်ဖွဲ့များက ပစ်ခတ်သောကြောင့် လူပေါင်းဒါဇင်ချီ၍ အကြီးအကျယ် ဒဏ်ရာရခဲ့ကြသည်။ ထိုနေ့တစ်ညလုံး အဓိကရုဏ်း နှိမ်နှင်းရေး တပ်များက သေနတ်အချက်ပေါင်း သုံးရာကျော် စစ်တွေမြို့အနှံ့ ပစ်ခတ် နှိမ်နင်းခဲ့သည်။
“အဲဒီလူ ဟာ ဘယ်လိုမှ ပြန်ပြီးတာဝန် မယူသင့်တဲ့သူပါ။ အခုလည်း အမျိုးမျိုး ကလဖန်ထိုးပြီး အုပ်ချုပရေးမှူးနေရာမှာ မြဲအောင်ကြံနေတယ်။ သူရာထူးပြန်ရရင် အမျိုးမျိုး ကလိမ်ကကျစ်တွေ လုပ်တော့မှာပဲ” ဟု ကန့်ကွက်သူ ရပ်ကွက်သားတစ်ဦးက လက်ရှိအုပ်ချုပ်ရေးမှူး နှင့် ပတ်သက်၍ Coral Arakan အား ပြောကြားသည်။
ထိုဖြစ်ရပ်၏ အဓိကတရားခံ ကုလားသူဌေး ခင်မောင်လှ (ခေါ်) ဆော်လိမ်း ၏ ထားရာနေစေရာသွား တပည့်ဖြစ်သူ ဦးကိုကိုမောင်မှာ ယခင် အုပ်ချုပ်ရေးမှူးရွေးကောက်ပွဲတွင် ထောက်ခံမဲ(၁၄၈)မဲဖြင့် ဒုတိယအများဆုံးရသူသာဖြစ်သော်လည်း (၃၂၆)မဲဖြင့် မဲအများဆုံးရသူ ဦးစန်းငွေအား ကုလားသူဌေး ခင်မောင်လှ (ခေါ်) ဆော်လိမ်း က ငွေအား အဆက်အသွယ်အားဖြင့် (ပြည်နယ်အဆင့် အရာရှိကြီးများမှ တစ်ဆင့်) ဖယ်ရှားကာ ဦးကိုကိုမောင်အား အုပ်ချုပ်ရေးမှူးရာထူးကို မတရား ရယူစေခဲ့ခြင်း ဖြစ်သည် ဟု လူပေါင်း (၂၁၉)ဦး လက်မှတ်ရေးထိုးထားသော တိုင်ကြားစာက ဆိုထားသည်။
ထိုစဉ်က ထိုကဲ့သို့ ရာထူး မတရားရယူထားသည်သာမက ယခုတစ်ကြိမ်တွင်လည်း မိမိအား မဲမထည့်မည့်သူများကို ဖယ်ရှားပြီး မိမိအား မဲထည့်မည့်သူများဖြင့် အစားထိုးခြင်းတို့ကို တစ်ဖက်လှည့် စီမံ လုပ်ဆောင်နေသောကြောင့် ယခုကဲ့သို့ ဆန္ဒထုတ်ဖော်ရခြင်းဖြစ်သည် ဟု ကန့်ကွက် ဆန္ဒပြသူများက Coral Arakan အား ပြောကြားသည်။
၎င်းတို့တင်ပြသော တိုင်ကြားစာတွင် ဦးကိုကိုမောင် ကျူးလွန်ခဲ့သော ပြစ်မှုများကို တစ်ချက်ချင်းဖော်ပြထားရာ ယင်းတို့ထဲမှ အချို့မှာ -
(၁) အိမ်ထောင်စုစာရင်းအတုများ ပြုလုပ်ပြီး နာဇီရပ်ကွက်တွင် ဘင်္ဂါလီခိုးဝင်သူ အိမ်ထောင်စု ထောင်ချီ နေထိုင်နိုင်အောင် စာရွက်စာတမ်းများ လက်မှတ်ရေးထိုး ထုတ်ပေးခဲ့ခြင်း။
(၂) ဇွန်လ(၈)ရက် ဘင်္ဂါလီဆူပူမှု စတင်ဖြစ်ပွားသည့်နေတွင် သက်ဆိုင်ရာက လုံခြုံရေးတပ်ဖွဲ့များကို စေလွှတ်ခဲ့သော်လည်း၊ ကုလားများ၏ ညွှန်ကြားချက်အရ “အေးအေးဆေးဆေးပါ၊ လုံခြုံရေးမလိုပါဘူး” ဆိုကာ ပြန်လွှတ်ခဲ့သည့်အတွက် ထိုညတွင် တိုင်းရင်သားများ၏ အိမ်ခြေရာပေါင်းများစွာ မီးရှို့ဖျက်ဆီးခံခဲ့ရခြင်း။
(၃) ဘင်္ဂါလီဆူပူမှုဖြစ်စဉ်အပြီး ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ရာတွင် အလွဲသုံးစားမှုများရှိနေခြင်း။
- အစရှိသည်ဖြင့် စွပ်စွဲရေးသားထားသည်ကို တွေ့ရသည်။
ထို့အပြင် ဇွန်လ ဘင်္ဂွလီ ဆူပူမှု မဖြစ်သေးခင် ၂၀၁၁-ခုနှစ် ဧပြီလ (၂၂) ရက်နေ့စွဲဖြင့် ရေးသားထားသော တိုင်ကြားစာ တစ်စောင်တွင်လည်း ခင်မောင်လှ (ခေါ်) ဆော်လိမ်း (ဘ) ဦးကျော်လှ (ခေါ်) ဟာမိတ် ၏ ဂိုဏ်းဖွဲ့ဆောင်ရွက်မှုများကို ရေးသားထားရာတွင် -
(က) စစ်တွေမြို့အောင်ဒိုင်ကျေးရွာအုပ်စု၏ ကမ်းခြေတစ်လျှောက်တွင် လူမှောင်ခိုဝင်ထွက် တည်းခိုဆောင်များ ဆောက်လုပ်ထားပြီး လှုပ်ရှားဆောင်ရွက်နေစဉ် သက်ဆိုင်ရာကဖမ်းဆီးရမိသော်လည်း၊ ထိုကဲ့သို့ဖမ်းဆီးရာတွင်ပါဝင်သူ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအေးထွန်းအား ရာထူးပြုတ်စေပြီး မိမိ၏ တပည့်လက်သားတစ်ယောက်ကို အုပ်ချုပ်ရေးမှူး ဖြစ်စေခြင်း။
(ခ) ၁၉၉၁-ခုနှစ်တွင် စက်ရုံစု(နာဇီ) အကွက်(၆)မှ ရခိုင်တိုင်းရင်းသား အိမ်ခြေ(၅၄)ဆောင်အားဖြိုဖျက်ခိုင်းပြီး ဆော်လိမ်း တို့စိတ်ကြိုက် ဈေးဆိုင်ခန်းများ ဆောက်လုပ်ရောင်းချခြင်း။
(ဂ) ၂၀၀၁-ခုနှစ် ဘင်္ဂါလီဆူပူမှုကာလတွင် စည်ပင်သာယာမှ အရာရှိနှင့် အမှိုက်သိမ်းကားတို့အား ဆောလိမ်းက ဆင့်ခေါ်ပြီး နာဇရပ်ကွက်အတွင်း ကျင်းပဆင်နွဲနေကြသော ဓမ္မပူဇာနိယ မဏ္ဍပ် နှင့် ရုပ်ပွားတော်များအား ဖြိုဖျက်သိမ်းဆည်းကာ အမှိုက်ကားဖြင့် တင်သွားစေခဲ့ခြင်း။
(ဃ) စက်ရုံစု (နာဇီ) ရပ်ကွက်အတွင်းရှိ မြေကွက်တစ်ကွက်ကို ရခိုင်တိုင်းရင်းသားတစ်ဦးက စက်ရုံစုရပ်ကွက် ဓမ္မာရုံဆောက်ရန်အတွက် လှူဒါန်းခဲ့ရာ၊ ထိုမြေကွက်ကိုပင် ဆော်လိမ်းက အာဏာပိုင်များအားလာဘ်ထိုးကာ မိမိ အမည်ပေါက် မြေဖြစ်စေကာ ရယူခြင်း။
(င) တုတ်ဓါးကိုင်စွဲထားသော မူဆလင် လူအုပ်တို့ဖြင့် အနီးအနား ဘုန်းတော်ကြီးကျောင်းများအား ခြိမ်းခြောက်တတ်သည့် လူအုပ် ကြိုးကိုင်သူဖြစ်ဖြင်း။
(စ) အာဏာပိုင်များ နှင့် ပူးပေါင်းကာ မတရားကြီးမြင့်သော ဈေးကောက်ခများ အများပြည်သူပိုင်း လမ်းဖြတ်သန်းခများကို နှစ်ပေါင်းများစွာ ရယူ ကောက်ခံခဲ့ခြင်း။
- စသည်တို့အား တင်ပြထားသည်ကို တွေ့ရသည်။
ပြည်နယ်အဆင့် (ဗမာ)အုပ်ချုပ်သူများနှင့် ပေါင်းဖက်ကာ ရခိုင်တိုင်းရင်းသားများ၏ ချွေးနှဲစာများအား မိုက်ကြေးခွဲရာတွင် နှစ်ပေါင်းများစွာ အကူအညီပေးခဲ့သူအား မိမိတို့ရပ်ကွက်တွင် ဦးဆောင်သူအနေဖြင့် မရှိစေလိုကြောင်း ကန့်ကွက်သူများက Coral Arakan အား ပြောကြားသည်။
(Coral Arakan အတွက် သောင်းကြွယ် နှင့် မင်းခရီ ရေးသားသည်။)
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
ဘင်္ဂလားဒေ့ရှ် အစ္စလာမစ်ခေါင်းဆောင်ကို စီရင်ချက်ချ Tuesday, July 16, 2013 ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ပါကစ္စတန်နိုင်ငံဆီကနေ လွတ်လပ်ရေး တိုက်ပွဲဝင်
ဘူးသီးတောင်မြို့နယ်လေလံဆွဲဝယ်ပိုင်ခွင့် ရရှိထားမှုအပေါ် ဘူးသီးတောင်မြို့နယ် ပြည် သူလူထုမှကန့်ကွက် သို့ နိုင်ငံတော်သမ္မတကြီးပြည်ထောင်စုသမ္မတမြန်မာနိုင်တော်နေပြည်တော် ရက်စွဲ။ ၂၀၁၃ ခုနှစ်၊ ဇွန်လ
မလေးရှားမှ ဒဏ်ရာရှိသည့် မြန်မာလူမျိုးများ ဧရာဝတီဖောင်ဒေးရှင်း၏ အကူအညီဖြင့် မြန်မာပြည် ပြန်မည် Saturday, June 15, 2013 မလေးရှားနိုင်ငံတွင် မကြာသေးမီက ဖြစ်ပွားခဲ့သော အဖြစ်အပျက်များကြောင့
ရွှေတိဂုံစေတီတော်ပေါ်သို့ တက်ခဲ့သည့် မခင်မျိုးအား စိတ်ကျန်းမာရေးဆေး ရုံပို့ ရန်ကုန်၊ ဇွန် ၁၆ ၁၅.၆.၂၀၁၃ ရက်နေ့ ၁၂၄၅ အချိန်ခန့်တွင် ဒဂုံမြို့နယ်၊ ဘုရားကြီးရပ် ကွက်၊ ရွှေ
ရဲ (၇ ) ဦး စောင့်ကြပ်ထားတာတောင် တရားခံက ရေထဲခုန်ချသေမှုဖြစ်သွားတဲ့ အမှုမပေါ်ဘဲ တရားခံ သေဆုံးမှု
ငြိမ်းချမ်းရေးအတွက် ပြည်ပထောက်ပံ့ငွေကို အဓိကမထားဖို့ ဆုံးဖြတ် Wednesday, July 03, 2013 မနေ့ကကျင်းပခဲ့တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအေ
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)