သန်လျင်မြို့ လူမိုက်ကြီးရဲ့ ချစ်ဝိညာဉ်ရိုက်ကွင်း မြင်ကွင်း


သန်လျင်မြို့ သဲဖြူကျောင်းကျေးရွာမှာရိုက်ကွင်းရှိတယ်ဆိုတာသိလိုက်တာနဲ့ ပေါ်ပြူလာပရိသတ်တွေ အတွက် အပြေးအလွှားသွားရောက် သတင်းယူခဲ့ပါတယ်။ ရိုက် ကွင်းနေရာ ကတော့ သရုပ်ဆောင်အကယ်ဒမီ ဝေဠုကျော်ရဲ့ ခြံထဲမှာပဲဖြစ်ပါတယ်။ဒါရိုက်တာသန့်ဇင်အောင် ရိုက်ကူးတဲ့ ‘လူမိုက်ကြီးရဲ့ချစ်ဝိညာဉ်’ ဇာတ်ကား ဖြစ်ပြီး ဂျွန်ဂို၊ပုလဲဝင်း၊ ဝါဝါအောင်၊ဦးဇော်မှိုင်း၊နိုင်လူတို့နဲ့ အတူ ကိုလူချောအဖွဲ့ကပါဝင်ထားပါတယ်။

"ရိုက်ကွင်းပေါ်က သဘာ ဝနဲ့ဘဝဆည်း ဆာ"

ခြံဝင်းထဲလှမ်းကြည့်လိုက်တော့လာရောက်ကြည့်ရှုတဲ့ဒေသခံတွေကလည်း မနည်းဘူး။ ခြံဝင်းထဲလှမ်းသွားရင်း တစ်ယောက်တစ်ပေါက် စကားသံက နေ ကြားလိုက် မိတာကလူကြမ်းတွေ ရုပ်ရှင်ထဲမှာဆိုရွံ့စရာ၊မုန်းစရာကောင်း တယ်နော် ခုကြည့်ဦးအပြင်မှာတွေ့ တော့ သူတို့တွေဇာတ်ကားထဲနဲ့ တခြား စီပဲ။ စိတ်သဘောကောင်း လိုက်တာ နော်ဆိုတဲ့ ပရိသတ်တွေရဲ့ စကားသံ တွေကြားရတော့ လူကြမ်းမင်းသား တွေအတွက် ပီတိဖြစ်မိပါတယ်။ ရိုက်ကွင်းထဲရောက်တော့ နေ့လယ် စာထမင်းစား ချိန်မို့ ကိုယ့်ထမင်းပန်းကန်လေးတွေ ကိုင်ရင်း ၅ယောက် တစ်စု၊၆ယောက်တစ်စုထိုင်စားရင်းစ ကားပြော၊ရယ်မောသံတွေကလည်း ရှုတင်သဘာဝကို ပေါ်လွင်စေပါ တယ်။ ခြံဝင်းကလည်း အကျယ်ကြီး အပင်တွေကလည်း အစုံစိုက်ပျိုးထား ပါတယ်။ဝိုင်းဖွဲ့ကာ ထမင်းစားချိန်မှာမင်းသား ပျောက်လို့ လိုက်လို့ရှာအိမ်ခန်းဆောင်လေးေ ဘးမှာ တော့ ငရုတ်ပင်လေးတွေ စိုက်ထား တာကို ကိုလူချောအဖွဲ့တွေစက်အ ဖွဲ့သားတွေက အကြိုက်တွေ့လို့နေပါ တယ်။ဟင်းကလည်း ကောင်း၊ငရုတ် သီးနဲ့ဆို ရှယ်ပဲဆိုပြီး ခူးစားကြတဲ့ သူတို့ကို ကြည့်ပြီး ပြုံးမိသွားပါတယ်။ဟိုဘက်အဆောင်မှာတော့ မင်းသမီးက စားပြီးသောက်ပြီးမွေးနေ့ကိတ်ခွဲဖို့ စီစဉ်နေတာကိုတွေ့ရပါတယ်။ ဒါ ပေမဲ့ ထူးထူးခြားခြား မင်းသားက ပျောက်နေတယ်။ ရှာလို့ မတွေ့တဲ့ အဆုံးကိုလူချောအဖွဲ့ကကိုကိုချောကိုမေးကြည့်တော့ ဟိုမှာဆိုပြီး လက် ညှိုးထိုးပြသွားတယ်။ တကယ်အံ့သြ သွားတယ်။ဟုတ်မှ ဟုတ်ပါ့မလား ငါ့ကို စသွားတာလားဆိုပြီး သံသယ စိတ်ဝင်မိသွားတယ်။ မင်းသားလို့ကိုယ့်ကိုယ်ကိုယ်တစ်သီးတသန့်မနေဘဲ ရှုတင် အဖွဲ့သားတွေနဲ့ထမင်းကို ဝိုင်းဖွဲ့ စားသောက်တာကိုတွေ့ရတော့ သူ့စိတ်ဓာတ်ကို လေးစားချီးကျူး မိတယ်။ဇာတ်လမ်းက လူမိုက်ကြီးရဲ့ ချစ်ဝိညာဉ်ဆိုတော့ လူမိုက် ကြီးပုံ ပေါ်အောင်များ ဆံပင်အဝတ်အစား ဝတ်ထားတာလားမသိ။ ဒါပေမဲ့ စိတ် ဓာတ်ကိုတော့ လေးစားမိတယ်။

"ဒေသခံပရိသတ်တွေအတွက် ပုလဲဝင်းရဲ့ မုဒိတာစကား"

ပုလဲဝင်းရိုက်ကွင်းမို့လားမသိဘူး နော်။ဒေသခံတွေလာကြည့်တာ အပြည့်ပဲ။ ဒီလိုကိုယ့်ကိုအားပေးတဲ့ ပရိသတ်တွေတွေ့တော့ စိတ်ထဲမှာ ဘယ်လို ခံစားရလဲလို့ မေး ကြည့် တော့ “ကိုယ့်ဇာတ်ကားကို ကောင်း တယ်ပြောရင်၊ ရင်ထဲက ပီတိကဘာနဲ့မှလဲလို့မရဘူး။သရုပ်ဆောင်တစ် ယောက် ဖြစ်တဲ့အတွက် ပရိသတ်ချီး ကျူးတာ၊အားပေး တာမျိုးလိုချင်တယ် လေ။ဒါမှလည်း အနုပညာရှင်တွေ အတွက်အားရှိတာလေ။ပရိသတ်တွေ အားပေးလို့ရလာတဲ့ပီတိကဘာနဲ့မှမလဲနိုင်ဘူး။ခုဆိုလည်း သူတို့တွေ အိမ်မှာ အလုပ်ရှိတာ တွေထားခဲ့ပြီး လာကြည့်တာ ကျေးဇူးတင်တယ်” လို့လာရောက်ကြည့်ရှုတဲ့ပရိသတ်တွေကို ကြည့်ရင်း ဖြေပေးခဲ့ပါတယ်။

"လူမိုက်ကြီး မင်သားဂျွန်ဂိုရဲ့ ပရိသတ်တွေ အတွက် နှုတ်ခွန်းဆက် စကား"

ဒီဇာတ်ကားကလူမိုက်ကြီးရဲ့ ချစ်ဝိညာဉ်ဆိုတဲ့အတိုင်းပဲ။မင်းသား ကလည်း ဘာမိတ်ကပ်မှ မလိမ်းခြယ် ဘဲ သဘာဝအတိုင်း ဆံပင်က ရှေ့ မျက်နှာကို ဖုံး ထားသလိုပုံစံ ကလည်း ဇာတ်ကောင်စရိုက်ကို ထင်ဟပ် စေပါတယ်။ မင်းသား ဂျွန်ဂိုကလည်း”ကျွန်တော်က ထုံးစံ အတိုင်း အတိုက် အခိုက်ပဲပေါ့။ကျွန် တော့်ကို အားပေးတဲ့ ချစ်ပရိသ တ်တွေ ဒီ လူမိုက်ကြီးရဲ့ ချစ် ဝိညာဉ်ဇာတ်ကား ထွက်လာရင် အားပေးပါ။ ဇာတ်လမ်း သဘော တော့ မပြောချင်ဘူး။ ပေါ့သွားမှာ စိုးလို့ပါ”လို့ ပြောပြခဲ့ပါတယ်။

"ကိုလူချောတို့အဖွဲ့ကလည်း ရင်ဖွင့် စကားဆိုပါသေး"

ဘေးနားကအစားအသောက် မပျက်တဲ့ကိုလူချောအဖွဲ့က ကိုကို လူချောတစ်ဦးကလည်း သူ့ရဲ့ရင် ဖွင့်သံကို ပရိသတ်များ ဖတ်ကြည့်ပါ ဦး “ကျွန်တော်က ဒီအနုပညာကို ဝါသနာပါလို့လုပ်တာ။ စားဝတ် နေရေးကတော့ ပြေတလှည့် မပြေ တလှည့်ပါပဲ။ဒီလူကြမ်းအနု ပညာအလုပ်ကို ဝါသနာပါလို့သာ ခုထိ လုပ် တာပါ။ကျွန်တော်တို့က ဇာတ်လမ်းအရကြမ်းတာပါ။ အပြင် မှာဆို စိတ်သဘောထား ကောင်းပါ တယ်ခင်ဗျား”လို့ ရယ်မောရင်းပြော ပြခဲ့ပါတယ်။

"သက်ဝင်လှုပ်ရှား ပြုံးရွှင်ရယ်မောအနုပညာသမား များ"

၁နာရီခွဲပြီမို့ ရိုက်ကွင်းစတဲ့ အခါမှာ ဒိုင်ယာလော့ခ်အမှားကို စိတ်ရှည်စွာ နဲ့ပြင်ပေးတာကတော့ ရိုက်ကွင်းဘုရင်ဒါရိုက်တာကြီးပဲပေါ့။ ဒိုင်ယာလော့ခ်မှားတာကို ဖတ်ပြီး ရယ်စရာလုပ်တာကတော့ စက်အဖွဲ့ သားလုပ်ဖော်ကိုင်ဖက်တွေမို့ ရယ် ရင်းရိုက်ရင်းနဲ့ ရိုက်ကွင်းကိုပိုပြီး အသက်ဝင်စေပါတယ်။

ထူးထူး
ဓာတ်ပုံ-ထွဋ်မြတ်



SHARE THIS
Previous Post
Next Post