ကချင် ပြည်နယ်၌ တံတား တည်ဆောက်ရေး အတွက် ဂျပန်နိုင်ငံအစိုးရက သဘော တူညီချက် လက်မှတ် ရေးထိုး



မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး H.E.Mr. Mikio NUMATA နှင့် ကြာရပတ္တီး ကျေးရွာ အုပ်စု တံတား ဆောက်လုပ်ရေး ကော်မတီ ဥက္ကဋ္ဌတို့သည် ဖေဖော်ဝါရီ ၇ ရက်တွင် အထောက် အပံ့ ပေးရေး သဘောတူ စာချုပ်ကို လက်မှတ် ရေးထိုး ခဲ့ကြကြောင်း၊ အဆိုပါ ကျေးရွာ အုပ်စုရှိ ကျေးရွာများတွင် အရေးပေါ် လူနာများအား မြစ်ကြီးနား ဆေးရုံကြီးသို့ ပို့ဆောင် ကုသနေ ရကြောင်း၊ ကျေးရွာများ၌ မူလတန်း ကျောင်းသာ ရှိသဖြင့် ကျောင်းသား၊ ကျောင်းသူများသည် မြစ်ကြီးနား မြို့ရှိ အလယ်တန်း ကျောင်းများသို့ သွားရောက် ပညာသင်ကြား ကြရကြောင်း၊ ဒေသ ထွက်ကုန်များ အားလည်း မြစ်ကြီးနား ဈေးသို့ သွားရောက် ရောင်းချ ကြရ ကြောင်း၊ ထိုသို့ သွားရောက်ရာတွင် အသုံးပြုသည့် ယင်းကျေးရွာ အုပ်စုမှ မြစ်ကြီးနား မြို့သို့ အကွာအဝေး (၄) မိုင်ရှိ မြေသား လမ်းအား ကျောက်ချောလမ်း အဖြစ် သတ်မှတ် ခွင့်ပြုပြီး ဖြစ်ကြောင်း၊ သို့ရာတွင် အဆိုပါ လမ်းပိုင်းရှိ ကြာရပတ္တီး တံတားမှာ ပြန်လည် ပြုပြင်ရန် လိုအပ်လျက် ရှိသဖြင့် ရာသီမရွေး သွားလာနိုင်ရန် အရှည်ပေ (၆ဝ)၊ ယာဉ်သွားလမ်း အကျယ် (၁၄)ပေရှိ သံကူကွန်ကရစ် သံယက်မ တံတား တစ်စင်း တည်ဆောက် ထောက်ပံ့ ပေးရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။


ယခုကဲ့သို့ ကချင် ပြည်နယ်ရှိ ဒေသခံများ အတွက် ထောက်ပံ့ လှူဒါန်းခြင်းကြောင့် ဂျပန်- မြန်မာ နိုင်ငံ ချစ်ကြည်ရေးကို ပိုမို တိုးတက် ခိုင်မာ စေလိမ့်မည်ဟု ဂျပန်နိုင်ငံက မျှော်လင့်ကြောင်း သိရှိ ရသည်။


မြ၀တီ


SHARE THIS
Previous Post
Next Post