ကချင်ဒုက္ခသည် အရေးအတွက် အမေရိကန်-မြန်မာ လှုပ်ရှားပြီ

မြစ်ကြီးနား ဂျာမိုင်ကောင် စစ်ဘေးဒုက္ခသည်များထံသို့  အမေရိကန် အထူးကိုယ်စားလှယ် ဘီဂျေနမ်ဘီးယားနှင့် မြန်မာအစိုးရပိုင်းမှ ခေါင်းဆောင်များ ပါဝင်သည့် အဖွဲ့သည် သွားရောက်၍ မိသားစု အသုံးအဆောင်ပစ္စည်းများ၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးမှ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရသည်။ မြန်မာအစိုးရပိုင်းမှ ခေါင်းဆောင်များတွင် ပြည်ထောင်စု ဝန်ကြီးများ ဖြစ်ကြသည့် ဦးစိုးသိန်း၊ ဦးခင်ရီများ ပါဝင်ပြီး ကချင်ပြည်နယ် ဝန်ကြီးချုပ်နှင့် အစိုးရ အဖွဲ့ဝင်များ၊ ကချင်ပြည်နယ် ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးယွမ်ဇခေါင်တို့လည်း ပါဝင်ကြသည်။ယင်းသို့ နိုင်ငံတကာအဖွဲ့အစည်းမှ အထူးကိုယ်စားလှယ်များ လာရောက် တွေ့ဆုံအားပေးခြင်းအပေါ် ဒေသခံများ စစ်ဘေး ဒုက္ခသည်များမှ ဝမ်းသာကျေနပ်မှု ရှိကြောင်း၊ တစ်ဦးနှင့်တစ်ဦးကြား ဘာသာစကား အခက်အခဲ ရှိသောလည်း တွေ့ဆုံမှုကို ကြိုဆိုကြောင်း၊ အမေရိကန်နှင့် မြန်မာပူပေါင်းမှုကြောင့် ကချင်ပြည်နယ် ငြိမ်းချမ်းရေး အမှန်တကယ် ရရှိနိုင်ကြောင်း ဒေသခံများက ဆိုသည်ဟု သိရသည်။
Photo



ငြိမ်းချမ်း (MPA)

SHARE THIS
Previous Post
Next Post