ကစားစရာ အိုးပုတ်၊ ချိုးရုပ်များ မြောက်ပြင်ရွာမှာ လုပ်သည်

မည်သို့ပင် ခေတ်တွေ စနစ်တွေ ပြောင်း၍ ခေတ်မီ ဖွံ့ဖြိုး တိုးတက်လျက် ရှိစေကာမူ မြန်မာ့ရိုးရာ ယဉ်ကျေးမှု အစဉ်အလာများ တိမ်ကော ပျောက်ကွယ် သွားခြင်း မရှိ ဆက်လက်တည်တံ့ ခိုင်မြဲ နေသည်မှာ ရွှံ့နှင့် လုပ်သည့် လက်မှုပညာ၊ မြန်မာ့ရိုးရာ မြေထည် လုပ်ငန်းဖြစ်သည်။ ကလေးများ ကစားစရာ ပလတ်စတစ် ပစ္စည်းများ၊ ဖိုက်ဘာ ပစ္စည်းများ၊ ကော်ပစ္စည်းများ၊ ရော်ဘာ ပစ္စည်းများ မည်သို့ပင် ခေတ်မီဆန်းပြား ထွန်းကားနေ စေကာမူ မြန်မာ့ရိုးရာ စစ်စစ် အိုးပုတ်၊ ချိုးရုပ် ကလေးများ ကစားစရာ အိုးခွက် ပဒေသာတို့သည် ကျယ်ပြန့်ဆဲ၊ နက်ရှိုင်းဆဲ၊ ထုတ်လုပ်ဆဲ၊ သုံးစွဲနေကြ ဆဲမို့ ဂုဏ်ယူ ဖွယ်ရာကောင်း လှပါသည်။

မကွေးတိုင်း ဒေသကြီး ရေစကြို မြို့နယ်တွင် မြန်မာ့ရိုးရာ မြေထည် လုပ်ငန်းများကို ရှေးယခင် ကတည်းက

ယနေ့တိုင် လုပ်ကိုင်၍ အသက်မွေးဝမ်း ကျောင်းမှုပြုနေသော ကျေးရွာများ အနက် ကလေး ကစားစရာ ပစ္စည်းများကို ထုတ်လုပ် နေသည်မှာ မြောက်ပြင်ရွာ တစ်ရွာတည်းသာ ရှိသည်။

မြောက်ပြင်ရွာ ကလေးသည် ပခုက္ကူ- မန္တလေး ကားလမ်းဘေးတွင် တည်ရှိပြီး ပခန်းကြီးမြို့ ဟောင်းနှင့် ကပ်လျက် အိမ် ခြေ ၇ဝ ခန့်ဖြင့် ဖွဲ့စည်းထားသော ရွာကလေး ဖြစ်သည်။

ထိုရွာကလေး၏ ထူးခြားချက်မှာ တစ်ရွာလုံးရှိ အိမ်တိုင်း အိမ်တိုင်း ကလေးကစားစရာ အိုးခွက် ပန်းကန်အစုံနှင့် အိုးပုတ်၊ ချိုးရုပ်တို့ အပြင် ဘုရားညောင်ရေအိုး အမျိုးမျိုး၊ စုဘူးအမျိုးမျိုး၊ ဟင်းချက်အိုး အမျိုးမျိုး၊ စလောင်းဖုံး အမျိုးမျိုး၊ ပရိတ်အိုး၊ နတ်အိုးတို့ကို ထုတ်လုပ်ကြခြင်း ပင်ဖြစ်ပါသည်။ ထိုသို့ ရွှံ့ဖြင့်ပြုလုပ်သော မြန်မာ့ရိုးရာ လက်မှုပညာနှင့် ပတ်သက်၍ လေ့လာ ခဲ့ရာတွင် အသက် ၆၂ နှစ်ရှိ ဒေါ်ဝက်မက ''ကျွန်မတို့ရဲ့ အဘိုးအဘွား မိဘများ လက်ထက် ကတည်းက လုပ်လာခဲ့ပြီး ရွှံ့နဲ့လုပ်တဲ့ လက်မှုပညာပါ။ ဘိုးဘွား မိဘများရဲ့

Read More >> http://bit.ly/Z6CLm0

SHARE THIS
Previous Post
Next Post