ရခိုင် တစ်ဦးသေဆုံးပြီး ၄ဦး ဒဏ်ရာရရှိခဲ့သာ မောင်တောမြို့နယ်
ငါးခူရရွာသစ် ဘင်္ဂါလီ များ ၀င်ရောက် အကြမ်းဖက်မှု ဖြစ်စဉ်နှင့် ပတ်သက်၍
ဘင်္ဂါလီ အယောက် ၂၀ ခန့်ကို မနေ့က ဖမ်းဆီးစစ်ဆေးနေကြောင်း အစိုးရနှင့်
နီးစပ်သူတစ်ဦးက ပြောကြားသည်။
ငါးခူရရွာသို့ ဘင်္ဂါလီ အကြမ်းသူ ၁၀ ကျော်သည် ဖေဖော်ဝါရီ ၉ ရက် ည ၁၂နာရီခန့် အချိန်တွင် သေနတ်၊ ဒုတ်၊ ဓါးများ ကိုင်ပြီး နစက ၀တ်စုံများဝင်ကာ ၀င်ရောက် အကြမ်းဖက်ခဲ့ခြင်းဖြစ်သည်။
...
သို့သော်လည်း လုံခြုံရေး အပြည့်အ၀ ချထားကြောင်း အစိုးရက မကြာခဏထုတ်ပြန်လေ့ရှိသည်။
News from: Rakhine Citizen Journalists

SHARE THIS