ရခိုင်တွင် ဒုက္ခသည်များအတွက် အိမ် ၃၀၀၀ ကျော် ထပ်ဆောက်မည်

Tuesday, February 12, 2013

ရခိုင်တစ်ပြည်နယ်တွင် ဒုက္ခသည်များအတွက် အိမ်ပုံစံမျိုးစုံ ၃၀၀၀ ကျော် ထပ်မံ ဆောက်လုပ်သွားမည်ဖြစ်ကြောင်း ပြည်နယ်လွှတ်တော်အမတ် ဦးအောင်မြကျော် လူမှုစာမျက်နှာတွင် ဖော်ပြသည်။

လက်ရှိတွင် စစ်တွေမြို့ ဆတ်ရိုးကျ တစ်ဘက်ကမ်းတွင် ရခိုင်ဒုက္ခသည် အိမ်ထောင်စုများအတွက် နေအိမ် ၆၆၉ လုံး ဆောက်လုပ်နေသည်။

ရခိုင်ဒုက္ခသည်အိမ်ထောင်စုများအတွက် မိသားစုတစ်ခု သိန်း (၄၀) တန် ခြေတံရှည်အိမ်တစ်လုံးကျပေးမည့် စီမံကိန်း တည်ဆောက်မူများ စတင်နေပြီဖြစ်ပြီး ရခိုင်ပြည်နယ်အစိုးရက ၂၆၉ လုံး၊ ပြည်နယ်စည်ပင်က ၂၀၀ လုံး နှင့် နတလ က ၂၀၀ လုံး စုစုပေါင်း ၆၆၉ လုံးကို စတင်ဆောက်
လုပ်နေပြီဖြစ်သည်။

Rakhine Citizen Journalists


SHARE THIS
Previous Post
Next Post