Tuesday, February 12, 2013
ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်၊ သခွပ်ပင်ကျေးရွာနေ ဦးချစ်နှင့်
ဦးဆိုင် ညီအကိုနှစ်ဦး၏ လယ်ယာမြေများကိုကုန်သွယ်ရေးဝန်ြ ကီးဌာနမှ
တန်တစ်ရာဆန်စက် ဆောက်မည်ဟုဆိုကာ သိမ်းယူခဲ့ပြီး ဆန်စက်အား
လေလံတင်ရောင်းချခဲ့သော်လည်း လယ်ယာမြေများပြန်လည် မရရှိခြင်း
အပေါ် တရားဥပဒေနှင့်အညီ ဖြေရှင်းပေးစေလိုကြောင်း ထိုညီအစ်ကို
နှစ်ဦး၏ မြေးဖြစ်သူ ကိုစိုးသူရက ပြောကြားသည်။
ယင်းလယ်ယာမြေများကို ၁၉၇၉ခုနှစ်တွင် နှုတ်မိန့်ဖြင့်သိမ်းယူကာ
ဆန်စက်ကို ၁၉၈၄ ခုနှစ်တွင် ဆောက်လုပ်ခဲ့ပြီး ဆန်စက်လည်ပတ်မှုမှာ ၂၀၀၁ခုနှစ်တွင် ရပ်ဆိုင်းသွားခဲ့ကြောင်း၊ ၂၀၀၈ ခုနှစ်တွင် ဆန်စက်ကို
လေလံတင်ရောင်းချခဲ့ပြီး ဆန်စက်နေရာအား မူလပိုင်ရှင်များမှ မရရှိဘဲ အခြားသူများရရှိ နေခြင်းကြောင့် ပြန်လည်တောင်းဆိုရခြင်းဖြစ်သည်ဟု
၎င်းလယ်သမားများက ပြောကြားသည်။
“ဦးချစ်က ခု ဆေးရုံတက်နေရတယ်။ သူ သက်ရှိထင်ရှားရှိစဉ်မှာ
မြေယာတွေကို ပြန်ရချင်တယ်” ဟု ကိုစိုးသူရက ပြောသည်။
လေလံဆွဲစဉ်အခါက စက်ရုံကိုသာ လေလံပေးခဲ့ခြင်းဖြစ်ပြီး
နောက်ပိုင်းမှ လယ်ယာမြေပါသည်ကို သိရကြောင်း၊ လေလံ
ဆွဲသူမှာ ဦးဇော်ဇော်ဟုသာ သိရပြီး လယ်မြေဧကမှာ ၁၇.၈၄ ဧကဖြစ်ကြောင်း၊ ယခုလက်ရှိ ခြံခတ်ထားသော စုစုပေါင်းဧကမှာ
၂၈.၅၉ ဧကဖြစ်ပြီး ယင်းမြေနေရာများမှာ ဦးချစ်နှင့် ဦးဆိုင် ထံမှ သိမ်းဆည်းထားသော လယ်ယာမြေများ ဖြစ်ကြောင်း သိရသည်။
လေလံဆွဲစဉ်အခါက ‘ကော့မှူးမြို့နယ်၊ သခွပ်ပင်ကျေးရွာ
ကွင်းအမှတ် (၅၁၆) ဦးပိုင်အမှတ် ၇/၁၇ ဧရိယာ ၁၇.၈၄ ဧက
အပေါ်ရှိ တန်တစ်ရာဆန်စက်အား ဦးဇော်ဇော်မှ လ/န ၃၉
မြေပုံရေးဆွဲအမှုတွဲတည်ဆောက်ခွင့်’ ဟု ဆန်စက်သာ
လေလံဆွဲခဲ့ခြင်းဖြစ်ပြီး မြေယာများ မပါဝင်ခဲ့ကြောင်း
ကော့မှူးမြို့နယ်ရှိမြို့နယ် မြေစာရင်းဦးစီးဌာန၏ ထုတ်ပြန်
ချက်အရ သိရသည်။
“ဒီလယ်သမားတွေမှာ လက်ငုတ် လက်ရင်း ပြေစာတွေ
ရှိပြီးသားဖြစ်တယ်။ ဦးဇော်ဇော်လျှောက်ထားတဲ့ အချိန်မှာလဲ
လ/န ၃၉က မရှိတော့ဘူး။ လ/န ၃၉က ဖျက်သိမ်းလိုက်ပြီ
ဖြစ်တဲ့အတွက် လျှောက်ခွင့် မရှိတော့ဘူး” ဟု လက်ပွတ္တာ
မြို့မှ ဥပဒေပညာရှင် ဦးကြည်ဝင်းက ပြောကြားသည်။
လယ်ယာမြေဟူသည်မှာ နိုင်ငံတော်ပိုင်မြေဖြစ်သည်မှာ
မှန်သော်လည်း ၁၉၅၃ လယ်ယာမြေ ဥပဒေအရ ယင်းလယ်ယာမြေများကို နိုင်ငံတော်မှ စီမံကိန်းများအတွက် သိမ်းယူနိုင်သော်လည်း လေလံပစ်ရောင်းချခွင့်ကို ဥပဒေအရ ခွင့်ပြုမထားကြောင်း၊ လယ်ယာမြေ ဥပဒေပုဒ်မ ၃၂ အရ
လယ်ယာမြေတွင် ချမှတ်ထားသော စီမံကိန်းများ ဆောင်
ရွက်ခြင်း မပြုတော့ပါက မူလလယ်ယာမြေ လုပ်ပိုင်ခွင့် ရရှိသူများထံ ပြန်လည်ပေးအပ်ရမည် ဖြစ်ကြောင်း ယင်းက ဆက်လက် ပြောကြားသည်။
The Myanma Age
ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်၊ သခွပ်ပင်ကျေးရွာနေ ဦးချစ်နှင့်
ဦးဆိုင် ညီအကိုနှစ်ဦး၏ လယ်ယာမြေများကိုကုန်သွယ်ရေးဝန်ြ
တန်တစ်ရာဆန်စက် ဆောက်မည်ဟုဆိုကာ သိမ်းယူခဲ့ပြီး ဆန်စက်အား
လေလံတင်ရောင်းချခဲ့သော်လည်း လယ်ယာမြေများပြန်လည် မရရှိခြင်း
အပေါ် တရားဥပဒေနှင့်အညီ ဖြေရှင်းပေးစေလိုကြောင်း ထိုညီအစ်ကို
နှစ်ဦး၏ မြေးဖြစ်သူ ကိုစိုးသူရက ပြောကြားသည်။
ယင်းလယ်ယာမြေများကို ၁၉၇၉ခုနှစ်တွင် နှုတ်မိန့်ဖြင့်သိမ်းယူကာ
ဆန်စက်ကို ၁၉၈၄ ခုနှစ်တွင် ဆောက်လုပ်ခဲ့ပြီး ဆန်စက်လည်ပတ်မှုမှာ ၂၀၀၁ခုနှစ်တွင် ရပ်ဆိုင်းသွားခဲ့ကြောင်း၊ ၂၀၀၈ ခုနှစ်တွင် ဆန်စက်ကို
လေလံတင်ရောင်းချခဲ့ပြီး ဆန်စက်နေရာအား မူလပိုင်ရှင်များမှ မရရှိဘဲ အခြားသူများရရှိ နေခြင်းကြောင့် ပြန်လည်တောင်းဆိုရခြင်းဖြစ်သည်ဟ
၎င်းလယ်သမားများက ပြောကြားသည်။
“ဦးချစ်က ခု ဆေးရုံတက်နေရတယ်။ သူ သက်ရှိထင်ရှားရှိစဉ်မှာ
မြေယာတွေကို ပြန်ရချင်တယ်” ဟု ကိုစိုးသူရက ပြောသည်။
လေလံဆွဲစဉ်အခါက စက်ရုံကိုသာ လေလံပေးခဲ့ခြင်းဖြစ်ပြီး
နောက်ပိုင်းမှ လယ်ယာမြေပါသည်ကို သိရကြောင်း၊ လေလံ
ဆွဲသူမှာ ဦးဇော်ဇော်ဟုသာ သိရပြီး လယ်မြေဧကမှာ ၁၇.၈၄ ဧကဖြစ်ကြောင်း၊ ယခုလက်ရှိ ခြံခတ်ထားသော စုစုပေါင်းဧကမှာ
၂၈.၅၉ ဧကဖြစ်ပြီး ယင်းမြေနေရာများမှာ ဦးချစ်နှင့် ဦးဆိုင် ထံမှ သိမ်းဆည်းထားသော လယ်ယာမြေများ ဖြစ်ကြောင်း သိရသည်။
လေလံဆွဲစဉ်အခါက ‘ကော့မှူးမြို့နယ်၊ သခွပ်ပင်ကျေးရွာ
ကွင်းအမှတ် (၅၁၆) ဦးပိုင်အမှတ် ၇/၁၇ ဧရိယာ ၁၇.၈၄ ဧက
အပေါ်ရှိ တန်တစ်ရာဆန်စက်အား ဦးဇော်ဇော်မှ လ/န ၃၉
မြေပုံရေးဆွဲအမှုတွဲတည်ဆောက်ခွင