အငှား ယာဉ်မောင်းက ခရီးသည် ကို အဓမ္မ ကျူးလွန်ရန် ကြိုးပမ်း


Thursday, February 14, 2013
ရန်ကုန်တိုင်း ဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ဥက္ကလာ ဂေါက်ကွင်း အနီး တွင် ဖေဖော်ဝါရီလ ၈ ရက်၊ ည ၁၀ နာရီ က အငှားယာဉ်ပေါ် လိုက်ပါ လာသည့် အသက် ၃၅ နှစ် အရွယ် အမျိုးသမီး ကို ယာဉ်မောင်း က အဓမ္မ ကျုးလွန်ရန် ကြိုးပမ်းမှု ဖြစ်ပွား ခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံး ထံမှ စုံစမ်း သိရှိ ရသည်။

အဆိုပါ အမျိုးသမီးမှာ ဒဂုံမြို့ သစ် မြောက်ပိုင်းရှိ မဟာမြိုင် အိမ်ရာတွင်
နေထိုင်ပြီး မရမ်းကုန်း မြို့နယ် သမိုင်း လမ်းဆုံ သို့ အထည်ဈေးနှုန်း သွားရောက် စုံစမ်းပြီး အပြန် အငှားကား စီးနင်း ရာတွင် ယင်းကဲ့သို့ ဖြစ်ပွား ခဲ့ကြောင်း အဆိုပါ တိုင်ကြားချက် အရ သိရသည်။

ယာဉ်အမှတ် ကက/ ၁၁၉၃ ကွန်ဖော့ အပြာရောင် တက္ကစီကို ငှားရမ်း စီနင်းလာရာ လူသွား၊ လူလာ နည်းသော ဥက္ကလာ ဂေါက်ကွင်း လမ်းပေါ်တွင် ယာဉ်မောင်းက အဓမ္မ ကျုးလွန်ရန် ကြိုးပမ်း ခဲ့ကြောင်း မရမ်းကုန်း ရဲစခန်း မှ ရဲအရာရှိ တစ်ဦး က ပြောသည်။

အမျိုးသမီး မှာ ထွက်ပြေး လွတ်မြောက် ခဲ့သော်လည်း ကျပ်သုံးသိန်း နှင့် တစ်မတ်သား ခန့်ရှိ ဆောက်ဖြတ်ပုံ ရွှေလက်ကောက် (၅) ကွင်း နှင့်အတူ လိုင်းကတ် ပါ နိုကီရာ အမျိုးအစား လက်ကိုင်ဖုန်း မှာ ယာဉ်ပေါ်တွင် ပါရှိပြီး ယာဉ်မောင်း မှာ မောင်းနှင် ထွက်ပြေး သွားကြောင်း ရန်ကုန် တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှုး ရုံး ၏ ထုတ်ပြန်ချက် အရ သိရသည်။

ယာဉ်မောင်း ကို မရမ်းကုန်း ရဲစခန်း မှ (ပ) ၈၇ / ၁၃၊ ပုဒ်မ-၃၇၆/ ၅၁၁ / ၄၀၃ ဖြင့် အမှုဖွင့် ထားပြီး ဖမ်းဆီး စစ်ဆေးလျက် ရှိကြောင်း ယင်းမြို့နယ် ရဲစခန်း ထံမှ စုံစမ်း သိရှိရသည်။

The Voice Weekly

SHARE THIS
Previous Post
Next Post