ဂီတသင်္ကေတများဖြင့် စန္ဒရားကို ပီပြင်စွာ တီးနိုင်သော ၂ နှစ်သမီး

အသက်အရွယ်နှင့်မလိုက် စန္ဒရားကို ပြောင်မြောက်စွာတီးနိုင်သော ပါရမီရှင်လေး လာဗီးနီးယား ရာမီရာ့ဇ်သည် သူမ၏ ပထမဦးဆုံးအကြိမ် စန္ဒရားဖြင့် ဖျော်ဖြေတင်ဆက်ပွဲကို ဖေဖော်ဝါရီ ၁၃ ရက်နေ့ကကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောင်းပိတ်ရာသီ ခွဲခွာခြင်း အထိန်းအမှတ် ကျောင်းကပွဲတွင် အသက် ၂ နှစ်သာရှိသေးသည့် လာဗီးနီးယားသည် ပရိသတ်၂၀၀၏ ရှေ့မှောက်၌“MaryHadALittleLamb” တေးသွားကို ပြောင်မြောက်စွာ တီးပြနိုင်ခဲ့သည်။

လာဗီးနီးယားသည် ထိုနေ့ကျောင်းကပွဲတွင် ဖျော်ဖြေတင်ဆက်မည့်ကျောင်းသား ၂၁ ဦးထဲတွင် ပါဝင်ခဲ့ပြီး အများစုသည် အသက် ၁၀ နှစ်ဝန်းကျင် ကလေးများဖြစ်ကြသည်။

လာဗီးနီးယားသည် စန္ဒရားကို တီးခတ်နိုင်သော်လည်း သူမ၏ မိဘများသည် ဂီတအကြောင်း တစ်ဦးမျှ နားမလည်သူများ ဖြစ်ကြသည်။ သူမကို မိဘများက ခရစ်မတ်နေ့တွင် ကစားစရာ စန္ဒရားတစ်လုံးလက်ဆောင်ပေးခဲ့ပြီးနောက် ပြောင်မြောက်စွာ တီးခတ်ပြနိုင်ခဲ့သည့်အတွက် အံ့အားသင့်ခဲ့ကြရသည်။ ထို့ကြောင့် မိဘများသည် စန္ဒရားတီးသင်ပေးရန် ဆုံးဖြတ်ခဲ့ကြကြောင်း၊ သူမ၏ မိခင်ဖြစ်သူက“ဘယ်လိုဖြစ်ပြီးဒီလောက်တီးတတ်သွားမှန်းလဲမသိပါဘူး။ကျွန်မတို့ထက်တော့ တော်တာအမှန်ပဲ” ဟုပြောကြားခဲ့သည်။

ဂီတဆရာဖြစ်သူကလည်း “သူ့မှာ ပါရမီထူးပါလာတာတော့ သေချာတယ်။ သမီးက ဘာကိုမဆို စူးစိုက်အားရုံထား လွန်းတယ်။ သီချင်းသံတွေကို ဖွင့်ပြလိုက်ရင် လိုက်တီးနိုင်တာတော့ အံ့သြမိတယ်” ဟုပြောကြားသည်။ ဆရာ လီဟော့ကီးက သူမကို သင်ပေးရန် အရွယ်ငယ်လွန်းသေးသဖြင့် ဝန်လေးမိကြောင်း၊ သို့သော် ဂန္ထဝင်သီချင်းတစ်ပိုဒ်ဖြင့် စမ်းသပ်
ကြည့်လိုက်ပြီးမှ သူမအစွမ်းကို လက်ခံကာ သင်ပေးခဲ့ခြင်းဖြစ်သည် ဟု ဆိုသည်။

News from:မောက္ခ


ဂီတသင်္ကေတများဖြင့် စန္ဒရားကို ပီပြင်စွာ တီးနိုင်သော ၂ နှစ်သမီး


အသက်အရွယ်နှင့်မလိုက် စန္ဒရားကို ပြောင်မြောက်စွာတီးနိုင်သော ပါရမီရှင်လေး လာဗီးနီးယား ရာမီရာ့ဇ်သည် သူမ၏ ပထမဦးဆုံးအကြိမ် စန္ဒရားဖြင့် ဖျော်ဖြေတင်ဆက်ပွဲကို ဖေဖော်ဝါရီ ၁၃ ရက်နေ့ကကျင်းပပြုလုပ်
ခဲ့ကြောင်း သိရသည်။

ကျောင်းပိတ်ရာသီ ခွဲခွာခြင်း အထိန်းအမှတ် ကျောင်းကပွဲတွင် အသက် ၂ နှစ်သာရှိသေးသည့် လာဗီးနီးယားသည် ပရိသတ် ၂၀၀ ၏ ရှေ့မှောက်၌ “Mary Had A Little Lamb” တေးသွားကို ပြောင်မြောက်စွာ တီးပြနိုင်ခဲ့သည်။

လာဗီးနီးယားသည် ထိုနေ့ကျောင်းကပွဲတွင် ဖျော်ဖြေတင်ဆက်မည့်
ကျောင်းသား ၂၁ ဦးထဲတွင် ပါဝင်ခဲ့ပြီး အများစုသည် အသက် ၁၀ နှစ်
ဝန်းကျင် ကလေးများဖြစ်ကြသည်။

လာဗီးနီးယားသည် စန္ဒရားကို တီးခတ်နိုင်သော်လည်း သူမ၏ မိဘများသည် ဂီတအကြောင်း တစ်ဦးမျှ နားမလည်သူများ ဖြစ်ကြသည်။ သူမကို မိဘများက ခရစ်မတ်နေ့တွင် ကစားစရာ စန္ဒရားတစ်လုံး လက်ဆောင်
ပေးခဲ့ပြီးနောက် ပြောင်မြောက်စွာ တီးခတ်ပြနိုင်ခဲ့သည့်အတွက် အံ့အားသင့်ခဲ့ကြရသည်။ ထို့ကြောင့် မိဘများသည် စန္ဒရားတီးသင်ပေးရန် ဆုံးဖြတ်ခဲ့ကြကြောင်း၊ သူမ၏ မိခင်ဖြစ်သူက “ဘယ်လိုဖြစ်ပြီး ဒီလောက် တီးတတ်သွားမှန်းလဲ မသိပါဘူး။ ကျွန်မတို့ထက်တော့ တော်တာအမှန်ပဲ” ဟုပြောကြားခဲ့သည်။

ဂီတဆရာဖြစ်သူကလည်း “သူ့မှာ ပါရမီထူးပါလာတာတော့ သေချာတယ်။ သမီးက ဘာကိုမဆို စူးစိုက်အားရုံထား လွန်းတယ်။ သီချင်းသံတွေကို ဖွင့်ပြလိုက်ရင် လိုက်တီးနိုင်တာတော့ အံ့သြမိတယ်” ဟုပြောကြားသည်။ ဆရာ လီဟော့ကီးက သူမကို သင်ပေးရန် အရွယ်ငယ်လွန်းသေးသဖြင့် ဝန်လေးမိကြောင်း၊ သို့သော် ဂန္ထဝင်သီချင်းတစ်ပိုဒ်ဖြင့် စမ်းသပ်
ကြည့်လိုက်ပြီးမှ သူမအစွမ်းကို လက်ခံကာ သင်ပေးခဲ့ခြင်းဖြစ်သည် ဟု ဆိုသည်။

ဇင်မင်း
Aye Chan Mon Re-post Date : 2013 Feb 14
News from:မောက္ခ

အေးချမ်းမွန်

SHARE THIS
Previous Post
Next Post