တရုတ်အစိုးရရဲ့ ကြားဝင်စီစဉ်ပေးမှုနဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) ကိုယ်စားလှယ်တွေနဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်မှုအ
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ ဒု-ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ အစိုးရငြိမ်းချမ်းရေးကိုယ်စ
ဒီတွေ့ဆုံပွဲဖြစ်မြောက်အောင
“ကျနော်တို့ဘက်က ပြောဆိုထားတဲ့ တွေ့ဆုံဆွေးနွေးမှုမှာ တရုတ်အစိုးရကနေပြီး ကြားကနေ ပါဝင်ဆောင်ရွက်ပေးဖို့ အဆိုပြုချက်ရှိတယ်။ အဲအပေါ်မှာ တရုတ်အစိုးရကနေပြီး နောက်လာမယ့် ဆွေးနွေးမှုနှင့်ပတ်သက်ပြီး ကြိုတင်ညှိနှိုင်းတဲ့ သဘောလို့ပဲ ကျနော် နားလည်ထားတယ်။ ရက်သတ်မှတ်တာ၊ ဘယ်မှာတွေ့မယ်ဆိုတာကတော့ တရုတ်အစိုးရကပဲ စီစဉ်မှာပါ။ အဲအစီအစဉ်ထဲမှာပဲ ကျနော်တို့က လာတဲ့ သဘောပါပဲ။ ခုရက်ပိုင်းအတွင်း နယ်စပ်ဒေသမှာ တိုက်ပွဲတွေ ဖြစ်လာတဲ့အပေါ်မှာ တရုတ်အစိုးရကလည်း တော်တော်လေး အာရုံစိုက်တဲ့သဘော လုပ်လာတယ်။ တော်တော်များများ လာပြီးတော့ တွေ့ဆုံတာမျိုး လုပ်လာတယ်။ နောက်ပိုင်း သူတို့ ကမ်းလှမ်းတဲ့အထိ ရှိလာတယ်။ အဲဒါကြောင့်ပဲ ကျနော်တို့က အဆောတလျင်ကြေညာချက်ထုတ်ပြန်
ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့ တရုတ်နိုင်ငံမှာ ရောက်ရှိနေပြီဖြစ်ပြီး တရုတ်အစိုးရ တာဝန်ရှိသူတွေနဲ့ ဒီကနေ့ တွေ့ဆုံဆွေးနွေးနေကြပါတယ်။ မြန်မာအစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တွေနဲ့ကတေ
အစိုးရနဲ့ နိုင်ငံရေးအရ ဆွေးနွေးမှုတွေကို သီးခြားပြုလုပ်မှာမဟုတ်ဘဲ ညီညွတ်သောတိုင်း ရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ)အနေနဲ့ပဲ ဆွေးနွေးတော့မယ်လို့ ကေအိုင်အိုက မကြာသေးခင်က ကြေညာထားတာပါ။ ဒီရပ်တည်ချက်အတိုင်း မပြောင်းမလဲ ရှိနေတယ်လို့လည်း ကေအိုင်အိုက ပြောပါတယ်။
“အခု အကြိုညှိနှိုင်းမှုလို့ပဲ ပြောပြော၊ ပထမအကြိမ် တရုတ်အစိုးရကနေပြီး ကြားဝင်ပြုလုပ်တဲ့ အစည်းအဝေး လုပ်ငန်းညှိနှိုင်းတဲ့အပိုင်
အစိုးရနဲ့ ကေအိုင်အိုအကြား ငြိမ်းချမ်းရေးဆွေးနွေးနိုင
“ကိုယ့်ပြည်နယ်၊ ကိုယ့်နိုင်ငံတော် ငြိမ်းချမ်းဖို့အတွက် ဘယ်သူဘယ်ဝါပဲ လုပ်လုပ် အဆင်ပြေသွားရင် ပိုပြီးကောင်းတာပေါ့။ နှစ်ဦးနှစ်ဖက် နိုင်ငံတော်အစိုးရနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှသာလျှင် ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှာ ဖြစ်တဲ့အတွက် ဘယ်သူပဲဖြစ်ဖြစ်၊ ဘယ်နိုင်ငံကပဲ ဖြစ်ဖြစ် ကြားခံပြီး ဆွေးနွေးပေးတယ်ဆိုရင်ပဲ အမြန်ဆုံးပြီးသွားတာက ပိုကောင်းတာပေါ့။ တမိနစ်၊ တစက္ကန့် ပိုပြီး မြန်မြန်ဆန်ဆန်ဖြစ်သွားရင် ပြည်သူလူထုတွေအတွက် အကျိုးဖြစ်တာပေါ့။ ကျနော်တို့လည်း ဒါကိုပဲ မျှော်လင့်နေတာ။”
ကချင်လက်နက်ကိုင်အဖွဲ့နဲ့ အစိုးရတပ်ဖွဲ့အကြား ပြီးခဲ့တဲ့ သီတင်းပတ်တွေက တိုက်ပွဲတွေ အပြင်းထန်ဆုံး ဖြစ်ပွားခဲ့ပြီး အေအိုင်အေဌာနချုပ်နဲ့ လက်တကမ်းအလို အချက်အချာကျတဲ့ တောင်ကုန်းတွေကို အစိုးရတပ်တွေက ထိန်းချုပ်ထားနိုင်ခဲ့တာပါ။
ဒါ့ပြင် သမ္မတ ဦးသိန်းစိန်ကလည်း ပဋိပက္ခတွေ ရပ်ဆိုင်းဖို့ သက်ဆိုင်တဲ့ ခေါင်းဆောင်တွေ စားပွဲဝိုင်းမှာ တွေ့ဆုံဆွေးနွေးဖို့ အချိန်ရောက်နေပြီလို့ လွန်ခဲ့တဲ့ ၂ ရက်လောက်ကပဲ တိုက်တွန်းထားတာပါ။
ကေအိုင်အိုကတော့ အစိုးရငြိမ်းချမ်းရေးကိုယ်စ
ကေအိုင်အိုနဲ့ အစိုးရအကြား ပြည်ထောင်စုအဆင့် အလွတ်သဘော တွေ့ဆုံပွဲကို ပြီးခဲ့တဲ့ အောက်တိုဘာလ ကုန်ပိုင်းကလည်း ရွှေလီမှာ ပြုလုပ်ခဲ့ပေမယ့် တိုးတက်မှုမရဘဲ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာခဲ့တာပါ။
၂၀၁၁ ခုနှစ် ဇွန်လကစလို့ ပြန်လည်ဖြစ်ပွားခဲ့တဲ့ ၁ နှစ်ခွဲကျော်ကြာ မြန်မာအစိုးရတပ်နဲ့ ကေအိုင်အေတို့အကြား တိုက်ပွဲတွေကြောင့် ရာနဲ့ချီ သေကျေဒဏ်ရာရခဲ့ပြီး သောင်းနဲ့ချီတဲ့ စစ်ပြေးဒုက္ခသည်တွေ ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြရတာပါ။
သတင်းဓါတ်ပုံ - မြန်မာအစိုးရနဲ့ ကချင်ငြိမ်းချမ်းရေးအဖွဲ့ ရွှေလီမြို့မှာ ၂၀၁၂ အောက်တိုဘာလက နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့ကြစဉ် (ရိုက်ကူး-ကိုခန့်)
DVB