တောင်ကိုရီးယား နှင့် အမေရိကန် နိုင်ငံတို့သည် ရေတပ် စစ်ရေး လေ့ကျင့်ခန်း တစ်ရပ်ပြုလုပ်

၎-၂-၂၀၁၃
တောင်ကိုရီးယား နိုင်ငံနှင့် အမေရိကန် နိုင်ငံတို့သည် မြောက်ကိုရီးယား နိုင်ငံက တတိယ အကြိမ် နျူကလီးယား စမ်းသပ် ဖောက်ခွဲမှု မပြုလုပ်မီ သတိပေးမှု တစ်ရပ် အဖြစ် ဂျပန် ပင်လယ် (အရှေ့ ပင်လယ်) တွင် ဖေဖော်ဝါရီ ၄ ရက် ကနေ့တွင် ရေတပ် ပူးတွဲ စစ်ရေး လေ့ကျင့်ခန်း အား တောင်ကိုရီးယား နိုင်ငံ ပိုဟန်း ဆိပ်ကမ်းမြို့ ကမ်းလွန် ပင်လယ် တွင် ပြုလုပ်သွားမည် ဖြစ်ပြီး အမေရိကန် နျူကလီးယား စွမ်းအင်သုံး ရေငုပ် သင်္ဘော တစ်စီး နှင့် အခြား စစ်သင်္ဘော များ ပါဝင်မည် ဖြစ်ကြောင်း နှင့် ရေငုပ် သင်္ဘော တိုက်ဖျက်ရေး ၊ လေကြောင်းရန် ကာကွယ်ရေး နှင့် ရေကြောင်း ဆိုင်ရာ လေ့ကျင့်ခန်း များကို ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

ထို့အပြင် အဆိုပါ လေ့ကျင့်ခန်း သည် နှစ်နိုင်ငံ အကြား စစ်ရေး အသင့်ရှိမှု ကို စမ်းသပ်ရန် အပြင် ရေငုပ် သင်္ဘော များဖြင့် မြောက်ကိုရီးယား နိုင်ငံ၏ ကျူးကျော် ရန်စ နိုင်ခြေ ရှိမှုများ အပေါ် ဟန့်တား ကာကွယ်ရန် အတွက် ရည်ရွယ် လေ့ကျင့်ခြင်း ဖြစ်ကြောင်း တောင်ကိုရီးယား ပူးတွဲ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Jung Seung- Jo က ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ပြောကြား ခဲ့သည်။ အမေရိကန် ရေတပ်မှ တန်ချိန် ၆၉၀၀ ရှိ နျူကလီးယား စွမ်းအင်သုံး ရေငုပ် သင်္ဘော USS San Francisco နှင့် တန်ချိန် ၉၈၀၀ ရှိ Aegis ဖျက်သင်္ဘော USS Shiloh တို့သည် အဆိုပါ လေ့ကျင့်ခန်း အတွက် ပြင်ဆင် ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။

http://pyichit-thar.blogspot.com/2013/02/blog-post_9795.html

The Myawady Daily

SHARE THIS
Previous Post
Next Post