ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့
ကချင်ပြည်နယ်ဆက်စပ်ဒေသမှာရှိနေတဲ့ ကချင်လက်နက်ကိုင်တပ်တွေ အနေဖြင့်လွယ်ဟိုဆေ၊မန်ဝိန်းကြီး၊ဖာစန်၊
မန်မွမ်း၊ မန်ဟွေ၊ မန်မိုင်၊ နမ့်ဟီး၊ လားလုံ၊ စွန်ခါး၊ နောင်မွမ်း၊ ကုန်းခမ်း၊ နောင်လုတ်၊
နောင်နွမ်၊ နောင်စွမ်း၊ မန်ဆတ်၊မန်အိုင်တိုက် စတဲ့ကျေးရွာတွေကိုဝင်ရောက်ပြီး ရွာတစ်ရွာကိုလူ(၆)ဦး
KIA တပ်ဖွဲ့ကိုဝင်ရမယ်လို့ပြောပါတယ်။ သူတို့အဖွဲ့တွေဝင်ရောက်လာတဲ့အချိန် အစိုးရ တပ်တွေမရှိတဲ့အချိန်ဖြစ်ပြီး
အဲဒီရွာတွေဟာ ရှမ်းလူမျိုးတွေအများဆုံးနေထိုင်ကြတဲ့ရွာတွေဖြစ်ပါတယ်။ KIA အနေနဲ့ရှမ်းလူမျိုးတွေကို
တိုက်ပွဲဖြစ်တဲ့အခါတိုင်းမှာ ရှေ့တန်းကနေ၀င်ရောက်တိုက်ခိုင်းတာဖြစ်တဲ့အတွက်
ရှမ်းလူမျိုး
ခေါင်းဆောင်တွေ အနေနဲ့ KIA နှစ်သက်လိုလား ခြင်းမရှိကြပါဘူး။
ဒီလိုမျိုးလူသစ်တွေမဖြစ်မနေပေးရမယ်ဆိုတဲ့သတင်းကြောင့်
ကျေးရွာတွေမှာနေထိုင်ကြတဲ့ လူငယ်တွေ တစ်ဖက်နိုင်ငံထဲကို ထွက်ပြေးသွားကြလို့ အချိုးကျပေးဖို့အခက်အခဲရှိနေပါတယ်။
ကျေးရွာလူကြီးတွေအနေနဲ့ KIAတပ်ဖွဲ့တွေကို တစ်ရွာတစ်ယောက်နှုန်းတောင်းပန်ပြောဆိုပေမယ့်
KIA ဘက်ကအလျော့ပေးခြင်းမရှိခဲ့ပါဘူး။ လူတစ်ယောက်မပေးနိုင်ရင် တစ်ယောက်အတွက်ငွေကျပ်
၁၆ သိန်းပေးရမယ်လို့သတ်မှတ်ခဲ့ပြီး မပေးနိုင်တဲ့ ရွာ လူကြီးတွေကိုသေနတ်ပြောင်းရှေ့မှာ
လာရပ်ရမယ်လို့ ပြောခဲ့တဲ့ အကြောင်း လွယ်ဟိုဆေရွာလူကြီးတစ်ဦးဖြစ်တဲ့ ဦးအိုက်မောင်းကခုလိုပြောပြပါတယ်။
``ကျနော်တို့ရွာတွေမှာ KIA အတွက်တပ်သားသစ်အမြဲပေးနေရပါတယ်။ အစိုးရတပ်တွေနဲ့တိုက်ပွဲတွေ
ဖြစ်တုန်းကလဲ အရေးပေါ်လိုအပ်လို့ဆိုပြီး ရွာသားတွေကို အတင်းခေါ်ပါတယ်။ တစ်ချို့ဆို တိုက်ပွဲတွေမှာ
သေနတ်မှန်လို့သေသွားတဲ့သူတွေရှိပါတယ်။ သူတို့အတွက် KIAက ဘာမှ ပိုက်ဆံမပေးပါဘူး။ရွာတွေကပဲ
ဝိုင်းပြီးပိုက်ဆံပေးရပါတယ်။ အခုတစ်ခါ တစ်ရွာ ၆ ယောက်ပေးရမယ်တဲ့၊ ရွာတွေမှာ ၆ယောက်ဘယ်ရှိမလဲ
အဲဒါလူ မပေးနိုင်ရင် တစ်ယောက်ကို ၁၆ သိန်းပေးရမယ်၊
မပေးနိုင်ရင်ရွာလူကြီးတွေကို သတ်ပစ်မယ်လို့ပြောပါ တယ်´´
ဒါကတော့ လွယ်ဟိုဆေးရွာက ဦးအိုက်မောင်းရဲ့
ပြောကြားချက်ဖြစ်ပါတယ်။ KIA အဖွဲ့အနေနဲ့ တစ်ဖက် မှာ ငြိမ်းချမ်းရေးလုပ်မယ်ပြောနေသလို
တစ်ဖက်မှာလဲ လူသစ်စုဆောင်းပြီး တပ်ရင်းတွေတိုးချဲ့ဖို့ပြင်ဆင်နေ ပါတယ်။ဒေသခံရွာသားတွေအနေနဲ့ကတော့
တောင်ယာစိုက်ပျိုးပြီး အေးအေးဆေးဆေး နေထိုင်ရတော့မယ် ဆိုပြီးမျှော်လင့်နေပေမယ့် လူသစ်စုဆောင်းနေတဲ့
KIA ကြောင့် မျှော်လင့်သလိုဖြစ်မလာသေးဘူးလို့ သိရှိရ ပါတယ်။