ရပ်ကွက်နေပြည်သူအချို့အား အတင်းပြောင်းရွှေ့ခိုင်းသည့် ဦးအိုက်လင်းကို သမ္မတရုံးသို့ တိုင်ကြား စာပို့

ရန်ကုန်၊ ဖေဖော်ဝါရီလ ၇ရက်။

ဂရိတ်နိုင်း ကျောက်မျက်ရတနာကုမ္ပဏီလီမိတက်အား ပိုင်ဆိုင်သည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးအိုက်လင်းသည်ရန်ကုန်မြို့ရှိရပ်ကွက်မြေနေရာအချို့အားမသမာသောနည်းလမ်းဖြင့်ဖယ်ရှားမှုများပြုလုပ်လျက်
ရှိကြောင်း ဖေဖော်ဝါရီ ၇ ရက်နေ့ မြောက်ဥက္ကလာပမြို့နယ်ရှိ သုတ္တဝတီခန်းမ၌ ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အားစုအဖွဲ့မှ ကျင်းပပြုလုပ်သည့် သတင်းစာ
ရှင်းလင်းပွဲတွင် အဖွဲ့ ခေါင်းဆောင် ဦးထင်ကျော်၏ ပြောကြားချက်အရ သိရသည်။

"ဦးအိုက်လင်းက ဗိုလ်ချုပ်၊ လ.ဝ.က၊ ပြည်ထဲရေး၊ စည်ပင်၊
အိုးအိမ်နဲ့ စစ်ဘက်ဗိုလ်မှူးတွေကို ခုတုံးလုပ်ပြီးတော့ ရပ်ကွက်တွေကို ပြောင်းရွှေ့ စရိတ်ပေးပြီး အတင်းခြိမ်းခြောက် ဖယ်ရှားခိုင်းတယ်။ အဲဒီလိုမျိုးဆိုရင် နိုင်ငံတော်သမ္မတကြီး
ပြောပြော နေတဲ့ ကောင်းမွန်တဲ့အုပ်ချုပ်ရေးနဲ့ သန့်ရှင်းတဲ့ အစိုးရဆိုတာ ဖြစ်လာမှာမဟုတ်ပါဘူး။ ပြောသလိုဖြစ်လာ
စေချင်ရင်တယ်ဆို ရင်တော့ တရားဥပဒေစိုးမိုးအောင်လုပ်ဖို့
အရေးကြီး ပါတယ်။ အဲဒီအတွက်လည်း အခုလိုမျိုး ခရိုနီ
မျိုးတွေကို အရင်ဆုံးဖယ် ရှားသင့်ပါတယ်"ဟု ၎င်းက
ပြောကြားသည်။

ထို့ပြင် ဦးအိုက်လင်းသည် ဂရိတ်နိုင်းကျောက်မျက်ရတနာ
ကုမ္ပဏီ လီမိတက်သာမက ရန်ကုန်မြို့ရှိ နန်းထိုက်တော်ဝင် စားသောက်ဆိုင်များနှင့် ငှက်သိုက်အားဆေးထုတ်လုပ်ရေး
လုပ်ငန်းအား ပိုင်ဆိုင်သူတစ်ဦးဖြစ်ကြောင်း သိရှိရပြီး ၎င်းအား ဒီမိုကရေစီအရေး စဉ်ဆက်မပြတ် လှုပ်ရှားမှု အင်အားစုအဖွဲ့မှ
နိုင်ငံတော်သမ္မတရုံးသို့ စာတင်တိုင်ကြားထားကြောင်း သိရသည်။

ထို့နောက် မန္တလေးတိုင်း ချမ်းအေးသာစံမြို့နယ်နေ ဂရိတ်နိုင်း
ကျောက်မျက်ရတနာကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာတစ်ဦး ဖြစ်သူ ဦးစိုင်းစုံကို နှင့် ဦးစိုင်းရီဆွေတို့နှစ်ဦးကိုလည်း မန္တလေးတိုင်း မဟာအောင်မြေမြို့နယ်တွင်နေထိုင်သူ ဒေါ်ချင်ရှိုးမှ ဆန်အိတ်ပေါင်း ၄၄၀၀နှင့် တန်ဘိုးငွေ ၇၉၃သိန်းအား ကိုယ်ကျိုးအတွက် အသုံးပြုသည်ဟုဆိုကာ မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်ရှိ အုန်းကျောရဲစခန်း၌ ၉ရက် ၅လပိုင်း ၂၀၀၈ ခုနှစ်တွင် အမှုဖွင့်
ထားကြောင်း အဆိုပါသတင်းစာရှင်းလင်းပွဲ၌ ထည့်သွင်းပြော
ကြားချက်အရ သိရသည်။

TMA

ရပ်ကွက်နေပြည်သူအချို့အား အတင်းပြောင်းရွှေ့ခိုင်းသည့် 
ဦးအိုက်လင်းကို သမ္မတရုံးသို့ တိုင်ကြား စာပို့

ရန်ကုန်၊ ဖေဖော်ဝါရီလ ၇ရက်။

ဂရိတ်နိုင်း ကျောက်မျက်ရတနာကုမ္ပဏီလီမိတက်အား 
ပိုင်ဆိုင်သည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးအိုက်
လင်းသည် ရန်ကုန်မြို့ရှိ ရပ်ကွက်မြေနေရာအချို့အား မသမာသောနည်းလမ်းဖြင့် ဖယ်ရှားမှုများပြုလုပ်လျက်
ရှိကြောင်း ဖေဖော်ဝါရီ ၇ ရက်နေ့ မြောက်ဥက္ကလာပမြို့
နယ်ရှိ သုတ္တဝတီခန်းမ၌ ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်
လှုပ်ရှားမှု အင်အားစုအဖွဲ့မှ ကျင်းပပြုလုပ်သည့် သတင်းစာ
ရှင်းလင်းပွဲတွင် အဖွဲ့ ခေါင်းဆောင် ဦးထင်ကျော်၏ ပြောကြား
ချက်အရ သိရသည်။

SHARE THIS