ကျန်ရှိနိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရန် စီစစ်ရေးကော်မတီဖွဲ့စည်း

နေပြည်တော်၊ ဖေဖော်ဝါရီ ၇။

ဖေဖော်ဝါရီလ ၆ရက်နေ့ ရက်စွဲဖြင့် နိုင်ငံတော်သမ္မတမှ လူသားချင်းစာနာထောက်ထားခြင်းအားဖြင့် လက်ကျန်
နိုင်ငံရေးအ ကျဉ်းသားများ စီစစ်ရေးကော်မတီတစ်ခု ဖွဲ့စည်းလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံး ဝက်ဆိုက်၏ သတင်းဖော်ပြချက်အရ သိရှိရသည်။

အဆိုပါ ကော်မတီအား နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာနမှ
ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းအား ဥက္ကဋ္ဌအဖြစ်
ခန့်အပ်တာဝန်ပေးအပ်၍ အခြားအဖွဲ့ဝင်ကိုယ်စားလှယ်များ
အဖြစ် နိုင်ငံရေးပါတီနှင့် အစိုးရဝန်ကြီးဌာနအချို့မှ ဝန်ကြီးများ
ဖြင့် ပူးပေါင်းဖွဲ့စည်းထားကြောင်း သိရှိရသည်။

"အခုလိုမျိုးဖွဲ့စည်းလိုက်တယ်ဆိုတော့ ကောင်းတာပေါ့ဗျာ။ အရင်တုန်းကဆိုရင် နိုင်ငံရေးအကျဉ်းသား ရှိတယ်လို့တောင်
ပြောခွင့်မရှိသလို ရေးသားဖော်ပြခွင့်လည်းမရှိဘူးဆိုတာ အားလုံးသိနေတာပဲ။ ဒီကော်မတီဖွဲ့စည်းတယ်ဆိုတာ
တော်တော်ကောင်းပါတယ်"ဟု ၈၈မျိုးဆက်ကျောင်းသား
ခေါင်းဆောင် ကိုမြအေးက ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံအကျဉ်းထောင်များ၌ လက်ရှိအချိန်အထိ ဖမ်းဆီးထိန်းသိမ်းခြင်းခံနေရသော ကျန်ရှိနိုင်ငံရေး အကျဉ်း
သားပေါင်း ၃၀၀နီးပါးခန့်ရှိကြောင်း ၎င်း၏ ပြောပြချက်အရ
သိရသည်။

ထို့နောက် ကော်မတီဖွဲ့စည်းရခြင်းသည် ကျန်ရှိသည့်
နိုင်ငံရေးအကျဉ်းသားများ မည်မျှကျန်ရှိသည်နှင့် လွှတ်ပေးသင့်သည့် နိုင်ငံရေးအကျဉ်းသားများအား
လွှတ်ပေးရန် ညှိုနှိုင်းစီစစ်၍ နိုင်ငံတော်သမ္မထံသို့ တင်ပြရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မ တရုံးဝက်ဆိုက်၌ ထည့်သွင်းဖော်ပြချက်အရ သိရသည်။
The Myanma Age
TMA

SHARE THIS
Previous Post
Next Post