အင်းတော်မြို့နယ်အတွင်း တရားမ၀င်သစ်များ ဖမ်းဆီးရမိ

ဖေဖော်ဝါရီ ၂၄ ရက်၊ ၂၀၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်း၏ လမ်းညွှန်မှုဖြင့် ကသာမြို့နယ်၊ သစ်တောဦးစီးဌာန၊ တောအုပ်ကြီးဦးကျော်ဦး
ခေါင်းဆောင်ပြီး တောအုပ်များ ဦးမိုးဟန် (ခရိုင်)၊ ဦးအုန်းကိုကိုဝင်း (ခရိုင်)၊ ဦးဘိုသိန်း (အင်းတော်)၊ တောခေါင်းများ ဦးတင်မောင်အုန်း (ခရိုင်)၊ ဦးဌေးဝင်း (အင်းတော်)၊ ဦးဆန်းဝင်း (အင်းတော်)တို့ပါဝင် သော သစ်တောမှုဖမ်းဆီးရေးခရိုင် စစ်ကြောင်းအဖွဲ့သည် (၄.၂. ၂၀၁၃)ရက်နေ့ (၁၅၃၀) အချိန် အင်းတောမြို့နယ်၊ ဂဟဲအပတော 92-D/4SM-761806 တွင် ကျွန်း သစ် (၃.၀၇) တန်၊ ကျွန်းခွဲသား (၀.၈၈၈)တန်၊ ကညင်ခွဲသား (၀.၆၃၈၈) တန်၊ ယင်းမာခွဲသား (၀.၈၂၅) တန်၊ သစ်စက် (၁) လုံး နှင့် ဆက်စပ်ပစ္စည်း (၅) မျိုးတို့ အား ပိုင်ရှင်နှင့်အတူ ဖမ်းဆီးရမိ ပြီး သစ်တောဥပေဒပုဒ်မ ၄၂ (ဂ)၊ ၄၃ (က) တို့ဖြင့် အရေးယူဆောင် ရွက်လျက်ရှိသည်။
...
အလားတူ ဖေဖော်ဝါရီ (၅) ရက်နေ့ (၈) နာရီအချိန်တွင် အင်းတော်မြို့နယ်၊ ဂဟဲကြိုး (၂၉)၊92-D/4SM-782833 နေရာတွင် ကျွန်းသစ် (၃.၇၄၆) တန်နှင့် သစ်စက် (၁) လုံးအား ဖမ်းဆီးရ မိပြီး ပိုင်ရှင်အားဆက်လက်စုံစမ်း
ဖော်ထုတ်ဆဲဖြစ်ကြောင်း သိရသည်။

စိုင်းလူမင်း
ွှ့The Hot News

SHARE THIS
Previous Post
Next Post