နယူးဇီလန်အမျိုးသမီး သေဆုံးမှု ကိုကာကိုလာသောက်ခြင်းနှင့် ဆက်စပ်နိုင်

Wednesday, February 13, 2013

အမျိုးသမီးတစ်ဦး သေဆုံးမှုတွင် ကိုကာကိုလာ အချိုရည် သောက်သုံးမှုက ပါဝင်ဆက်နွယ်မှု တစ်ခု ဖြစ်နိုင်ခြင်းအပေါ် မိမိတို့ စောင့်ကြည့်
လေ့လာနေကြောင်း နယူးဇီလန် ရဲတပ်ဖွဲ့က ပြောကြားလိုက်သည်။ ထိုအချက်က ကမ္ဘာကျော် ဖျော်ရည် အမှတ်တံဆိပ်ကို နှစ်ခြိုက်စွာ
သောက်သုံးနေသူများအတွက် ထိတ်လန့်စရာ သတင်းမျိုး ဖြစ်လာသည်။

လွန်ခဲ့သည့် (၃)နှစ်က သေဆုံးခဲ့သည့် အသက်(၃၀)အရွယ် အမျိုးသမီး တစ်ဦး၏ ကိစ္စတွင် ကိုကာကိုလာ အချိုရည် အမြောက်အမြား လွန်ကဲစွာ သောက်သုံးခဲ့ခြင်းက ဆက်နွယ်မှု ရှိနေကြောင်း သိရသည်။

နာတာရှာ ဟားရစ်သည် ရုတ်တရက် နှလုံးဖောက်ပြန်ပြီး အနိစ္စရောက်ခဲ့ခြင်း ဖြစ်သည်။ သူမသည် ကဖိန်းဓာတ်နှင့် သကြားဓာတ်တို့ ပါဝင်သည့် ကိုကာကိုလာ အချိုရည်ကို တစ်နေ့လျှင် (၁၀)လီတာမျှထိ ပုံမှန်သောက်လေ့ ရှိသည်။

Planet Myanmar Network

နယူးဇီလန်အမျိုးသမီး သေဆုံးမှု ကိုကာကိုလာသောက်ခြင်းနှင့် 
ဆက်စပ်နိုင်

SHARE THIS
Previous Post
Next Post