လူငယ်ကစားသမားများ ပျက်စီးရန်လမ်းစ အလွန်များကြောင်း ဖာဂူဆန်မှတ်ချက်ပြု

Wednesday, February 13, 2013

မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်က
ခေတ်သစ် ဘောလုံးလောကတွင် လူငယ် ကစားသမားလေးများ ပျက်စီးရန် လမ်းစ အလွန်များပြားကြောင်း မှတ်ချက်ပြု ပြောကြားလိုက်သည်။ ဖာဂူဆန်သည် လူငယ် ကစားသမားလေးများကို လမ်းကြောင်းမှန် တည့်မတ်ပေးပြီး စည်းကမ်း ကြပ်မတ်မှု အပိုင်းတွင် အလွန် ထူးချွန်သူ တစ်ဦးအဖြစ် နာမည်ကြီးနေသည်။

၎င်းသည် ရိုင်ယန်ဂစ်ကို လူငယ်ဘဝမှ အသက်(၃၉)နှစ် ရှိလာသည်
အထိ ပရော်ဖက်ရှင်နယ် အဆင့်တွင် တည်ငြိမ်စွာ ကစားနိုင်ရန် တည့်မတ်ပေးခဲ့သူ ဖြစ်သည်။ လတ်တလောတွင်လည်း မန်ယူအသင်း လူငယ်အကယ်ဒမီမှ ဒန်နီဝဲလ်ဘက်နှင့် တွမ်ကလီဗာလေ အစရှိသည့် ကစားသမားလေးများ တောက်ပလာအောင် ဖာဂူဆန်က အရောင်တင်ပေးခဲ့သည်။

Planet Myanmar Network

SHARE THIS
Previous Post
Next Post