အပူချိန်မြင့်တက်မှုကြောင့်ရေရှားပါးမှု ကြုံတွေ့နိုင်

Friday, 01 February 2013 

ယခုနှစ်ပိုင်း နွေရာသီတွင် အပူချိန်မြင့်တက်ရန်ရှိ၍ အပူချိန်မြင့်တက်
လာမှုကြောင့် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများတွင် ရေရှားပါးမှုများ ကြုံတွေ့လာနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒပညာရှင် ဦးထွန်းလွင်က ဇန်န၀ါရီ ၂၈ ရက်တွင် မြန်မာသံတော်ဆင့်သို့ ထုတ်ဖော်ပြောကြား
လိုက်သည်။

အဆိုပါနွေရာသီ အပူချိန်မြင့်တက်လာမှုနှင့် ပတ်သက်၍ အယ်နီညို
မဖြစ်လာနိုင်သေးသော်လည်း အယ်နီညိုနီးပါးဖြစ်လာနိုင်၍ အပူချိန်ပို၍
မြင့်တက်လာနိုင်ကြောင်း၊ မြန်မာနိုင်ငံ၏ အဓိက မြစ်ကြီးများတွင် လက်ရှိရေခန်း ခြောက်မှုများဖြစ်ပေါ်နေကြောင်း၊ ၎င်းကဲ့သို့
ရေခန်းခြောက်ခြင်းကြောင့် ပြည်တွင်းရေကြောင်း သွားလာရေးနှင့်
သောက်သုံးရေပြဿနာများ ကြုံတွေ့လာနိုင်ကြောင်း၊ ၎င်းအပူချိန်
မြင့်တက်မှု ပြဿနာများသည် မတ်လ ၁ ရက်မှ ဧပြီ ၁၅ ရက်အတွင်း
ဖြစ်ပေါ်လာနိုင်ကြောင်း၊ ဧပြီ ၁၅ ရက် မိုးကြိုကာလတွင်လည်း မိုးတိမ်တောင် အန်္တရာယ်ရှိနိုင်ပြီး အဆိုပါအန္တရာယ်နှင့် ဆက်စပ်၍ မိုးကြိုးပစ်ခြင်းများ၊
လေဆင်နှာမောင်းများ၊ မိုးကြီး၍ မြေပြိုခြင်းများ ဖြစ်ပေါ်လာနိုင်၍ ကြိုတင်ကာကွယ်မှုများ ပြုလုပ်သင့်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒပညာရှင်ဦးထွန်းလွင်မှ ဆက်လက်ပြောကြားခဲ့သည်။

““နွေရာသီက အပူချိန်ဖြစ်မြဲထက် ၆၀ ရာခိုင်နှုန်းပိုမယ်။ မြန်မာနိုင်ငံ
အလယ်ပိုင်း မြစ်ဝကျွန်း ပေါ်ဒေသများမှာ မိုးရွာသွန်းမှုနည်းမယ်။ စိုးရိမ်စရာက အပူချိန်မြင့်တက်လာနိုင်ပြီး ရေရှားပါးမှု
ပြဿနာဖြစ်လာနိုင်တယ်။အညာဘက်ဒေသတွေမှာ သောက်သုံးရေရှားပါးမှု
ပြဿနာတွေဖြစ်လာနိုင်တယ်။ ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းဖြစ်မှုနည်းပါးလို့ မုန်တိုင်းမိုးအားကိုးတဲ့ အလယ်ပိုင်းဒေသ
တွေအတွက်ကတော့ မိုးရွာသွန်းမှု လျော့နည်းနိုင်တယ်။ (Heat Index) မြင့်လာလေလေ အပူချိန်က မြင့်တက်လာလေပဲ။ တိမ်တွေဖြစ်ပေါ်ပြီး မိုးမရွာတာတွေမနှစ်ကထက်အပူချိန်မြင့်တက်
လာတာတွေအထူးဂရုစိုက်ဖို့လိုပါတယ်”” ဟု ၎င်းမှ ထပ်မံပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် အပူချိန်စံချိန်သစ်ကို ၂၀၁၂ ခုနှစ်၊ ဧပြီလ ၁၇ ရက်၊ ချောက်မြို့တွင် ၄၆ ဒသမ ၁ ဒီဂရီစင်တီဂရိတ် (၁၁၅ ဒသမ ၀ ဒီဂရီဖာရင်ဟိုက်) အဖြစ်စံချိန်တင်ခဲ့ပြီး ဒုတိယအကြိမ်အဖြစ် ၂၀၁၂၊
မေလ ၁၅ ရက် ယင်းချောက်မြို့၌ပင် ၄၆ ဒသမ ၃ ဒီ ဂရီစင်တီဂရိတ် 
(၁၁၅ ဒသမ ၃ ဒီဂရီဖာရင်ဟိုက်) အထိ စံချိန်သစ်တင်ခဲ့ရာ ၂၈ နှစ်ကာလအတွင်း မေလ ၁၅ သည် အမြင့်ဆုံးအပူချိန် စံချိန်သစ်ဖြစ်ကြောင်း မိုးလေ ၀သနှင့် ဇလဗေဒညွှန်ကြားမှု
ဦးစီးဌာန သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားခဲ့သည်။

Myanmartandawsint Newspaper

လေးမြို့ သတင်းမီဒီယာအား စဉ်ဆက်မပြတ် ၊ မရိုးရလေအောင် နှင့် သတင်းများ အလျင်အမြန်ဆုံးတင်ဆက်ပေးနိုင်အောင် ကြိုးစားနေပါကြောင်းသတင်းကောင်းပါးအပ်ပါသည်။ ၀င်ရောက်ကြည့်ရှုသူများအားလည်း အထူးကျေးဇူးတင်ရှိပါသည်။....

SHARE THIS
Previous Post
Next Post