ဆီးရီးယား နိုင်ငံ ဒမတ်စကပ်စ်မြို့ အနီး ဂျမ်ရာယာ ဒေသရှိ သိပံ္ပပညာ ဆိုင်ရာ
သုတေသန အဆောက်အအုံ တစ်ခုကို အစ္စရေး တိုက်လေယာဉ် များက ဗုံးကြဲ
တိုက်ခိုက်ခဲ့ရာ နှစ်ဦး သေဆုံးခဲ့ပြီး ငါးဦး ဒဏ်ရာ ရရှိခဲ့ ကြောင်း
ဆီးရီးယား စစ်တပ်မှ ပြောကြား ခဲ့သည်။
အစ္စရေး တိုက်လေယာဉ် များသည် ဆီးရီးယား လေပိုင်နက် အတွင်းသို့ ဇန်နဝါရီ ၃ဝ ရက် အရုဏ် တက်ချိန်က ကျူးကျော် ဝင်ရောက်၍ ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဇန်နဝါရီ ၃ဝ ရက်က ထုတ်ပြန်သော အစီရင် ခံစာ တစ်စောင်တွင် ဆီးရီးယား စစ်တပ်မှ ပြောကြား ထားကြောင်း AFP သတင်း ဌာနက ဖော်ပြခဲ့သည်။
ထိုသို့ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် အဆောက် အအုံသည် အကြီးအကျယ် ပျက်စီးခဲ့ပြီး ဆုံးရှုံးမှုများ ဖြစ်ပေါ် ခဲ့ကြောင်း ဆီးရီးယား စစ်တပ်က ပြောကြားခဲ့သည်။ ယင်းတိုက်ခိုက်မှုသည် ဆီးရီးယား နိုင်ငံမှ ဓာတုလက်နက် များကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း အစ္စရေး အစိုးရက အစောပိုင်းတွင် ပြောကြား ခဲ့သည်။
ဆီးရီးယား ပြည်တွင်းစစ်သည် ယခုအခါ တစ်စထက်တစ်စ ဆိုးရွားလာလျက် ရှိပြီး အတိုက်အခံ များသည် ယခုအခါ နိုင်ငံ အတွင်း စစ်ရာဇဝတ်မှု များကို ကျူးလွန်လျက် ရှိသည်ဟု လူ့အခွင့်အရေး အဖွဲ့အစည်း များက စွပ်စွဲထားကြောင်း သတင်း ရရှိသည်။
Credit to :မြ၀တီ