၂ ထောင်လောက်ကနေ ဘတ် ၄ သောင်း ဝန်းကျင် .. စူပါ ဗိုက်စာ - မန်နေဂျာ နဲ့
အကြီးတန်း လစာဟာ ၄ သောင်းကနေ ၁ သိန်းကြား နဲ့ အဲဒီ အထက်ပေါ့ .. ထိုင်းမှာ
နေတတ်ရင် တစ်လကို တိုက်ခန်းခ ဘတ် ၂၅ဝဝ ကနေ စတယ် ..
ယနေ့ပေါက်ဈေး
ဘတ် ၃၆၇ဝ လောက်က မြန်မာငွေ တစ်သိန်းနဲ့ ညီတယ်။ ကျွန်တော်နေတဲ့
တိုက်ခန်းဆို ဘတ် ၂၈ဝဝ .. အဲဒါက မြန်မာပြည်အပြောဆို လန်ထွက်နေတယ် ခေါ်ရမယ် -
ကြွေပြားအပြည့်ခင်းထားတယ်၊
အင်တာနက် အလကားပေးတယ်၊ တီဗီလိုင်းပါမယ်၊ အဲကွန်းကို နေ့စဉ်ဖွင့် ဝါတားဟီတာနဲ့ တစ်နေ့ရေ နှစ်ခါချိုးတာ တစ်လ ငွေရှင်းရင် ဘတ် ၃၂ဝဝ ကနေ ၃၆ဝဝ ဝန်းကျင် ပဲ ကျတယ်။
မြန်မာပြည်မှာ အဲဒီလိုသွားနေလို့ မရဘူး။ တစ်နေ့ကို ထမင်းသုံးနှပ်နဲ့ အခြား သွားရည်စာတွေ စားအုံး ဘတ် ၂ဝဝ မကျဘူး။ ဒါတောင် ခြွေတာစားတတ်ရင် ဘတ် ၁ဝဝ လောက်ဆို ဟင်း ၃ ၄ ၅ မျိုးနဲ့ စားလို့ရတယ်။ အိမ်မှာ ချက်စားတတ်ရင် တစ်လ ဘတ် ၂ဝဝဝ မကျဘူး။ တစ်လလုံး အကုန်ပေါင်းမှ နေစရိတ် စားစရိတ် နဲ့ သွားစရိတ်ဟာ ဘတ် ၇၅ဝဝ ဆို လောက်နေပြီ။ မြန်မာငွေ ၂ သိန်းပဲ ရှိမယ်။
ကျန်တာက အပိုစုငွေဖြစ်နေပြီ။ ထိုင်းအခေါ်အရ တစ်လ ဘတ် ၂ သောင်းလောက် ဝင်ရင် သူဌေးသုံး သုံးလို့ရတယ် ဆိုတာ တကယ်မှန်တယ်။ ဘာမှ မကျန်အောင် သုံးတာကိုပြောတာ။
မက်ဒေါနယ်တွေ နေ့တိုင်းလိုလိုစား .. စူရှီဆိုင်သွား .. ကိုရီးယားဆိုင်တွေ ထိုင် .. အဲဒီလို ဆိုင်အကြီးတွေမှာ စားရင် တစ်ခါထိုင် တစ်ပွဲကို ပျှမ်းမျှ ဘတ် ၁ဝဝ ကနေ ဟိုဟာမှာ ဒီဟာမှဆိုတောင် ပျှမ်းမျှ ဘတ် ၃ဝဝ ပဲ။ အဲဒီလို လခက မြန်မာငွေ ၅ သိန်းခွဲလောက် နဲ့ အဲဒီလို မြန်မာပြည်မှာ စားလို့ မရဘူး ဆိုတာ လူတိုင်းသိတယ်။
အဲဒီတော့ .. ကုန်ဈေးနှုန်းလည်း စံချိန်စံနှုန်း စနစ်တစ်ခုဖြစ်နေရမယ်။ သူ့ဝင်ငွေ ထွက်ငွေက မျှနေရမယ်။ ဆိုကြပါစို့ မဟာချိုင်လို ငါးလုပ်ငန်းမှာ လုပ်နေတဲ့ မြန်မာလုပ်သားတွေဆို တစ်ရက် ပျှမ်းမျှ ဘတ် ၂ဝဝ ကနေ ဘတ် ၃ဝဝ လောက်ရတယ်။
တစ်ပါတ် ၆ ရက်လုပ်တယ်။ သူတို့ပတ်ဝန်းကျင်မှာ ထမင်းနဲ့ဟင်း ၂ မျိုး ၃ မျိုးပုံပြီးပေးတာဟာ ၂၅ ဘတ် ကနေ ဘတ် ၄ဝ ပဲ။ ဒါကိုမစားချင်တောင် လပေး နဲ့ ၂ နှပ် ချိုင့်ဆွဲစားရင် ဘတ် ၁၂ဝဝ ကနေ ၁၅ဝဝ ဝန်းကျင်ပဲ။
အဲဒီတော့ သူတို့လခနဲ့ သူတို့လုံလောက်တဲ့ အပြင် ကျန်တာတွေက အပိုဖြစ်နေတယ်။ အိမ်ခန်းဆိုလည်း ဘတ် ၂ဝဝဝ - ၂၅ဝဝ တန်လောက်ကို သုံးယောက် စုနေကြတယ်။ အဲဒီတော့ တစ်ချို့ဆို iPhone 4S တောင် ဝယ်လိုက်သေးတယ်။
အဲဒီလို အခြေခံခလ လူတန်းစားပေါင်းစုံ နေနိုင်စားနိုင်တဲ့ စနစ်တစ်ခု အရင် တည်ဆောက်နိုင်မှသာ
( Myo Han Htun)
ကြံကို စိုက်ခင်းကနေ စက်ရုံရောက်အောင် ပို့တဲ့ လမ်းစားရိတ်က ယိုးဒယားမှာ မြန်မာငွေ ၃၀၀၀ လောက်ဘဲရှိတယ်။ မြန်မာပြည်မှာက ကျပ် ၁၅၀၀ ကနေ ၂၀၀၀၀ လောက်ကုန်နေတယ်။
နောက် ပြီး နိုင်ငံတကာ ပို့ဖို့ ဈေးကွက်ပို့ဖိ့ စားရိတ်တွေကလည်း ကွာနေတယ်။
နေက်ပြီး ယိုးဒယားမှာ စက်ရုံလိုင်စင်ရရင် မြေကို အစိုးရက ငှားပေးပြီး လမ်းဖောက် မီးသွယ်သူတို့လုပ်ပေးတယ် ကိုယ်က အခွန်မှန်မှန်ဆောင်နေယုံဘဲ။
(မန္တလေး ကြံဥက္ကဋ္ဌ)
လောလောဆယ်တော့ နံနက် အလုပ်သွားဖို့ လာကြတဲ့ ရုံးအလုပ်သမားတွေ ရထားပေါ်မှာတေံ့တာတော့ မြန်မာတွေလို ထမင်းချိုင့်တွေယူ
လာကြတာမတွေ့ဘူး မနက်အလုပ်မရှုပ်သလို စားသောက်ဆိုင်တွေလည်း အလုပ်ကောင်းကြတယ်။
သိန်း ၃၀ လောက်နဲ့ TOYOTA လိုကားသစ်ကို အကြွေးဝယ်စီးနိုင်ကြတယ်။
မြန်မာပြည်လို လေဘေးကာဘဲ စီးခွင့်ပေးပြီး ကားသစ်ကို အခွန်နဲ့ကာတာမျိုးမလုပ်ဘူး။သူတို့အစိုးရက တိုင်းပြည်ရဲ့ လုပ်ငန်းသုံးပစ္စည်းနဲ့ ဇိမ်ခံပစ္စည်းကို ခွဲတတ်ကြတယ်။ အခွန်ရအောင်ကောက်နိုင်တယ်။
Thit Htoo Lwin blog

မြန်မာပြည်လို လေဘေးကာဘဲ စီးခွင့်ပေးပြီး ကားသစ်ကို အခွန်နဲ့ကာတာမျိုးမလုပ်ဘူး။သူတိ
Thit Htoo Lwin blog