ဗြိတိန်နိုင်ငံမှ အသက် ၂၆ နှစ်အရွယ် အမျိုးသမီး ရှစ်လအတွင်း ကလေး နှစ်ဦး အောင်မြင်စွာမွေးဖွား

Sunday, 03 February 2013

ဗြိတိန်နိုင်ငံ ဝေလနယ်မှ အသက် ၂၆ နှစ် အရွယ်ရှိ ကလဲအွန်ရော့ဒ် ဆိုသူ အမျိုးသမီး တစ်ဦးသည် ရှစ်လ အတွင်း ကလေးနှစ်ဦးကိုအောင်မြင်စွာ
မွေးဖွား နိုင်ခဲ့ကြောင်း အဆိုပါ ကလေး နှစ်ဦးမှာ အမြွှာပူး မဟုတ်ကြောင်း
နေ့စဉ်ထုတ် Telegraph သတင်းစာတွင် ဖော်ပြ ထားသည်။

ကလဲသည် ၂၅ ပတ်ကြာ ကိုယ်ဝန် ဆောင်ခဲ့ပြီး ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလ
၆ ရက်တွင် အားလက်စ် အမည်ရှိ မိန်းကလေး တစ်ဦးကို
ဆေးရုံ၌ အောင်မြင်စွာ မွေးဖွား နိုင်ခဲ့ကြောင်း၊ ထိုကလေးငယ်မှာ ၁ ပေါင်နှင့် ၃ အောင်စ အလေးချိန် ရှိကြောင်း၊ ကလေးငယ်ကို အသက်ရှင် မည်ဟု ဆရာဝန် များက ထင်မှတ် မထားသော်လည်း ကလေးငယ်မှာ အသက် ရှင်ခဲ့ကြောင်း သတင်းစာတွင် ဆက်လက် ဖော်ပြ ထားသည်။

အားလက်စ်ကို မွေးဖွား ပြီးနောက် ကလဲသည် ပဋိသန္ဓေ တားဆေးကို မှီဝဲလျက် ရှိသော်လည်း သီတင်းပတ် ခုနစ်ပတ် အကြာတွင် သူမ၌ ကိုယ်ဝန် ထပ်မံ ရရှိခဲ့ကြောင်း သိရသည်။ သူမသည် ထပ်မံ ရရှိခဲ့သည့် ကိုယ်ဝန်ကို ၂၉ ပတ်ကြာ လွယ်ထား ခဲ့ရပြီး ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလတွင် ဂါးရတ်သ် အမည်ရှိ သားလေးကို အောင်မြင်စွာ မွေးဖွားနိုင် ခဲ့ကြောင်း၊ ထိုကလေးငယ်မှာ အလေးချိန် ၂ ပေါင် ခန့်ရှိကြောင်း သိရသည်။

ထိုအမျိုးသမီးထံတွင် ထိုကလေး နှစ်ဦးအပြင် အခြား ကလေးငယ် သုံးဦးလည်း ရှိသေး ကြောင်း သိရသည်။

ဲမြဝတီ

SHARE THIS
Previous Post
Next Post