တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစား ပြိုင်ပွဲ များတွင် ပိုက်ကျော်ခြင်း ပြိုင်ပွဲ (အကြိုဗိုလ်လုပွဲ) များ ယှဉ်ပြိုင် နေစဉ်။ တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစား ပြိုင်ပွဲ များတွင် ပိုက်ကျော်ခြင်း ပြိုင်ပွဲ (အကြိုဗိုလ်လုပွဲ) များ ယှဉ်ပြိုင် နေစဉ်။
တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစား ပြိုင်ပွဲများကို ဖေဖော်ဝါရီ ၂ ရက် နံနက်ပိုင်းနှင့် ညနေပိုင်း တို့တွင် နေပြည်တော်ရှိ အားကစား ကွင်းများ၌ ဆက်လက် ကျင်းပ ပြုလုပ်လျက် ရှိရာ
နံနက်ပိုင်းတွင် ပြေးခုန်ပစ် (ကျား၊မ)ပြိုင်ပွဲ များအား ဇေယျာသီရိ တပ်မတော် အားကစားကွင်း၌ လည်းကောင်း၊ ရေကူး အားကစား ပြိုင်ပွဲ၊ လူသစ်တန်း မီတာ ၁ဝဝ အလွတ်ကူး၊ မီတာ ၅ဝ ပက်လက်ကူးနှင့် မီတာ ၄ဝဝ လက်ဆင့်ကမ်း အလွတ်ကူး၊ အကြီးတန်း မီတာ ၂ဝဝ ရင်ပေါင်တန်းကူးနှင့် မီတာ ၄ဝဝ အလွတ်ကူး ပြိုင်ပွဲ များအား ဇေယျာသီရိ ရေကူးကန်၌ လည်းကောင်း၊ တိုက်ကွမ်ဒို ပြိုင်ပွဲများအား ကာကွယ် ရေး ဦးစီးချုပ်ရုံး (ကြည်း)ဝင်း အတွင်းရှိ နဝဒေး ခန်းမ၌ လည်းကောင်း၊ လက်ဝှေ့ ပြိုင်ပွဲအား အမှတ်(၁) အခြေခံ ပညာ အထက်တန်းကျောင်း (သရက်ခုံ)၌ လည်းကောင်း ကျင်းပ ပြုလုပ်လျက် ရှိရာ တိုင်းစစ်ဌာနချုပ် ကိုယ်စားပြု အသင်းများမှ အားကစား သမားများ အသီးသီးပါဝင် ယှဉ်ပြိုင် ကြသည်။
ထို့အတူ ပိုက်ကျော်ခြင်း ပြိုင်ပွဲ အကြို ဗိုလ်လုပွဲ များကို ဇေယျာသီရိ အားကစားရုံ (၁)၌ကျင်းပရာ အကြီးတန်း နှစ်ယောက်တွဲ ပြိုင်ပွဲတွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် အသင်း က အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် အသင်းကို ၃ပွဲ - ၁ပွဲဖြင့် လည်းကောင်း၊ အကြီးတန်း သုံးယောက်တွဲ ပြိုင်ပွဲတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ် အသင်းက အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် အသင်းကို ၃ ပွဲ- ၂ ပွဲဖြင့် လည်းကောင်း၊ အကြီးတန်း သုံးယောက်တွဲ တတိယ နေရာလုပွဲတွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် အသင်းက ကာကွယ် ရေး ဦးစီးချုပ်ရုံး (လေ)အသင်းကို ၃ ပွဲ -၂ ပွဲဖြင့် လည်းကောင်း၊ အငယ်တန်း နှစ်ယောက်တွဲ ဒုတိယ နေရာလု ပြိုင်ပွဲတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ် အသင်းက မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် အသင်းကို ၃ ပွဲပြတ်ဖြင့် လည်းကောင်း၊ တတိယ နေရာ လုပွဲတွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် အသင်းက အနောက်တောင်တိုင်း စစ်ဌာနချုပ် အသင်းကို ၃ ပွဲပြတ်ဖြင့် လည်းကောင်း၊ အငယ်တန်း သုံးယောက်တွဲ ဒုတိယ နေရာလုပွဲတွင် ကာကွယ်ရေး ဦးစီးချုပ်ရုံး (လေ)အသင်းက အရှေ့ ပိုင်းတိုင်း စစ်ဌာနချုပ် အသင်းကို ၃ ပွဲ-၁ ပွဲဖြင့် လည်းကောင်း၊ အငယ်တန်း သုံးယောက်တွဲ တတိယ နေရာလု ပွဲတွင် ကာကွယ်ရေး ဦးစီးချုပ်ရုံး(လေ) အသင်းက အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် အသင်းကို ၃ ပွဲ-၁ ပွဲဖြင့် လည်းကောင်း အသီးသီး အနိုင်ရရှိ သွားကြသည်။
ထို့နောက် ညနေ ၃ နာရီခွဲတွင် တပ်မတော် (ကြည်း၊ ရေ၊ လေ) ဘောလုံး ပြိုင်ပွဲ (ခ)အဆင့် တတိယ နေရာလု ပွဲအား ဇေယျာသီရိ တပ်မတော် အားကစား ကွင်း၌ ကျင်းပ ပြုလုပ်ရာ အမှတ်(၁၁) ခြေမြန် တပ်မ ဌာနချုပ် အသင်းက အမှတ်(၆၆) ခြေမြန် တပ်မ ဌာနချုပ် အသင်းကို ၃ ဂိုး- ၁ ဂိုးဖြင့် အနိုင် ရရှိခဲ့ကြောင်းသတင်း ရရှိသည်။
From : မြ၀တီ