(၆၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆို ဂုဏ်ပြုသော အားဖြင့် နေပြည်တော်
လယ်ဝေးမြို့ အင်တိုင်းသာ ၃ လမ်းနှင့် ၄ လမ်း ကတ္တရာ လမ်းသစ်ဖွင့်ပွဲ
အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီ ၃၇ မိနစ်က ကျင်းပရာ နေပြည်တော်
ကောင်စီဝင် ဦးကံချွန်နှင့် ဦးမြင့်ဆွေ၊ လယ်ဝေးမြို့နယ် ပြည်သူ့ လွှတ်တော်
ကိုယ်စားလှယ် ဦးဌေးဝင်း၊ နေပြည်တော် စည်ပင် သာယာရေး ကော်မတီမှ
ကော်မတီဝင်များ၊ ဌာနမှူးများ၊ မြို့နယ် အုပ်ချုပ်ရေးမှူး နှင့် ဌာန ဆိုင်ရာ
တာဝန်ရှိ သူများနှင့် ပြည်သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ လယ်ဝေးမြို့နယ် အုပ်ချုပ်ရေး မှူးရုံးမှ လက်ထောက် အင်ဂျင်နီယာ ဦးသန့်ဇင်လင်း က အင်တိုင်းသာ ၃လမ်း နှင့် ၄ လမ်းကတ္တရာ လမ်းသစ်နှင့် ပတ်သက်၍ ဆောင်ရွက်ထား ရှိမှုများအား ရှင်းလင်း တင်ပြသည်။ ဆက်လက်၍ အင်တိုင်းသာ ၃ လမ်းနှင့် ၄ လမ်း ကတ္တရာလမ်း သစ် ကို နေပြည်တော် ကောင်စီဝင် ဦးမြင့်ဆွေ၊ နေပြည်တော် စည်ပင် သာယာရေး ကော်မတီ ကော်မတီဝင် ဦးကျော်မြင့်နှင့် မြို့နယ် ဒုတိယ အုပ်ချုပ်ရေးမှူး ဦးကျော်လွင် တို့က ကတ္တရာ လမ်းသစ်အား ဖဲကြိုးဖြတ်၍ ဖွင့်လှစ် ပေးကြသည်။
ထို့နောက် နေပြည်တော် ကောင်စီဝင် နှင့်ဧည့်သည် များသည် ကတ္တရာလမ်း သစ်အား ဖြတ်သန်း ကြည့်ရှုကြသည်။ ယနေ့ ဖွင့်လှစ်သည့် လယ်ဝေးမြို့ရှိ အင်တိုင်းသာ ၃ လမ်းနှင့် ၄ လမ်းသည် အရှည် ပေ ၂၃၆ဝ နှင့် အကျယ် ၁၂ ပေ ရှိပြီး ချိုင့်ခွက်များဖြင့် ယာဉ်များ သွားလာရာတွင် အန္တရာယ် ရှိ သည့်အတွက် ငွေကျပ်သိန်း ၃၆ဝ ခန့် အကုန်အကျ ခံကာ ကတ္တရာလမ်း အဆင့်မြှင့် တင်ဆောင်ရွက် ပေးနိုင်ခြင်း ဖြစ်ကြောင်း၊ ရပ်ကွက်နေ ပြည်သူများ နှင့်ကျောင်းသား၊ ကျောင်းသူများ ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
From : မြ၀တီ