တက္ကသိုလ်ဝင် စာမေးပွဲ စာမေးပွဲဝင်ခွင့် ကတ်ပြားများ ထုတ်ယူနိုင်


16/Feb/2013

၂၀၁၃ ခုနှစ် မတ် ၁၃ ရက်မှ ၂၂ ရက်အထိ ကျင်းပမည့် တက္ကသိုလ်ဝင် စာမေးပွဲကို ဖြေဆိုခွင့် တောင်းထားကြသော ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် တစ်ပြည်လုံးရှိ နယ်စာစစ်ဌာန အသီးသီးတွင် ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများသည် မိမိတို့၏ ဓာတ်ပုံကပ်ထားသည့် ခုံအမှတ်စဉ် ပါသော စာမေးပွဲဝင်ခွင့် ကတ်ပြား (Identity Card) များကို ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်(ကြာသပတေးနေ့) မှ စ၍လည်းကောင်း၊ ရန်ကုန်မြို့မ စည်ပင်သာယာနယ်နိမိတ်အတွင်းမှ ကျောင်းသား ကျောင်းသူများသည် မိမိတို့၏ စာမေးပွဲဝင်ခွင့် ကတ်ပြားများကို ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက် (တနလာင်္နေ့) မှ စ၍ လည်းကောင်း၊ စာမေးပွဲရက်မတိုင်မီ ထုတ်ယူကြရန်။ ထိုသို့ ထုတ်ယူရာတွင် အခြေခံပညာအထက်တန်း ကျောင်း၊ (ကျောင်းခွဲ) နှင့် (တွဲဖက်) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများသည် မိမိတို့၏ စာမေးပွဲဝင်ခွင့် ကတ်ပြားများကို သက်ဆိုင်ရာ မိမိတို့ ကျောင်းအုပ်ကြီးများထံမှ လည်းကောင်း၊ ပြင်ပမှ ဖြေဆိုသူများသည် စာမေးပွဲဝင်ခွင့် ကတ်ပြားများကို မိမိတို့ဖြေဆိုရမည့် စာစစ်ဌာန ကြီးကြပ်ရေးမှူးများထံမှ လည်းကောင်း အသီးသီး ထုတ်ယူနိုင်ကြသည်။ ကျောင်းသားကျောင်းသူများ အနေဖြင့် စာမေးပွဲဝင်ခွင့် ကတ်ပြားများ ထုတ်ယူရာတွင် အခက်အခဲရှိပါက သက်ဆိုင်ရာ ကြီးကြပ်ရေးမှူးများနှင့် မြို့နယ်ပညာရေးမှူး များထံ တိုက်ရိုက်စုံစမ်း မေးမြန်းနိုင်ကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်ဟု ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။

ခေတ်လူငယ်

SHARE THIS
Previous Post
Next Post