ခိုးကူးခွေတွေ ဖမ်းတာထက် လူတွေမှာပိုက်ဆံများများ ရှိဖို့လိုတယ်လို့ဆိုသူ ဂျီလတ်


ကော်ပီသီချင်း ဆိုရတာနဲ့ Owntune ခွေဆိုရတာ ခံစားမှုချင်း ကွာပါတယ်။ ကော်ပီကတော့ နဂိုကတည်း က တစ်ကမ္ဘာလုံးစံနှုန်းနဲ့ ထုတ်ထားတဲ့အခွေ တစ်ခွေ ဖြစ်တယ်။ တစ်ကမ္ဘာလုံးကလည်း အသိအမှတ်ပြု ထားတဲ့ အခွေဖြစ်လို့ အဲဒီလူရဲ့ သီချင်းကိုပြန်ဆိုရတဲ့ အတွက်ကြောင့် ကောင်းမွန်အောင်မနည်းဆိုရပါ တယ်။အဲဒီတော့ Owntune ကျတော့ ကောင်းကောင်း မွန်မွန် မဆိုဘူးလို့မပြောပါဘူး။ Owntune ကျတော့ ကိုယ့် Creation လုပ်လို့ရတယ်။ဒီနေရာမှာ ဒီလိုလေး လုပ်လိုက်လို့ ပိုကောင်းမယ် ထင်ရင်လုပ်ခွင့်ရှိတယ်။ကော်ပီကျတော့ ငါဒီနေရာမှာ ဒီလိုလေး လုပ်လိုက်လို့ ကောင်းမယ် ထင်ရင်တောင် လုပ်ခွင့်မရှိဘူး။ဘာဖြစ်လို့ လဲဆိုတော့ သူများပစ္စည်း ဖြစ်တဲ့အတွက်ကြောင့်ပါ။ Owntune ဆိုတာ ပိုလည်း လွတ်လပ်ပြီးတော့ ပိုလည်း အဓိပ္ပာယ်ရှိတယ်။ကိုယ့် ပစ္စည်းလို့လည်း ပိုသတ်မှတ် လို့ ရပါတယ်။ခိုးလည်းဖြစ် ပြီးသွားပြီလေ။ အခုတော့ တားဆီးနေပြီဆိုတော့ ဝမ်းသာပါတယ်။ အဓိက ကတော့ ခိုးကူးဖမ်းတာတင် မဟုတ်ပါဘူး။လူတွေ လက်ထဲမှာ ပိုက်ဆံများများ ရှိဖို့လည်းအရေးကြီး ပါတယ်။ဒါမှလည်း သူတို့ က မူရင်းခွေ ဝယ်ကြမှာပါ။ခိုးကူးခွေဖမ်းပေမယ့် အမြစ် မပြတ်ဘူးဖြစ် နေတာက တရားဥပဒေစိုးမိုးရေး ကိစ္စရယ်၊ခုနကပြောသလို လူတွေ လက်ထဲမှာ ပိုက်ဆံရှိဖို့ကိစ္စရယ်နဲ့ ဆိုင်တယ်။အားလုံးလက်ထဲမှာ လုံလောက်တဲ့ငွေရှိနေရင် လာဘ် စားတဲ့ အမှုတွေ ဆိုတာလည်း ရှိမှာမ ဟုတ်ဘူး။လူတွေက ခုနကလို ခိုးကြောင်ခိုးဝှက်နဲ့သူများ ပစ္စည်း ကိုခိုး ကူးတာဟာ ရှက်စရာကောင်းတယ် ဆိုတဲ့ အသိလည်း ဝင်လာမှာလေ။ ပညာနဲ့ သူတို့ရဲ့ ဥစ္စာဓနပြည့်စုံလာ တဲ့အချိန်ကျရင် ဒါတွေပပျောက် သွားမှာပါ။အဲဒါတွေမပပျောက် ခင်မှာ စည်းကမ်းရှိအောင် လုပ်နေရတဲ့သဘောပါပဲ။




SHARE THIS