ရခိုင်ရိုးမနှင့် ထမံသီဘေးမဲ့တောအတွင်းရှိ တောဆင်ရိုင်းများအား ဘီဘီစီမှ မှတ်တမ်းရုပ်ရှင် လာရောက်ရိုက်ကူးမည်



ရခိုင်ရိုးမနှင့် ထမံသီဘေးမဲ့တော အတွင်းရှိ တောဆင်ရိုင်းများအား ဘီဘီစီမှ မှတ်တမ်းရုပ်ရှင် လာရောက်ရိုက်ကူးမည်ဖြစ်ကြောင်း ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးအသင်း (Biodiversity and Nature Conservation Association - BANCA) မှသိရှိရသည်။
''မြန်မာနဲ့ ဘီဘီစီနဲ့ပေါင်းပြီး မြန်မာပြည်က တောရိုင်းတိရစ္ဆာန်တွေနဲ့ ပတ်သက်ပြီး မှတ်တမ်းရုပ်ရှင် ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။ ရခိုင်ရိုးမ ဆင်ဘေးမဲ့စခန်းနဲ့ ထမံသီဘေးမဲ့တောက တောဆင်ရိုင်းတွေကို အဓိကရိုက်ကူးသွားမှာပါ'' ဟုလည်း BANCA ဥက္ကဌ ဒေါက်တာထင်လှက ပြောကြားခဲ့သည်။
ဘီဘီစီ အနေဖြင့် မြန်မာပြည်ရှိ တောရိုင်းတိရစ္ဆာန်များနှင့် ပတ်သက်ပြီး မှတ်တမ်းရုပ်ရှင် ရိုက်ကူးရန် ဆန္ဒရှိနေကြောင်းလည်း သိရှိရသည်။
''ဒီလိုရိုက်ကူးနိုင်ဖို့အတွက် ပြန်ကြားရေးဝန်ကြီးဌာန၊ နိုင်ငံတော်သမ္မတရုံး၊ သစ်တောရေးရာ စတဲ့ဌာနတွေက ခွင့်ပြုချက်ရပြီးပါပြီ။ ဘီဘီစီအဖွဲ့က တချို့တွေ အခုဆို ရခိုင်ရိုးမကို ရောက်နေကြပါပြီ။ ရိုက်ကူးမှုက တစ်လခွဲလောက် ကြာမြင့်မှာ ဖြစ်ပြီးတော့ မတ်လ၂၃၊ ၂၄ ဆိုရင် ရန်ကုန်ပြန်ရောက်ကြမှာပါ'' ဟုလည်း ဒေါက်တာထင်လှက ဆက်လက်ပြောကြားခဲ့သည်။
ယင်းကဲ့သို့ ရခိုင်ရိုးမပေါ်ရှိ တောဆင်ရိုင်းများနှင့် ပတ်သက်သည့် မှတ်တမ်းရုပ်ရှင် ရိုက်ကူးရာ၌ အချို့နေရာများအတွက်မူ မီးပုံးပျံဖြင့် ရိုက်ကူးသွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

NEW BY; Eleven Media Group

SHARE THIS
Previous Post
Next Post