ယာဉ်မောင်းလိုင်စင် ရွေ့လျားစနစ်ဖြင့် ပြုလုပ်ပေးနေသည့် မန်း ကညန

Monday, February 11, 2013

ယာဉ်မောင်းလိုင်စင်များကို ရွေ့လျားစနစ်ဖြင့် ဇန်န၀ါရီလ ဒုတိယပတ်မှစတင်ကာ အထက်မြန်မာပြည်နယ်မြို့များ၌ လုပ်ဆောင်ပေး လျက်ရှိကြောင်းကုန်းလမ်း သယ်ယူပို့ဆောင်ရေးနှင့်ညွှန်ကြားမှုဦးစီးဌာန (ကညန)တိုင်းဦးစီးမှူး ဦးသိန်းဦးက ဆိုသည်။

နယ်မြို့များတွင် ယာဉ်မောင်းလိုင်စင်ပြုလုပ်ပေးရန်အတွက် ကညနမှ ၀န်ထမ်းများ စေလွှတ်လျက်ရှိရာတွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်းများ သိရှိနားလည်စေရန် ပညာမှုများလည်း ပြုလုပ်လျက်ရှိသလို နယ်မြို့များ တွင် ယာဉ်တိုက်မှုအရေ အတွက်လျော့နည်းသွားစေရန် ရည်ရွယ်၍ ယခုကဲ့သို့ အကောင်အထည်ဖော် ဆောင်ရွက်ရခြင်းဖြစ်ကြောင်းကိုလည်း သိရသည်။

`နယ်ဘက်တွေမှာ ဆိုင်ကယ်စီးနှုန်းက များတယ်၊နောက်ပြီးဆိုင်ကယ်လိုင်စင်
ချထားပေးတဲ့အခါမှာလည်း နယ်ဘက်က လုပ်ဆောင်တာ ပိုများတယ်၊ ဒါပေမယ့် ယာဉ်စည်းကမ်းနဲ့ပက်သက်ပြီး အသိပညာသိပ်မရှိဘူး၊ ကိုယ် ဘာသာဖြစ် သလိုသင်၊ဖြစ်သလို စီးတယ်၊ အဲဒီတော့ယာဉ်တိုက်မှုက တိုးလာပါတယ်၊နောက် သူတို့က ယာဉ် မောင်းလိုင်စင်လာလုပ်တဲ့ အခါမှာလည်း စရိတ်ကုန်ကျမှုများတော့ လာလုပ်တာနည်းတယ်၊ အခု လို ရွေ့လျားစနစ်နဲ့လုပ်တော့ ပညာလည်း ပေးလို့ရတယ်၊ အခွန်တွေ
လည်း ပိုရှာနိုင်မှာ ဖြစ်ပါတယ်´ဟု တိုင်းဦးစီးမှူး က ပြောသည်။

ရွေ့လျားစနစ်ပြုလုပ်ရာတွင် ယာဉ်မောင်းလိုင်စင်လာလုပ်သူများကို ပညာပေးယုံမျှမက ရေးဖြေ၊ နှုတ်ဖြေ ကောင်းမွန်စွာ ဖြေဆိုနိုင်သူများကို သက်ဆိုင်ရာဌာနစရိတ်ဖြင့် ဆိုက်ကယ် ဦးထုတ်များအား ဆုအဖြစ် ပေး အပ်ချီးမြှင့်လျှက် ရှိကြောင်းကိုလည်း သိရသည်။

“အခုလို နယ်ပိုင်းမှရွေ့လျားစနစ်နဲ့ လိုင်စင်လုပ်ပေးနေတာ ကောင်းပါတယ်၊ ပညာပေးစနစ်တွေလည်း ပါတော့ စည်းကမ်းတွေ သိပြီး ယာဉ်တိုက်မှုနှုန်း သိသိသာသာလျော့ကျလာတာပေါ့”ဟု မန္တလေးမြို့ခံ ကိုနန္ဒက ပြော သည်။

လက်ရှိတွင် ပထမဆုံးအကောင်အထည်ဖော်သည့်အနေဖြင့် မိုးကုတ်မြို့သို့ မန်းကညန မှအရာရှိနှစ်ဦး စေလွှတ်ကာ ယာဉ်မောင်းလိုင်စင်များပြုလုပ်ပေး
ခဲ့ပြီး ယာဉ်မောင်းလိုင်စင်ပေါင်း ၅၀၀နီးပါး လုပ်ဆောင် ပေးခဲ့ကြောင်း သိရသည်။ ထို့အပြင် စဉ်ကူးမြို့၊မတ္တရာမြို့များသို့လည်း ဆက်လက်
အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။

မန္တလေးခရိုင်အတွင်း၌လည်း ယာဉ်မောင်းလိုင်စင်များ အမြန်ဆုံးပြုလုပ်ပေး
လျက်ရှိကြောင်း၊ယာဉ်စည်း ကမ်းတင်းကျပ်ကာ ယာဉ်တိုက်မှုလျော့
နည်းအောင်ပြုလုပ်ပေးလျှက်ရှိကြောင်း၊ ယာဉ်တိုက်မှုအဖြစ်များသည့် နယ်များကို သတ်မှတ်ထားရှိကာ ယာဉ်တိုက်မှုနှုန်းအပေါ်မူ တည်၍
ရွေ့လျားယာဉ်မောင်းလိုင်စင်များကို ပြုလုပ်ပေးသွားရန် စီစဉ်သွား
မည်ဖြစ်ကြောင်းကိုလည်း သိရသည်။

Myit Makha Mediagroup

ယာဉ်မောင်းလိုင်စင် ရွေ့လျားစနစ်ဖြင့် ပြုလုပ်ပေးနေသည့် မန်း ကညန
Monday, February 11, 2013 

ယာဉ်မောင်းလိုင်စင်များကို ရွေ့လျားစနစ်ဖြင့် ဇန်န၀ါရီလ ဒုတိယပတ်မှ
စတင်ကာ အထက်မြန်မာပြည်နယ်မြို့များ၌ လုပ်ဆောင်ပေး လျက်ရှိကြောင်း
 ကုန်းလမ်း သယ်ယူပို့ဆောင်ရေးနှင့်ညွှန်ကြားမှုဦးစီးဌာန (ကညန)တိုင်းဦး
စီးမှူး ဦးသိန်းဦးက ဆိုသည်။ 

နယ်မြို့များတွင် ယာဉ်မောင်းလိုင်စင်ပြုလုပ်ပေးရန်အတွက် ကညနမှ ၀န်ထမ်းများ စေလွှတ်လျက်ရှိရာတွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်းများ သိရှိနားလည်စေရန် ပညာမှုများလည်း ပြုလုပ်လျက်ရှိသလို နယ်မြို့များ တွင် ယာဉ်တိုက်မှုအရေ အတွက်လျော့နည်းသွားစေရန် ရည်ရွယ်၍ ယခုကဲ့သို့ အကောင်အထည်ဖော် ဆောင်ရွက်ရခြင်းဖြစ်ကြောင်းကိုလည်း သိရသည်။ 

`နယ်ဘက်တွေမှာ ဆိုင်ကယ်စီးနှုန်းက များတယ်၊နောက်ပြီးဆိုင်ကယ်လိုင်စင်
ချထားပေးတဲ့အခါမှာလည်း နယ်ဘက်က လုပ်ဆောင်တာ ပိုများတယ်၊ ဒါပေမယ့် ယာဉ်စည်းကမ်းနဲ့ပက်သက်ပြီး အသိပညာသိပ်မရှိဘူး၊ ကိုယ် ဘာသာဖြစ် သလိုသင်၊ဖြစ်သလို စီးတယ်၊ အဲဒီတော့ယာဉ်တိုက်မှုက တိုးလာပါတယ်၊နောက် သူတို့က ယာဉ် မောင်းလိုင်စင်လာလုပ်တဲ့ အခါမှာလည်း စရိတ်ကုန်ကျမှုများတော့ လာလုပ်တာနည်းတယ်၊ အခု လို ရွေ့လျားစနစ်နဲ့လုပ်တော့ ပညာလည်း ပေးလို့ရတယ်၊ အခွန်တွေ
လည်း ပိုရှာနိုင်မှာ ဖြစ်ပါတယ်´ဟု တိုင်းဦးစီးမှူး က ပြောသည်။ 

ရွေ့လျားစနစ်ပြုလုပ်ရာတွင် ယာဉ်မောင်းလိုင်စင်လာလုပ်သူများကို ပညာပေးယုံမျှမက ရေးဖြေ၊ နှုတ်ဖြေ ကောင်းမွန်စွာ ဖြေဆိုနိုင်သူများကို သက်ဆိုင်ရာဌာနစရိတ်ဖြင့် ဆိုက်ကယ် ဦးထုတ်များအား ဆုအဖြစ် ပေး အပ်ချီးမြှင့်လျှက် ရှိကြောင်းကိုလည်း သိရသည်။ 

“အခုလို နယ်ပိုင်းမှရွေ့လျားစနစ်နဲ့ လိုင်စင်လုပ်ပေးနေတာ ကောင်းပါတယ်၊ ပညာပေးစနစ်တွေလည်း ပါတော့ စည်းကမ်းတွေ သိပြီး ယာဉ်တိုက်မှုနှုန်း သိသိသာသာလျော့ကျလာတာပေါ့”ဟု မန္တလေးမြို့ခံ ကိုနန္ဒက ပြော သည်။ 

လက်ရှိတွင် ပထမဆုံးအကောင်အထည်ဖော်သည့်အနေဖြင့် မိုးကုတ်မြို့သို့  မန်းကညန မှအရာရှိနှစ်ဦး စေလွှတ်ကာ ယာဉ်မောင်းလိုင်စင်များပြုလုပ်ပေး
ခဲ့ပြီး ယာဉ်မောင်းလိုင်စင်ပေါင်း ၅၀၀နီးပါး လုပ်ဆောင် ပေးခဲ့ကြောင်း သိရသည်။ ထို့အပြင် စဉ်ကူးမြို့၊မတ္တရာမြို့များသို့လည်း ဆက်လက်
အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။ 

မန္တလေးခရိုင်အတွင်း၌လည်း ယာဉ်မောင်းလိုင်စင်များ အမြန်ဆုံးပြုလုပ်ပေး
လျက်ရှိကြောင်း၊ယာဉ်စည်း ကမ်းတင်းကျပ်ကာ ယာဉ်တိုက်မှုလျော့
နည်းအောင်ပြုလုပ်ပေးလျှက်ရှိကြောင်း၊ ယာဉ်တိုက်မှုအဖြစ်များသည့်  နယ်များကို သတ်မှတ်ထားရှိကာ ယာဉ်တိုက်မှုနှုန်းအပေါ်မူ တည်၍
 ရွေ့လျားယာဉ်မောင်းလိုင်စင်များကို ပြုလုပ်ပေးသွားရန် စီစဉ်သွား
မည်ဖြစ်ကြောင်းကိုလည်း သိရသည်။

Myit Makha Mediagroup

SHARE THIS
Previous Post
Next Post