ဥရောပသုံးနိုင်ငံမှာ နော်ဝေ၊ ပြင်သစ်နှင့် ဒိန်းမတ်နိုင်ငံတို့ဖြစ်ပြီး လာမည့် ဖေဖော်ဝါရီ ၁၄ ရက်မှ စတင်ထွက်ခွာမည်ဖြစ်ကာ ဖေဖော်ဝါရီ ၂၂ ရက်တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိမည်ဖြစ်သည်။
အဆိုပါ ဥရောပသုံးနိုင်ငံ ခရီးစဉ်အတွင်း ကိုမင်းကိုနိုင်က 'ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ကျောင်းသားများ ဘယ်လိုပါဝင် ဆောင်ရွက်နိုင်သလဲ' ခေါင်းစဉ်ဖြင့် နော်ဝေနိုင်ငံ၌ မိန့်ခွန်းပြောကြားမည်ဖြစ်ကာ နော်ဝေနိုင်ငံ၊ အော်စလိုမြို့ရှိ အော်စလိုတက္ကသိုလ်တွင်လည်း နှစ်နာရီကြာ သင်ခန်းစာ ပို့ချသွားမည်ဖြစ်သည်။
အဆိုပါ ခရီးစဉ်တွင် သက်ဆိုင်ရာ နိုင်ငံအသီးသီးမှ နိုင်ငံခြားရေးနှင့် သံတမန်ရေးရာ တာဝန်ရှိသူများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ နိုင်ငံရေး လှုပ်ရှားသူများ၊ ပြည်ပရောက် မြန်မာမိသားစုများနှင့် တွေ့ဆုံမည် ဖြစ်သည်။
ယခုခရီးစဉ်သည် ကိုမင်းကိုနိုင်၏ တတိယမြောက် ပြည်ပခရီးစဉ် ဖြစ်သည်။
၎င်း၏ ပထမအကြိမ် ပြည်ပခရီးစဉ်အဖြစ် ဇန်န၀ါရီ ၁၄ ရက်မှ ၁၈ ရက်ထိ ဖိလစ်ပိုင်နိုင်ငံသို့ လူ့အခွင့်အရေးနှင့် ငြိမ်းချမ်းရေးအတွက် သွားရောက်လေ့လာခဲ့ပြီး ဒုတိယမြောက် ခရီးစဉ်အဖြစ် စင်ကာပူနိုင်ငံသို့ စာပေဟောပြောပွဲ သွားရောက်ခဲ့သည်။
NEW BY: Eleven Media Group