မိမိအနေဖြင့် တစ်ချိန်က အောင်မြင်မှုများ ရယူခဲ့ဖူးသည့် အင်္ဂလန် ပရီးမီးယားလိဂ်သို့ ပြန်လည် အခြေချရန် စိတ်ကူးထားကြောင်း ရီးယဲမက်ဒရစ်မန်နေဂျာ မော်ရင်ဟိုက အတည်ပြု ပြောဆိုခဲ့သည်။ ချယ်လ်ဆီးအသင်းကို အောင်မြင်မှုများစွာ ရှာဖွေပေးခဲ့သည့် ပေါ်တူဂီသား နည်းပြကြီးက တစ်နေ့နေ့တွင် ပရီးမီးယားလိဂ် ကလပ်တစ်ခု၏ မန်နေဂျာ ရာထူးကို ရယူလိုကြောင်း ဝန်ခံခဲ့သည်။ မော်ရင်ဟိုသည် လက်ရှိ စပိန်ချန်ပီယံ ရီးယဲလ်မက်ဒရစ် အသင်းတွင် နည်းပြတာဝန် ယူထားပြီး အသင်းမှ ရာသီကုန်တွင် ထွက်ခွာမည်ဟု သတင်းကြီးနေသည်။
မော်ရင်ဟိုသည် ရီးယဲလ်တွင် ပြဿနာများ ရှိနေကြောင်း သတင်းများက ဖော်ပြလျှက် ရှိနေသလို ပရီးမီးယားလိဂ် ကလပ်အသင်း အချို့ကလည်း ၎င်းကို စိတ်ဝင်စားနေသည်။ "ရီးယဲလ်ကနေ တစ်နေ့နေ့ ထွက်ခွာဖြစ်ရင်တော့ ကျွန်တော် အင်္ဂလန်ကို ပြန်သွားမယ်။ ဘာတွေ ဖြစ်လာမယ် ဆိုတာကိုတော့ ကျွန်တော်တို့ ကြည့်ရမှာပေါ့"ဟု မော်ရင်ဟိုက သတင်းထောက်များအား ပြောကြားခဲ့သည်။ "ကျွန်တော် အင်္ဂလန်မှာ နေရတာကို ကြိုက်တယ်။ ဒါကြောင့် ကျွန်တော့် အလုပ်အတွက် နောက်လာမယ့် ခြေလှမ်းက အင်္ဂလန် ဖြစ်နိုင်တယ်"ဟု မော်ရင်ဟိုက မှတ်ချက်ပြုခဲ့သည်။
၎င်းက မန်ချက်စတာ ယူနိုက်တက် သက်တော်ရှည် မန်နေဂျာကြီး ဆာအဲလက်စ် ဖာဂူဆန် နေရာကို ဆက်ခံသူ ဖြစ်နိုင်ကြောင်း ခန့်မှန်းချက်များကိုမူ ငြင်းပယ်သွားသည်။"မဖြစ်နိုင်ပါဘ
Planet Myanmar